ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 2, 2017

=လူထုကျန်းမာရေး(ညဘက် ခဏခဏဆီးထဆီးသွားရတဲ့ပြဿနာဟာ အစားအသောက်ထဲက အငန်ဓာတ်ကြောင့်ပါ)=

>
+Public Health+
 ညဘက်ကျရင် ဆီးသွားချင်လို့ အိပ်ရာကနိုးလာတတ်တဲ့ သူတွေဟာ ကိုယ့်ရဲ့
အစားအစာတွေမှာ အငန်လျှော့ စားဖို့လိုလိမ့် မယ်လို့ ဂျပန်ဆရာဝန်တွေက
 အကြံပြုပါတယ်။ အသက် ၆၀ ကျော် အရွယ်တွေမှာ အဖြစ်များတဲ့ nocturia ခေါ်
သည်ပြဿနာဟာ လူကြီးတွေကိုအိပ်ရေးပျက်စေပြီး နေထိုင်မှုဘဝကို
ထိခိုက်စေနိုင်ပါတယ်။ ပါဝင်သူ ၃၀ဝ ကျော်ကို လေ့လာခဲ့တဲ့ သုတေသနမှာ
 အငန်လျှော့  စားခြင်းက ဆီးသွားတာနည်းသွားစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
 နာဂါဆာကီတက္ကသိုလ် သုတေသီတွေက လန်ဒန်မြို့ရှိ Eu-ropean Society
of Urology အစည်းအဝေးမှာ သုတေသနတင်ပြခဲ့တာဖြစ် ပါတယ်။
၎င်းတို့က အငန်ကြိုက်တတ်သူတွေ၊ အိပ်စက်ချိန်ပြဿနာရှိနေ သူတွေကို
အငန်လျှော့ စားဖို့အကြံပြုခဲ့ပြီး နောက်သုံးလအချိန်ယူ စောင့်ကြည့်ခဲ့ကြပါတယ်။
ပျမ်းမျှအားဖြင့်တော့ သူတို့ဟာ တစ်ည ကို နှစ်ကြိမ်နဲ့အထက်ဆီးထသွားရတဲ့
 အခြေအနေကနေ တစ်ညကို တစ်ကြိမ်သာသွားရတဲ့အထိ လျှော့ သွားခဲ့တာတွေ့ရပါတယ်။ သည်အခြေအနေက ညဘက်အတွက်သာမကဘဲ နေ့ဘက်မှာပါ သက်ရောက်မှုရှိစေခဲ့ပြီး နေထိုင်မှုဘဝမှာတိုးတက်ကောင်းမွန်လာ တာ တွေ့ရပါတယ်။ ဆန့်ကျင်ဘက်ကတော့ လေ့လာမှုမှာပါဝင်သူတွေအနက် ၉၈ ဦး ကတော့ 
ပုံမှန်ထက်အငန်ပိုစားခဲ့ကြပြီး ညဘက်ဆီးသွားရတဲ့အ ကြိမ်ရေ ပိုများလာတာ
ကိုတွေ့ရပါတယ်။ သည်ဆက်နွှယ်မှုကို အတည်ပြုနိုင်ဖို့ ပိုကျယ်ပြန့်တဲ့
သုတေသနတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုသေးတယ်ဆိုပေမဲ့ 
အခုရလဒ်က သက်ကြီးပိုင်းတွေအတွက် အထောက်အကူဖြစ်စေမယ့်
အကြံ ဉာဏ်ပေးနိုင်လိမ့်မယ်လို့ သုတေသီဒေါက်တာမတ်ဆုအိုတိုမိုဟီရို က
 ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ သည်လိုခံစားနေရသူတွေအနေနဲ့ အိပ်ရာ
မဝင်ခင် သာက်သုံးတဲ့ ရေပမာဏ၊ ဆီးအိမ်နဲ့(အမျိုးသားဆိုရင်)ဆီးကျိတ်ရှိ မရှိကို ဆရာဝန်တွေကအဓိကထားစစ်ဆေးလေ့ရှိပါတယ်။ ညဘက်မှာဆီးအိမ်ထဲ
ရှင်းလင်းသွားအာင်ဆီးထသွားဖို့လိုလာတာက အသက် ၅၀ ကျော်
 အမျိုးသား၊ အမျိုးသမီးထက်ဝက်ကျော်မှာ ကြုံတွေ့ရတတ်ပါတယ်။ သည်အခြေအနေကိုသက်ကြီးပိုင်းအရွယ်တွေမှာ
 တွေ့ရတာများပြီး အများစုဟာတစ်ညကိုအနည်းဆုံးနှစ်ကြိမ် ဆီးထသွားရပါတယ်။ 
ညဘက် သည်လိုခဏခဏထရတဲ့အခါ အိပ်ရေးကပျက်လာပြီး စိတ်ဖိစီးမှုတွေ၊ 
ပင်ပန်းနုံးချည့်တာတွေ၊ စိတ်မကြည်လင်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

 လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအ လဲတွေဖြစ်လာပြီး 
ညဘက်မှာ ခန္ဓာကိုယ်က ဆီးတွေပိုထုတ်လုပ် လာပါတယ်။ ဒါပေမဲ့ 
အသက်ကြီးရင့်မှုကြောင့်ချည်းတော့ မဟုတ်ပါ ဘူး။ Nocturia အခြေအနေရဲ့
 နောက်ကွယ်မှာဆီးချိုရောဂါ၊ နှလုံးနဲ့ ဆိုင်တဲ့ပြဿနာတွေ ဒါမှမဟုတ် 
sleep apnoea တို့လိုအကြောင်း ရင်းခံရောဂါတွေရှိနေနိုင်ပါတယ်။ 

[ref: BBC, Mar 26, 2017.] 

ကုမုဒြာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)