ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 23, 2017

=လူထုကျန်းမာရေး (မြန်မာနိုင်ငံ ရာသီဥတုနှင့် ဝိုင်သောက်သုံးခြင်း)=

>
+Public Health+
**ဝိုင်သောက်ခြင်း, ဝိုင်, မြန်မာ, လူငယ်**

 ဆယ်ကျော်သက် လူငယ်များအကြား နိုင်ငံခြား ယဉ်ကျေးမှု
 (အထူးသဖြင့် ကိုရီးယား ဇာတ်လမ်းတွဲများ) က လွှမ်းမိုးလာမှုကြောင့်
လူငယ်တွေဟာ အသားအရေလှပဖို့ ဝိုင်သောက်တဲ့ အလေ့အထ ရှိလာတာနဲ့
ပတ်သက်ပြီး The Voice က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အထူးအရေပြား
 ရောဂါကုဌာနက အရေပြား အထူးကုဆရာဝန်ကြီး ဒေါက်တာလင်းထက်ကို
 တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

 Voice : ဆယ်ကျော်သက် လူငယ်တွေကြား နိုင်ငံခြား ယဉ်ကျေးမှုကိုကြည့်ပြီး
အရွယ်တင် နုပျိုတယ်ဆိုပြီး ဝိုင်သောက်နေကြတယ်။ ဒါဟာ ဒီနိုင်ငံ ရာသီဥတုနဲ့ဆို
 သင့်တော်ပါသလား။ တကယ်ရော အရွယ်တင် နုပျိုနိုင်မလား ဆရာ။

Dr.LH : အရက်သမားကတော့ နုပျိုနေတာပဲလို့တော့ တစ်ယောက်မှ မတွေ့ဖူးဘူး။
သူက ဘယ်လောက်သောက်မှာတုန်း ပမာဏတွေတော့ ရှိမှာပေါ့။ ဝိုင်ထဲမှာပါတဲ့
 အယ်လ်ကိုဟော ပမာဏတွေတော့ ရှိမယ်။ အယ်လ်ကိုဟော ပမာဏ နည်းနည်းက
 သွေးလည်ပတ်မှု ကောင်းစေတယ်။ အဲဒါဟာလည်း နေရာဒေသပေါ် မူတည်သေးတယ်။ အရမ်းအေးတဲ့နေရာမှာ အေးလွန်းတော့ သွေးကြောတွေက ကျုံ့ သွားတယ်။ အရေပြားက သွေးကြောတွေလည်း ကျုံ့သွားတယ်။ ခန္ဓာကိုယ်ထဲက အပူထွက်အောင်
လုပ်ရတယ်။ Metabolism ဆိုတဲ့ဖြစ်ခြင်း၊ ပျက်ခြင်းတွေက လျှော့ သွားတယ်။
အဲဒီလို လျှောလာရင် အရေပြားတွေက အဆင်မပြေဘူး။ သွေးကြောတွေက
 ရာသီဥတုအေးရင် ကျဉ်းသွားတယ်။ အယ်လ်ကိုဟောသောက်ရင် သွေးကြောက
နည်းနည်း ပြန်ကျယ်တော့ သူတို့ (တခြားအေးတဲ့ နိုင်ငံ) အတွက်တော့
 အထောက်အကူ ပြုတာပေါ့။ ဆရာတို့လို အရမ်းပူအိုက်တဲ့နိုင်ငံမှာ
အရက်သောက်တဲ့ သွေးကြောတွေက ပိုပြီးတော့တောင် ကျယ်ကုန်ပြီး အ
ဆင်မပြေဖို့များတာပေါ့နော်။ သူ့သဘာဝနဲ့ ကိုယ့်သဘာဝ မတူဘူး။ ဒီနိုင်ငံမှာက
 အသည်းကို ပျက်စီးစေတဲ့ အကြောင်းအရာတွေ အများကြီးပဲ။ အခုစားနေတဲ့
အစားအစာတွေမှာ ဆိုးဆေးတွေကလည်းပါသေး။ အဲဒါကို အရက်သောက်ရင်
အသည်းကို ပျက်စီးစေမှာပဲ။ တခြားနိုင်ငံက လူတွေကျတော့ ဒီလောက်လေး
 သောက်ရုံလောက်နဲ့ အသည်းကို မပျက်စီးစေနိုင်သေးဘူး။ သူများက
 ဒီလောက်သောက်ရင် ရပေမယ့်
ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားက ရှိသေးတယ်။  

Voice : ထမင်းမစားခင်၊ ထမင်းစားပြီး အရက်၊ ဝိုင်သောက်ကြတာကရော
 ဘယ်လိုဖြစ်နိုင်မလဲဆရာ။

 Dr.LH : စားပြီးသောက်ရင် ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ အယူအမှားက
 ရှိသေးတယ်။ ဘယ်လောက် သောက်မှာတုန်းဆိုတာက ရှိသေးတယ်။ 
သူတို့က အစာခြေဖျက်မှုတွေကို အားပေးတာ ရှိတယ်။ သွေးလည်ပတ်မှုကို
 ကောင်းစေတယ်ဆိုတာလည်း ရှိတာကိုး။ အဲဒါက ပမာဏ နည်းနည်းလေးပါ။ 
အများကြီး မဟုတ်ဘူး။ သူတို့စားတဲ့ အစားအစာနဲ့ ကိုယ်စားတဲ့အစာမတူဘူး။ 
သူများကောင်းတယ်ဆိုတိုင်း ကိုယ်လိုက်ကောင်းလို့ မရဘူး။ အသည်းပျက်စီးရုံပဲရှိမယ်။ အယ်လ်ကိုဟောကလည်း နည်းနည်းပါးပါးပဲ 
လက်ခံလို့ရတဲ့သဘောပါ။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
 ယောကျာ်း၊ မိန်းမမှာကို မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက် စုပ်ယူမှု
အားလည်းမတူဘူး။ ခြေဖျက်မှုလည်း မတူဘူး။ အရွယ်တင်အောင်ဆိုတာ
ကလည်း အန္တာတိကလို နေရာက သောက်ရင်တော့ တင်နိုင်တာပေါ့။ 
ဘာလို့တုန်းဆိုတော့ အရမ်းကိုအေးပြီး အရေပြားက ခြောက်နေတဲ့အတွက် 
အရေပြားတွေ ပျက်စီးနိုင်တယ်။ ဒီနိုင်ငံမှာ အရမ်း ပူအိုက်နေတာကို သောက်ရင်
တော့ မျက်နှာကြီးတွေ နီရဲတွတ်လာပြီး အရွယ် သိပ်တင်စရာမမြင်ဘူး။ 

Voice : အချုပ်ပြောရရင်တော့ ဒီနိုင်ငံက ရာသီဥတုနဲ့ ဝိုင်သောက်တာက
 အရွယ်တင်နုပျိုတာနဲ့ မဆက်စပ်ဘူးပေါ့။

 Dr.LH : အေးပေါ့။ ဒီနိုင်ငံရဲ့ ရာသီဥတုနဲ့ အရွယ်တင်တာနဲ့ ဝိုင်သောက်တာ
နဲ့ သိပ်မဆိုင်ဘူး။ သူတို့နဲ့ကတော့ ဆိုင်ချင်လည်းဆိုင်မှာပေါ့။ သူတို့ 
အရေပြားတွေက ကြမ်းကြမ်းကြီးတွေ။ ဖြူမယ့်သာ ဖြူနေတာ။ မြန်မာတွေက
 အဲဒီလောက်မှ မကြမ်းတာ။ 

Voice : အရွယ် တင်နုပျိုအောင်နေဖို့ရော 
ဆရာ့အနေနဲ့ ဘယ်လို တိုက်တွန်းချင်ပါသလဲ။ 

Dr.LH : ကျန်းမာတဲ့ အသားအရေဖြစ်ဖို့က အဓိကကတော့ နေရောင် 
မထိအောင် နေရမယ်။ ဘာလို့ဆို နေရောင်က အသားအရေ ပျက်စီးစေတာ။
 နောက်တစ်ခုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားဖို့။ 
ကျွန်မကတော့ စားတာပဲ။ အကင်ဆိုင်မှာ ပရိုတင်းအသားဓာတ်ကို စားတာပဲ။
 မကောင်းဘူးနော်။ စားတာပဲ အိမ်မှာ ချက်စားလိုက်တာပဲ။ စားအုန်းဆီနဲ့။
 စားအုန်းဆီနဲ့ ချက်စားတာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဘယ်လောက်
ပြောနေနေ အရင်အစိုးရကစပြီး မျက်ကွယ်ပြုထားတာ အခုအစိုးရထိပဲ။
 ပြည်သူတွေက ငတ်ကုန်ကြတာကိုး။ ဒါကြီးမှ မစားခိုင်းရင်လည်း ငါတို့က 
ဘာလုပ်ပေးနိုင်မှာတုန်းဆိုပြီး မျက်စိပိတ်နေကြတာ။ ပြည်သူအပေါ် 
ဘယ်လောက်ကောင်းတဲ့ အစိုးရလဲဆိုတာ ကြည့်သာကြည့်တော့။ 
စားအုန်းဆီက မချေဖျက်နိုင်တဲ့ ကိုလက်ထရောတွေပါဝင်လို့ စားသုံးရန် 
မသင့်ဘူးလို့ အရင်အစိုးရက အတိအလင်း ကြေညာထားပေမယ့် ပြည်သူက
 စားအုန်းဆီ မစားရင် ဘာတွေစားကြရမှာတုန်းဆိုပြီး မျက်စိပိတ်ထားကြတာ။
 ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ဟင်းသီး ဟင်းရွက်ဆီတွေ စားလို့ ရပါတယ်။

 Voice : ပြည့်ပြည့်စုံစုံ ဖြေပေးတာ ကျေးဇူးတင်ပါဆရာ။ 

by ရလေး/the voice

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)