ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 10, 2017

=လူထုကျန်းမာရေး(ဂိမ်း ကစားခြင်းသည် ဦးနှောက်ကျန်းမာရေးကို အကျိုးသက်ရောက်မှုနည်းပါး)=

>
+Public Health+ 
ဦးနှောက်ကျန်းမာရေး အတွက် ကစားသည့် ဂိမ်းများသည် ဦးနှောက်၏ ကျန်းမာရေးကို
 အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိပြီး၊ ဦးနှောက်ကျန်းမာရေး အတွက်
 ဂိမ်း ကစားမည့် အစား ဥယျာဉ်စိုက်ပျိုးခြင်း၊ အိမ် အသုံးအဆောင်များဖြင့်
ပန်းချီ ဒီဇိုင်းများ ရေးဆွဲခြင်း၊ တူရိယာ တမျိုးမျိုး တီးမှုတ်ခြင်းများ ပြုလုပ်သင့်ကြောင်း
ကမ္ဘာ့ဦးနှောက်ကျန်းမာရေး ကောင်စီ (Global Council on Brain Health) က
 အကြံပြုထားပါသည်။ ငယ်ရွယ်စဉ် အချိန်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပန်းချီ ဒီဇိုင်း၊
 တူရိယာ တခုခု သင်ယူတတ်မြောက်ထားပြီး အသက်ကြီးသည့် အခါ ယင်းတို့ထဲမှ
 တခုခုကို လုပ်ဆောင်ခြင်း အားဖြင့် ဦးနှောက်လုပ်ဆောင်မှု ပျက်စီးခြင်း
 နည်းပါးစေတယ်လို့ ဆိုပါတယ်။ အင်္ဂလန် အခြေစိုက် သက်ကြီးရွယ်အိုများအား
 ကူညီပေးနေသော Age Uk အဖွဲ့က အသစ်အဆန်း တခုခု သင်ယူခြင်းသည်
 နောက်ကျလေ့ မရှိ ဟုလည်း အားပေးသည်။ နိုင်ငံတကာမှ သိပ္ပံပညာရှင်များ၊
ကျန်းမာရေး အထူးကုများ၊ ပါရဂူများ ပါဝင်သည့် ကမ္ဘာ့ဦးနှောက်ကျန်းမာရေး
 ကောင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဦးနှောက်ကျန်းမာရေး အတွက်
 ရည်ရွယ် တီထွင်ထားသည့် အွန်လိုင်း ဂိမ်းများ၊ ဉာဏ်စမ်း ပဟေဠိဂိမ်းများသည်
အများထင်မြင်သကဲ့သို့ အကျိုးသက်ရောက်မှု မရှိကြောင်း၊ ဂိမ်းကစားသည့်
စွမ်းရည် တိုးတက်လာစေကာမူ လူမှုဘဝနှင့် ဆက်စပ်နေသည့် နေ့စဉ်ဘဝ
လုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် အားပေး စေခြင်း မရှိဟု ဖော်ပြ
ထားသည်။ ဆူဒိုခုဂိမ်းကစားခြင်း အားဖြင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုကို 
ပိုမိုကောင်းလာစေသည့် ဟူသည့် အထောက်အထား မရှိကြောင်းနှင့်
 ယင်းသို့ ဂိမ်းကစားမည့် အစား မိမိတို့၏ အတွေးအခေါ်နှင့် လူနေမူဘဝများ
ကို ရင့်သန်စေသော အမူအကျင့်များနှင့် အစားထိုး ပြောင်းလဲသင့်ကြောင်း 
အစီအရင်ခံစာက အကြံပြုထားသည်။ READ အမျိုးသမီး တွေ အိမ်ထောင်ကျ
ပြီးရင် ၀လာရတဲ့အကြောင်းရင်း ဥပမာအားဖြင့် – ထိုက်ချိကစားခြင်း၊ 
မိမိ၏ မျိုးရိုးစဉ်ဆက် အဆက်ဆက်ကို လေ့လာသုတေသနပြုခြင်း၊ အပျော်တမ်း
 ဓာတ်ပုံရိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ နည်းပညာအသစ်များကို
 တီထွင်ကြံဆခြင်း၊ ဆန်းသစ်တီထွင်သော စာရေးသားခြင်း၊ အနုပညာတစ်ခုခု
လုပ်ဆောင်ခြင်း၊ ပရဟိတ လုပ်အားပေးခြင်းတို့ ဖြစ်ပါသည်။ Age UK အဖွဲ့မှ
 ထိပ်တန်းသိပ္ပံပညာရှင် တဦးဖြစ်သော ဂျိမ်း(စ်) ဂွတ်ဒ်ဝင်း (James Goodwin) က “
အသက်ကြီးလာတာနဲ့ အမျှ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းတာကိုတော့
 ရှောင်လွှဲလို့ မရနိုင်ပါဘူး” ဟု ပြောသည်။ “ကျနော်တို့ ယနေ့ စတင်လုပ်နိုင်တဲ့
 ဦးနှောက်ကျန်းမာရေးကို အကျိုးပြုမယ့် အလေ့အထ အများအပြား ရှိပါတယ်။
 အဲဒီ အလေ့အထတွေဟာ အသစ် ဖြစ်ချင် ဖြစ်မယ်။ အာရုံစူးစိုက်မှု အတွက် 
လိုအပ်ကောင်း လိုအပ်မယ်။ ဒါမှ မဟုတ် ကျနော်တို့ နေ့စဉ် လုပ်ဆောင်နေကျ
 အလေ့အထများ ဖြစ်တဲ့ ဥပမာ သားသမီးမြေးမြစ်များနဲ့ ကစားခြင်း၊ ဥယျာဉ် 
စိုက်ပျိုးခြင်း စတာတွေ ဖြစ်ပါတယ်။ အသစ်တစုံတရာ သင်ယူခြင်းက
 ဘယ်အရွယ်မှ သင်သင် နောက်မကျဘူး ဆိုပေမယ့် အချိန် မဆိုင်းဘဲ မိမိတို့
 ဦးနှောက်ကျန်းမာရေးကို အလေးထား ပြုစု ထိန်းသိမ်းသင့်ပါတယ်” ဟု
 ပြောသည်။ (www.bbc.com တွင် ဖော်ပြထားသည့် Playing brain games ‘
of little benefit’, say experts ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။) 

Credit: Burma.irrawaddy

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)