ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 4, 2016

=လူထုကျန်းမာရေး(ရေခဏခဏချိုးတာ ကောင်းရဲ့လား)=

>
+Public Health+  

အများအားဖြင့် လူတိုင်းဟာတစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးရေချိုးဖြစ်အောင် ချိုးလေ့ရှိကြတယ်။
 တချို့ချွေးထွက်များလို့၊ အလုပ်လုပ်ရင်း တစ်ကိုယ်လုံး ညစ်ပတ်သွားလို့ စတဲ့အခြေအနေလေး
တွေကြောင့် 2 ကြိမ်လောက်၊ 3 ကြိမ်လောက်ချိုးရတာမျိုးလည်းရှိတယ်။ ဒီနေရာမှာ ရေချိုးတာနဲ့ 
့ပတ်သက်လို့ ဆေးသိပ္ပံ ပညာရှင်တချို့တွေကတော့ ရေမကြာခဏချိုးပေးတာ ပိုကောင်းတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှုရှိပြီး နေရ ထိုင်ရ ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်လို့ ပြောပြပေမယ့်
လိုအပ်တာထက် အလွန်အမင်းရေချိုးသန့်ရှင်းပါက သင့်အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်း
လာလိမ့်မယ်လို့ သတိပေးကြပါတယ်။ ရေချိုးတိုင်း ဆပ်ပြာတိုက်လိုက်မှ ဆိုတဲ့ အလေ့အထက
 စွဲမြဲနေလေတော့ လူတိုင်းဟာရေချိုးရင် ဆပ်ပြာခဲ သို့မဟုတ် ဆပ်ပြာအရည်အပြင် တချို့ဆိုရင်
 သဲမှုန်လေးတွေပါတဲ့ Scrub အရည်လေးတွေနဲ့ ချေးတွန်းတိုက်ချွတ် တတ်လို့ပါပဲ။
ဆပ်ပြာနဲ့ ပွတ်တိုက်မှုများလေလေ အရေပြားအပေါ်ရံလွှာရှိ အသားအရေကို စိုလက်နေအောင်
 ဖုံးပေးထားပေမယ့် အရေပြားအပေါ်ဆုံးက Dead Cells ခေါ် ခြောက်သွေ့ကွာကျတော့မယ့်
အလွှာတွေကို ပွတ်ချွေချလိုက်သလိုဖြစ်တာမို့ 1 နေ့လျှင် 1 ကြိမ် 2 ကြိမ်လောက် ရေချိုးရင်
 မထောင်းလှပေမဲ့ ရေချိုး ပွတ်တိုက်တဲ့အကြိမ်ရေများလာရင်တော့ အရေပြားထဲက အဆီထုတ်
ပေးတဲ့ မွေးညင်းပေါက်တွေကိုပါ ဒုက္ခရောက်စေလို့ အသားအရေခြောက်ခန်းသွားတတ်ပါသတဲ့။

 တဖန်ရေချိုးပြီး ဆပ်ပြာနဲ့ခန္ဓာကိုယ်အနှံ့ ချေးတွန်းလိုက်ခြင်းကြောင့် အရေပြားပေါ်တင်ကျန်နေတဲ့
အမှုန်အမွှားတွေ၊ ကသိကအောက်ဖြစ်စေတဲ့အရာတွေနဲ့ ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကိုပါ
 ဖယ်ပစ်လိုက်ပါတယ်။ ယခုအခါမှာတော့ ဆပ်ပြာရည်တွေထဲမှာ အရေပြားစိုစိုလက်လက်ဖြစ်စေမယ့် Moisturizer တွေပါ ထည့်သွင်းပေးလာလို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လူတချို့မှာတော့ 
အရေပြားပြဿသနာတွေရှိပါက ရေခဏခဏ ချိုးသင့်လား၊ မချိုးသင့်လား သိရန်လိုပါတယ်။
ဥပမာ - ကလေးတွေမှာ နှင်းခူလို အရေပြားပြဿသနာရှိနေ ပါက ရေချိုးတာ အနာကို
ပြဿသနာဖြစ်လား၊ မဖြစ်လား အငြင်းပွားစရာရှိပါလိမ့်မယ်။
အမေရိကန်သုတေသန တစ်ဖွဲ့ရဲ့ သုတေသနပြုချက်အရ နှင်းခူရှိတဲ့ ကလေးမျိုးကို
 နေ့စဉ်ရေချိုးပေးဖို့ လိုတယ်လို့ အကြံပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေးမိဘတွေအနေဖြင့်
 ဆပ်ပြာအများကြီးမသုံးသင့်ဘူးလို့ ဆိုတယ်။ တိုးတက်လာတဲ့အလျောက်
ထုတ်လုပ်ရောင်းချသူတွေက ကလေးငယ်တွေသုံးဖို့ ကလေးသုံးဆပ်ပြာရည်များ၊
 အသားအရေထိန်း Moisturizer များပါ ထည့်သွင်းရောင်းချနေပါပြီ။ ကလေးမွေးထားတဲ့
 အသိမိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်အောင် ခြင်းကလေး တစ်ခုမှာ ဘူးအမျိုးမျိုးကို
 ရွယ်စုံဆိုက်စုံထည့်ပြီး များများရောင်းကောင်းအောင် စီကာရီကထည့် ပလတ်စတစ်နှင့်
 ပြန်ဖုံး ၍ စတိုးဆိုင်ကြီးတွေရဲ့ စင်တွေပေါ် ခန့်ခန့်ထည်ထည်ရောင်းချေနေတာမြင်နေရပါတယ်။

 တစ်နှစ်အောက်ကလေး ဆိုတာ အင်မတန်မှ နုနယ်လွန်းတာမို့ ကြမ်းတမ်းတဲ့ ဆပ်ပြာတွေနဲ့
သိပ်ထိတွေ့လို့မကောင်းလှပါဘူး။ မိဘတွေအနေနဲ့ ဒီအချက်ကို သတိထားမိချင်မှ
သတိထားမိကြမှာပါ။ တချို့မိဘတွေက ကလေးကိုမွှေးမွှေးသန့်သန့်လေး ဖြစ်စေချင်၊
သူများချီပိုးရင် အနံ့အသက်ကောင်းမှလို့ ယူဆတော့ အသားအရေစို ရနံ့ကုထုံးထည့်သွင်း
ထားတဲ့အဆီရည်တွေ အားရပါးရလိမ်း သို့မဟုတ် ပေါင်ဒါတွေ တအားလူပေးတတ်တဲ့
အလေ့အထတွေ ရှောင်သင့်တယ်လို့ အရေပြားပညာရှင်တွေက သတိပေးနေကြပါပြီ။
 သို့သော် အနည်းငယ်ကို ပုတ်ပေး၊ ခပ်ပါးပါးလူးပေးလို့တော့ ရပါတယ်လို့ အကြံပေးကြ
ပါတယ်။ ဒါကြောင့် အရေပြားပြဿသနာရှိတဲ့သူတွေ လူကြီးရော၊ ကလေးပါနေ့စဉ် ရေမချိုးခင်
 စဉ်းစားဖို့အကြံပေးချင်တာ တစ်ခုကတော့ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာအမြှုပ်ထရေချိုးကန်
ထဲ ရေချိုးခြင်း သို့မဟုတ် ရေချိုးဆပ်ပြာဂျဲလ် အပြင်းစားတွေ မသုံးကြဘဲ ခပ်ပျော့ပျော့
လေးတွေသုံးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေပြားကို ကသိကအောင့်ဖြစ်ခြင်း
အပြင် လူတချို့မှာ အရေပြားရောဂါ ၀ဲနှင်းခူ ရှိပါက ပိုဆိုးဝါးစေတတ်ပါတယ်။

အကောင်းဆုံးကတော့ pH ညှိထားတဲ့ အရေပြားသန့်စင် ဆေးရည်
 (pH balanced skin cleanser) ရှာ၍ ၀ယ်သုံးပေးနိုင်ပါတယ်လို့ သိပ္ပံပညာရှင်များ
က အကြံပေးပါတယ်။ ရေချိုးပြီးတာနဲ့ တဘက်ခြောက်ခြောလေးနဲ့ အရေပြားခြောက်သွေ့ 
အောင် ရေသုတ်ပေးပြီးမှ အရေပြားလိမ်းခရင်မ်များ လိမ်းပေးနိုင်ပါတယ်။ ကျန်းမာတဲ့
သူတွေအနေနဲ့ကတော့ အရေပြားပြဿသနာမရှိရ၊ ဖြစ်မလာရလေအောင်၊ ခန္ဓာကိုယ်လန်းဆန်း
 ပြီး ပေါ့ပါးသွက်လက်လာအောင် ရေမှန်မှန်ချိုးကြရမယ့်အပြင် ညမှာနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေ ရန် ရေကျက်သီးနွေးနွေးလေးတည်ပြီး ချိုးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 Credit:Drmyanmar

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)