ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 30, 2016

=လူထုကျန်းမာရေး(ချင်း စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်)=

>
+Public Health+
 ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုး မှားခြင်းမှ ကာကွယ်ရန် အတွက် ချင်းကို နေ့စဉ် စားသုံး ပေးသင့်သည်။ ဂျင်းတက် အစိုကို အိမ်ရှင်မ များက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးလေ့ ရှိသည်။ ဂျင်းခြောက်ကို ပရဆေး ပစ္စည်း အဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်းပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာ ရောဂါကို ကာကွယ် စေနိုင်သည်ဟု ဖတ်ရှု ရသည်။ ဂျင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အစာ ကြေစေရန် အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။ အအေးပတ်သူနှင့် ရေချိုးမှား သူများ၏ ကိုယ်တွင်း ငုတ်လျှိုးသွားသော အပူဓာတ်ကို ကြေသွား စေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ဂျင်းတက်ကို ခပ်ပါးပါး လှီးဖြတ်ပြီး ဂျင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက် သုံးရွက်တို့ ကိုဆား အနည်းငယ် ထည့်ပြီး ရေနွေး မတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေး သုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံး အကြီးတွင် လောင်းထည့်ပါ။ ဂျင်းပြုတ်ရည် ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူ မှုတ်သောက်ပါ။ မျက်နှာတွင် ချွေးများ စို့လာပြီး အအေးပတ်ခြင်း၊ နှာစေခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များကို ချက်ချင်း သက်သာ စေနိုင်သည်။ အမျိုးသမီးများ၊ ဓမ္မတာ လာချိန်တွင် အအေးပတ်၍ သွေးမဆင်း နိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ အတွက်လည်း ချင်းထန်းလျက် ပြုတ်ရည်သည် ထိရောက်သော ဆေးတစ်လက် ဖြစ်သည်။ ချင်း(ဂျင်း)တက်၏ အပူကြောင့် သွေးဆင်း မှန်ကန် စေသည်။ ထန်းလျက် အမည်းတွင် သံဓါတ် ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင်သည်။ ဂျင်းနှင့် ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထား သင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအား မကောင်းသူများသည် အေးသော ရာသီဥတုတွင် ဂျင်းသုတ်ကို နေ့စဉ် စားသုံး သင့်သည်။ 

ဂျင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံး ရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာ ဖြစ်သည်။ ရှေးတိုင်းရင်း မြန်မာ ဆရာကြီးများက အေးသော ဥတုတွင် အစာကြေပြီး အခိုး ပွင့်စေသည့် (၁)ဂျင်း၊ (၂)ပိတ်ဂျင်း၊ (၃)ငရုတ်ကောင်း ဟူသော အစပ်သုံးပါး စားမည် ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါး ဓါတ်စာအဖြစ် အလွယ်တကူ ရနိုင်သည်။ အအေး ပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက် သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်း တို့ကိုပါ ကာကွယ် နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ 

Credit:မြ၀တီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)