ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 28, 2017

=လူထုကျန်းမာရေး(သင်မသိသေးတဲ့ baby powder ရဲ့ အသုံးဝင်ပုံများ)=

> +Public Health+ 

လူအများစုဟာ ကလေးလိမ်းတဲ့ပေါင်ဒါ (baby powder)တွေဟာ ကလေး တွေအတွက် သီးသန့်သာထင်ပြီး ၄င်းတို့ရဲ့ အစွမ်းထက်ပုံနဲ့ အသုံးဝင်ပုံတွေကို မသိရှိကြသေးတဲ့အတွက် ၄င်းကို အသုံးပြုပြီး နေ့စဉ်ဘ၀ထဲက အခက်အခဲလေး တွေကို ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်တောင်ထူထူရရှိရန် အသုံးပြုနိုင်ခြင်း။

 မျက်တောင်ကို မျက်တောင်ကော့ဆေး (mascara) ပထမတစ်ထပ် တင်ပြီးတဲ့အခါ
baby powder အနည်းငယ်ကို ဂွမ်းတုတ် သို့မဟုတ် ဘရပ်ရှ်အသေးစားလေး အသုံးပြုပြီး
 မျက်တောင် တွေပေါ်မှာ သုတ်လိမ်းလိုက်ပြီး အပေါ်က mascara နောက်တစ်ထပ်
ထပ်အုပ်လိုက်ြ်ခင်းအားဖြင့် မျက်တောင် တွေကို ပိုမိုကော့ညွတ် ရှည်လျားပြီး ထူထူကလေး ဖြစ်နေစေပါလိမ့်မယ်။

 ၂။ ဆွဲကြိုးထုံးခြင်း၊ ရှုပ်ထွေးခြင်းအတွက် အသုံးပြုနိုင်ခြင်း။

 ဆွဲကြိုးတွေ အထုံးထုံးသွားခြင်း၊ သို့မဟုတ် အချင်းချင်း လိမ်ယှက်ပြီး ရှုပ်ထွေးခြင်းအတွက်
 ပေါင်ဒါမှုန့်အနည်းငယ်ကို ဖြူးပြီး လက်ချောင်းတွေနဲ့ အသာလေး ပွတ်တိုက်ပေးခြင်းဖြင့်
အလွယ်တကူ ဖြေလို့ရနိုင်ပါတယ်။

၃။ Dry Shampoo အဖြစ် အသုံးပြုနိုင်ခြင်း။

ဆံသားတွေ စေးကပ်ညစ်ပေနေပြီး ခေါင်းလျှော်ရန် အချိန်မရှိတဲ့အခါ ဒီနည်းလမ်းကို
 အသုံးပြုနိုင်ပါတယ်။ ခေါင်းပေါ်ကို baby powder အနည်းငယ် ဖြူးပေးပြီး ဆံသား
အရင်းပိုင်းတွေနဲ့ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးကာ ပေါင်ဒါမှုန့် များ
မမြင်ရတော့တဲ့အထိ ခေါင်းဖြီးချလိုက်ခြင်းအားဖြင့် ခေါင်းလျှော်ပြီးစ ဆံနွယ်အလား သန့်ရှင်းတဲ့ဆံနွယ်တွေကို အချိန် အနည်းငယ်အတွင်း ရရှိနိုင်ပါလိမ့်မယ်။  

၎။ အ၀တ်အထည်များမှ ဆီကွက်အစွန်းများကို ပျောက်စေခြင်း။ 

အ၀တ်အထည်တွေပေါ်ကို မတော်တဆ ဆီကွက်တွေ စွန်းထင်းသွားပါက
 အစွန်းကွက်နေရာရဲ့ အပြင်ဘက်နဲ့ အတွင်းဘက် နှစ်ဘက်စလုံးကို baby powder
 အနည်းငယ် ဖြူးပေးပြီး လက်နဲ့ အသာအယာ ပုတ်ပေးပါ။ အဆီတွေကို စုပ်ယူစေနိုင်ဖို့ 
တစ်နာရီခန့် ထားပြီးရင်တော့ လျှော်ဖြွတ်ပြီး နေရိပ်ထဲမှာ အခြောက်လှမ်းထားလိုက်ပါ။
 ရုပ်ဆိုးတဲ့ ဆီကွက် တွေကိုဖယ်ရှားပြီးသား ဖြစ်သွားစေပါလိမ့်မယ်။ 

၅။ ဖိနပ်နဲ့ ခြေထောက်မှာ ကပ်ငြိနေတဲ့ သဲတွေကို ဖယ်ရှားပေးခြင်း။ 

 ကမ်းခြေတွေ အလည်သွားတဲ့အခါ ခြေထောက်တွေနဲ့ သင့်ရဲ့ ရှုးတွေမှာ 
သဲတွေ ပေကျံကုန်ပါက ရေနဲ့ဆေးချစရာမလိုဘဲ baby powder ကို 
အသုံးပြုနိုင်ပါတယ်။ ခြေထောက်ပေါ်ကို ပေါင်ဒါအနည်းငယ် ဖြူးချလိုက်ခြင်း
အားဖြင့် အရေပြားက အစိုဓာတ်ကို စုပ်ယူသွားတဲ့အခါ သဲတွေ အလိုလျောက်
 ခါချပြီးသား ဖြစ်သွားစေပါလိမ့်မယ်။ ဒါ့အပြင် ရှုးတွေမှာ သဲတွေ ကပ်နေတဲ့အခါ
 ရေနဲ့ဆေးချပါက ရှုးကို ပျက်စီးထိခိုက်စေနိုင်တဲ့ အတွက် သဲပေနေတဲ့နေရာတွေကို
 ပေါင်ဒါဖြူးချလိုက်ပြီး ခါချလိုက်ခြင်းအားဖြင့် သဲများ ပြောင်စင်သွားပါလိမ့်မယ်။
 ဒီနည်းလမ်းကို ကားတွေမှာ သဲတွေ ကပ်နေရင်လည်း အသုံးပြု နိုင်ပါသေးတယ်။ 

 ၆။ အိပ်ရာခင်းတွေကို သင်းပျံ့စေခြင်း။

 အိပ်ရာခင်းတွေကြားမှာ baby powder အနည်းငယ်စီ ဖြူးပေးခြင်းဖြင့် 
သင်းပျံ့လန်းဆတ်တဲ့ရနံ့ကြောင့် အလွယ်တကူ အိပ်ပျော်စေနိုင်ပါလိမ့်မယ်။

 ၇။ လည်သာအ၀တ်အထည်တွေကို သစ်လွင်တောက်ပစေခြင်း။ 

လည်သာ အ၀တ်အထည်တွေဟာ တောက်ပပြောင်လက်နေပါမှ ကြည့်ရ
 အဆင်ပြေစေပါတယ်။ ဒါ့အတွက် နည်းလမ်း တစ်ခုကတော့ baby powder
 အနည်းငယ်ကို ၄င်းအပါ် ဖြူးပေးပြီး နူးညံ့တဲ့ ချည်သားအ၀တ်တစ်ခုနဲ့ ပွတ်တိုက်ပေး ခြင်းပါပဲ။ 

၈။ အိမ်မွေးတိရစ္ဆာန်များအတွက် အသုံးပြုနိုင်ခြင်း။

 သင့် အိမ် က အိမ်မွေးတိရစ္ဆာန် တွေကို ခဏခဏ ရေချိုးပေးဖို့ အချိန်မရတဲ့အခါ ၄င်းတို့ရဲ့ 
အမွှေးပေါ် baby powder ဖြူးပေးပြီး အသားထဲစိမ့်ဝင်တဲ့အထိ ပွတ်သပ်ပေးခြင်းအားဖြင့် သင့်အချစ်တော်လေးတွေကို မွှေးပျံ့လန်းဆန်းပြီး သန့်ရှင်း နေစေပါလိမ့်မယ်။ သို့သော် မျက်လုံးနဲ့ နှာခေါင်းတွေထဲ မ၀င်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ 

 ၉။ waxing (ဖယောင်းဖြင့် အမွှေးနုတ်ခြင်း) လုပ်တဲ့အခါ အဆင်ပြေစေခြင်း။

 waxing လုပ်မယ့်နေရာကို baby powder အနည်းငယ် လိမ်းပေးထားခြင်းအားဖြင့်
 wax တွေကို အသားနဲ့ ပိုမိုကပ်စေး သွားစေပြီး ပြန်ခွာတဲ့အခါမှာလည်း နာကျင်မှုကို
 သက်သာစေနိုင်ကာ သင့်အသားအရေကို ချောမွေ့နူးညံ့စေပြီး waxing လုပ်ပြီးတဲ့အခါ
 ဖြစ်လေ့ရှိတဲ့ စပ်ဖျင်းဖျင်းဖြစ်ခြင်းနဲ့ နီရဲခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

 ၁၀။ အိမ်မွေးတိရစ္ဆာန် များရဲ့ ကျင်ငယ်အနံ့ကို ဖျောက်ဖျက်နိုင်ခြင်း။ 

 သင့် အိမ် က အချစ်တော် ခွေးလေး ၊ကြောင်လေးတွေ ဈေးကြီးတဲ့ ကော်ဇောပေါ်နဲ့ 
ပရိဘောဂတွေမှာ ကျင်ငယ်စွန့်လိုက်တဲ့ အခါ အနံ့ဖျောက်ဖျက်နိုင်အောင်
 baby powder ကို အသုံးပြုနိုင်ပါတယ်။ ကျင်ငယ် စွန့်လိုက်တဲ့နေရာမှာ
 baby powder အနည်းငယ် ဖြူးချလိုက်ပြီး တစ်နာရီခန့် ကြာတဲ့အခါ ထိုနေရာကို 
ဖုန်စုပ်စက်နဲ့ ရှင်းလင်းလိုက်ပါ။ ကျင်ငယ် အနံ့များ စွဲထင်ကျန်နေခြင်းက 
ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

 Credit : AuntyMay 

လွင်ပြင်

+Public Health+ 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)