ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 10, 2017

=လူထုကျန်းမာရေး(စမုန်နက် ရေနွေးကြမ်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၅ ချက်)=

>
+Public Health+
 စမုန်နက်လက်ဖက်ရည်ကို ရှေးဂရိတွေ လက်ထက်ကတည်းက
 ဆေးဝါးအ ဖြစ် အနေနဲ့ရော ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ပါ
အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အစာချေဖျက်နိုင်စွမ်းနည်းတဲ့သူတွေ၊
 လေပွတတ်တဲ့သူတွေအတွက် စမုန်နက် လက် ဖက်ရည်က
သင့်တော်ပါတယ်။

 (၁) အစာအိမ်အူလမ်းကြောင်းဝေဒနာများ။

စမုန်နက်ရေနွေးကြမ်းကို အသုံးအ များဆုံးနည်းလမ်းတစ်ရပ်ကတော့
ရင်ပူတာကို ကုသဖို့အတွက် အသုံးပြုတာဖြစ် ပါတယ်။ အစာမကြေဘူး
လို့ ခံစားရတဲ့အခါမျိုးမှာ စမုန်နက်ရေနွေးကြမ်းတစ်ခွက်
 လောက်သောက်တာမျိုးပဲဖြစ်ဖြစ် ၊ စမုန် နက်အစေ့အနည်းငယ်ကို
 ဝါးစားတာမျိုး ပဲဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။

(၂) အမျိုးသမီးကျန်းမာရေး။

စမုန်နက်ကို လိင်စိတ်မြှင့်တင်ပေးဖို့ အတွက်လည်း အသုံးပြုသလို
 နို့တိုက် မိခင်တွေမှာလည်း နို့ရည်လိုက်စေဖို့အတွက် အသုံးပြုလေ့
ရှိပါတယ်။

 (၃) အစာချေစနစ်ကို ကောင်းမွန်စေခြင်း ။

စမုန်နက်ကို အစာဖျက်ဆေးရယ်လို့ အမွှမ်းတင်ခေါ်ဝေါ်လေ့ရှိကြပါတယ်။
စမုန် နက်က အစာခြေလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေပြီး
ဗိုက်အောင့် တာနဲ့ လေထတာကို သက်သာစေနိုင်ပါ တယ်။

  (၄) ပိုးမွှားတွေကို သေစေနိုင်ခြင်း။ 

စမုန်နက်ရေနွေးကြမ်းက အစာအိမ်နဲ့ အူလမ်းကြောင်းထဲက အက်ဆစ်ပမာဏ
 ကို လျှော့ ချပေးနိုင်သလို အူတွေထဲမှာရှိတဲ့ သန်ကောင်တွေနဲ့ 
ဘက်တီးရီးယားတွေကိုလည်း သုတ်သင်ရှင်းလင်းပေးနိုင် ပါတယ်။ 

(၅) လေထိုးလေအောင့်ဝေဒနာ။

 စမုန်နက်လက်ဖက်ရည်ဟာ ကလေးငယ်တွေအတွက်လည်း ဘေးဥပဒ်
မဖြစ်ပါဘူး။  ကလေးငယ်အနေနဲ့ လေထိုးလေ အောင့်ဝေဒနာခံစားရတဲ့
အခါ စမုန်နက် လက်ဖက်ရည်တိုက်ပေးတာက ကလေးရဲ့ အစာအိမ်နဲ့ 
အူလမ်းကြောင်းတွေကို သက်သောင့်သက်သာဖြစ်စေမှာဖြစ်ပါတယ်။ 

(၆) သွေးသန့်စေခြင်း။

 စမုန်နက်ရေနွေးကြမ်းက ကျန်းမာဆီးရွှင်စေပြီး အရက်ကြောင့် အသည်း
 ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်သလို အသားဝါရောဂါတွေကိုလည်း
 ကုသပေးနိုင်စွမ်းရှိပါတယ်။

 (၇) ကိုယ်အလေးချိန် ကျစေခြင်း။

 စမုန်နက် ရေနွေးကြမ်းက အရေပြား အောက်က အလွှာထဲမှာ ရေအိတ်လေးတွေ
 စုဖွဲ့ဖြစ်ပေါ်တာကို လျှော့ ချရောမှာ အထောက်အကူပေးနိုင်တာကြောင့် 
ကိုယ်အလေးချိန် လျှော့ ချဖေို့အတွက် သုံးသင့်တဲ့ အကောင်းဆုံးသော
 လက်ဖက်ရည်တွေထဲက တစ်ခုဖြစ်ပါတယ်။

 (၈) အဆစ်အမြစ်တွေ ရောင်ရမ်းတာ။ 

ခန္ဓာကိုယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စမုန်နက်ရေနွေးကြမ်းနဲ့
 ဆေးကြော ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက တစ်သျှူးေ
တွနဲ့ အဆစ်တွေရဲ့ 
ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အဆစ်အမျက်တွေ ကိုက်ခဲတာနဲ့
 ဂေါက်ရောဂါတွေကို သက်သာစေပါတယ်။ 

(၉) ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း။ 

 ကျန်းမာသန်စွမ်းတယ်လို့ ခံစားနိုင်ဖို့ က ဘက်တီးရီးယားနဲ့  ရောဂါပိုးမွှားတွေကို
 တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်တဲ့ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်
 ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ စမုန်နက်ရေနွေးကြမ်းက အဖျားကျအောင် 
အ ထောက်အပံ့ပေးသလို လည်ချောင်းနာ သက်သာအောင်လည်း 
အကူအညီပေးပါတယ်။ 

(၁၀) မျက်စိကျန်းမာရေး ကောင်းမွန်စေ။

 တစ်ခါတလေမှာ ညဘက်မှာ ကောင်း ကောင်းမအိပ်ရ ဘဲ မနက်ခင်းမှာ
 နိုးထ လာတတ်ပါတယ်။ စမုန်နက်ရေနွေးကြမ်း ရေနွေးကြမ်းထဲကို
 ဝါဂွမ်းစနှစ်ပြီး မျက်ခွံပေါ်မှာ ၁၀ မိနစ် လောက်ထားပေးပါ။  မျက်လုံးကို
 လန်းဆန်း သွားစေပြီး မျက်လုံးတစ်ဝိုက်မှာ ဖြစ် ပေါ်တတ်တဲ့ အရည်အိတ်
တွေ ဖြစ်ပေါ်မှု ကို လျှော့ ချပေးနိုင်သ လို မျက်စိနာတာလို မျိုး မျက်လုံးမှာဖြစ်
 ပေါ်တတ်တဲ့ ကူးစက် ရောဂါတွေကိုလည်း ကုသပေးနိုင်ပါ တယ်။ 

(၁၁) ဟော်မုန်းထိန်းညှိပေးခြင်း။

 စမုန်နက်က ကျန်းမာသန်စွမ်းတဲ့ အသည်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏကို သင့်တော်တဲ့အနေအထားရအောင် ထိန်းညှိ ပေးပါတယ်။ 

(၁၂) နှလုံးပိုမိုကျန်းမာလာစေခြင်း။

 စမုန်နက်ရေနွေးကြမ်းမှာ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်စွမ်းရှိအောင် ထောက်ပံ့ပေးနိုင်တဲ့ ဗီတာမင်တွေနဲ့ 
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါ တယ်။

 (၁၃) အသက်ရှူလမ်းကြောင်းရောဂါတွေ။ 

 စမုန်နက်မှာ ပါဝင်တဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့
အစွမ်းသတ္တိက အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ကူးစက်မှု
ဝေဒနာတွေကို ကုသရာမှာ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ 

(၁၄) သွားဖုံးကျန်းမာစေခြင်း။

 စမုန်နက်ရေနွေးကြမ်းနဲ့ ပလုတ်ကျင်းပေးပါက သွားဖုံးရောင်ရမ်း
တာကို သက် သာစေသလို ခံတွင်းအနံ့ဆိုးတာကိုလည်း သက်သာစေပါတယ်။

 (၁၅) မိခင်ကျန်းမာရေးကို ကောင်းမွန်စေ။ 

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စမုန်နက်လက်ဖက်ရည်ကို သောက်သုံး
ပေးပါက ကိုယ်ဝန်ဆောင်ကာလအတွင်း ပျို့အန်တာကို သက်သာစေမှာ
ဖြစ်တဲ့အ ပြင် ရင်သားနာကျင်တာနဲ့ အခြားကူးစက် ဝေဒနာတွေကနေလည်း
 ကင်းဝေးစေမှာ ဖြစ်ပါတယ်။ အဝတ်စတစ်စမှာ စမုန်နက် ရေနွေးကြမ်းကို 
ဆွတ်ပြီး နာကျင်နေတဲ့နေရာကို တစ်နေ့ကို သုံးကြိမ်ကပ်ပေးပါ။  
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စမုန်နက် ရေနွေးကြမ်းကို တစ်နေ့ကို
 နှစ်ခွက် ကနေ လေးခွက် ပိုမိုမသောက်သုံးသင့်ပါဘူး။ 

*စမုန်နက်ရေနွေးကြမ်းပြုလုပ်ပုံ*

 စမုန်နက်အစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အမှုန့်ကြိတ်ပါ။  စမုန်နက်စေ့
 ကို ကြိတ်တဲ့အခါ အရသာနဲ့ အဆီတွေ ထွက်ပေါ်လာပါလိမ့်မယ်။ အဲသည်နောက်
 ကြိတ်ထားတဲ့ စမုန်နက်စေ့တွေကို လက်ဖက်ရည်စစ်တဲ့ဆန်ခါထဲမှာ ထည့်ပြီး
 ရေနွေးဆူဆူတစ်ခွက်စာကို အပေါ်ကနေ လောင်းချပေးလိုက်ပါ။  စမုန်နက်စေ့တွေ
ကို ရေနွေးထဲမှာ ခုနစ်မိနစ်ကနေ ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။  အဲသည်နောက်မှာ
 တော့ ဆန်ခါစစ်ကိုဖယ်ပြီး ရေနွေးကြမ်း ခပ်နွေးနွေးကို သောက်သုံးလို့ရပြီဖြစ်ပါ တယ်။ စမုန်နက်ရေနွေးကြမ်းသောက်သုံးတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားတာနဲ့ အဖုအပိမ့်တွေထွက်လာခဲ့မယ် ဆိုရင်တော့ စမုန်နက်ရေနွေးကြမ်းကို ဆက်လက်
မသောက်သုံးဘဲ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။ 

+မအေးသီမွန်+

 [ref: curejoy, May 6, 2017]

 ကုမုဒြာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)