ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 25, 2017

=လူထုကျန်းမာရေး(သတိမထားဘဲစားမိရင် အဆိပ်သင့်စေနိုင်တဲ့ အစားအစာ-၆မျိုး)=

>
 +Public Health+ 
ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ
သတိမထားမိဘဲ စားလိုက်မိရင်အစာအဆိပ်သင့်စေနိုင်တဲ့ အစားအစာတွေရှိပါတယ်။
အစားများမယ်ဆိုရင် ဗိုက်အောင့်တာတို့၊ အော့အန်တာတို့၊ မူးလဲတာတို့ဖြစ်စေနိုင်ပြီး
အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။ အဲဒီအစားအစာတွေ
က ဘာတွေလဲဆိုတော့ ..................................

၁။ ပဲကြီးစေ့။
ကျနော်တို့ဆီမှာတော့ ပဲကြီးစေ့လို့ခေါ်တဲ့
 Red kidney beans ပဲဟာ အနီရောင်ကျောက်ကပ်ပုံစံရှိပြီး ကျန်းမာရေးနဲ့
ညီညွတ်တယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အဲဒီပဲကြီးစေ့ကို မစားသုံးခင်
 ရေထဲမှာ အနည်းဆုံး (၁၀) မိနစ်လောက်ကြာအောင် ပြုတ်ပေးဖို့လိုအပ်ပါတယ်။
မဟုတ်ရင် phytohaemagglytinin လို့ခေါ်တဲ့ အစိတ်အပိုင်းကြောင့် အဆိပ်သင့်
စေနိုင်ပါတယ်။ တကယ်လို့ ပဲကြီးစေ့ကို ရေထဲမှာမပြုတ်ဘဲ တစ်ခြားပါဝင်ပစ္စည်း
တွေနဲ့ရောပြီး တန်းချက်ပြုတ်လိုက်တာက အထဲမှာပါဝင်တဲ့အဆိပ်ကို
 ပိုပြီးတောင်ပြင်းထန်စေပါတယ်။ နောက်ပြီး ပဲကြီးစေ့ကိုအစိမ်းစားမိရင်
 အစာအဆိပ်သင့်စေနိုင်လို့ ကလေးတွေနဲ့ဝေးရာမှာထားသင့်ပါတယ်။

၂။ ဇာတိပ္ဇိုလ်သီး။

 ဇာတိပ္ဇိုလ်သီး ကို ထောင်းထားတဲ့အမှုန့်ကို နေရာတော်တော်များများမှာ
 သုံးကြပါတယ်။ ကိတ်မုန့်ဖုတ်တာတို့၊ ကော်ဖီဖျော်တာတို့မှာလည်း ထည့်သုံး
တတ်ကြပါတယ်။ နည်းနည်းလေးထည့်တာ ပြဿနာမရှိပေမယ့် များသွားရင်
 ခေါင်းကိုက်တာတို့၊ မူးဝေတာတို့၊ အော့အန်ချင်တာတို့ ဖြစ်စေတတ်ပါတယ်။
 အဲဒါဘာလို့လဲဆိုတော့ ဇာတိပ္ဇိုလ်သီးစေ့ထဲမှာပါတဲ့ myristicin ဆိုတဲ့
ဓာတ်တစ်မျိုးကြောင့်ပါပဲ။ ဒါကိုလည်း ကလေးတွေလက်လှမ်းမီရာနေရာတွေမှာ
 မထားသင့်ပါဘူး။

 ၃။ ဘရာဇီးပဲစေ့။

 ဘရာဇီးပဲစေ့ မှာတော့ selenium လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါပြီး ပမာဏများရင်
 အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘရာဇီးပဲစေ့ ကို တစ်နေ့ (၃) စေ့ထက် ပိုမစားဖို့အကြံပေးထားပါတယ်။ သစ်စေ့တွေကို စားခြင်းဟာ ကျန်းမာရေးအတွက်
ကောင်းတယ်ဆိုပေမယ့် သူတို့မှာလူကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေလည်း
 ပါဝင်တော့ မစားခင်သတိထားသင့်ပါတယ်။

 ၄။ တရုပ်ဆီးသီး၊

မက်မွန်သီးနဲ့ ချယ်ရီသီး (အစေ့)။ အသီး ချည်းပဲစားရင်တော့ လူကိုဘာအန္တရာယ်မှ
 မပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အစေ့တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တစ်မျိုး
ပါဝင်နေပါတယ်။ ဒါကြောင့် အဲဒီ အသီး တွေရဲ့အစေ့ကို မဝါးမိ၊ မျိုမချမိဖို့
အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ကလေးတွေကို ဒီအသီးတွေကိုကျွေးမယ်
ဆိုရင် အစေ့ကိုမဝါးမိစေဖို့ သတိပေးပြီးမှ ကျွေးသင့်ပါတယ်။

  ၅။ အာလူး။

 အာလူး အားလုံးကို ဆိုလိုတာမဟုတ်ပါဘူး။ အာလူးပေါ်မှာ အစိမ်းရောင်
 အတက်လေးတွေထွက်နေတဲ့ အလုံးတွေကတော့ ချက်ပြုတ်ပြီးတာတောင်
 ပျောက်မသွားတဲ့ solanine ဆိုတဲ့ အဆိပ် တစ်မျိုးပါရှိနေပါတယ်။ Solanine 
အဆိပ်ဟာ nightshade အဆိပ်မျိုးစိတ်ကလာပြီး အာရုံကြောကိုထုံထိုင်းစေတဲ့သဘာဝအဆိပ်တစ်မျိုးဖြစ်ပါတယ်။ အဲဒါဟာ 
အာလူး တွေကို အင်းဆက် ပိုးမွှား အန္တရာယ်ကာကွယ်ဖို့ သဘာဝတရားကြီးက
 တပ်ဆင်ပေးထားတဲ့ အကာအကွယ် လက်နက်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီ အဆိပ် 
ပါတဲ့ အာလူး ကို အများကြီးစားမိရင် အော့အန်တာ၊ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပြီး 
အခြေအနေဆိုးရွားရင် အကြောသေတာထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဝယ်လာတဲ့ 
အာလူး ထဲမှာ အစိမ်းရောင်အတက်ထွက်နေပြီဆိုရင် အတက်လေးကိုပဲဖယ်ပြီး 
ဆက်မစားပါနဲ့။ အမှိုက်ပုံးထဲသာ ဝဲပစ်လိုက်ပါ။ 

၆။ အခြောက်လှမ်းထားတဲ့ သစ်သီးတွေ။

 Supermarket တွေမှာရောင်းနေတဲ့ သစ်သီးခြောက် အများစုက ဆာလ်ဖာတို့၊ 
ပိုတက်ဆီယမ် ဆောလ်ဘိတ်တို့ကိုသုံးပြီး စက်ရုံမှာအခြောက်ခံထားတြာ့ဖစ်ပါတယ်။ အစာခြေအင်္ဂါအဖွဲ့အစည်းကို မထိခိုက်စေချင်ရင်တော့ သစ်သီးခြောက် တွေအများကြီး သွားမစားမိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆာလ်ဖာပါဝင်မှုများတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်းက အစာအိမ်နဲ့အစာခြေအင်္ဂါတွေကို ထိခိုက်စေပါတယ်တဲ့။ 

Source: Lifedeathprize 

Credit: Duwun 

လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1424) ကာတွန်းဟာသ (1237) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (278) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (52) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) -ကာတွန်းဟာသ (6) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) ပညာပေး) (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)