ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 17, 2017

=လူထုကျန်းမာရေး(စပ်ဆေး တွေကို အချိန်မီ အမြန်ဆုံးတားဆီးကြပါ)=

>
+Public Health+ 
စပ်ဆေး သုံးစွဲသူတွေထဲမှာ တစ်နှစ်ကို ၃၀ ရာခိုင်နှုန်းက ရောဂါ အခြေအနေ
 ဆိုးရွားတဲ့ အခြေအနေမှာ ဆေးရုံကို ရောက်လာကြပါတယ်။စပ်ဆေးကို
အချိန်မီ တားဆီးမှုတွေ မပြုလုပ်ရင် သည်ထက် အခြေအနေ ဆိုးလာနိုင်တယ်
လို့ ဆရာဝန်တွေက သုံးသပ်ကြပါတယ်။ လတ်တလောမှာ တိုင်းရင်းဆေးတွေ
 စပ်ဆေးတွေ သောက်ပြီး သွေးအန်တာကြောင့် ခွဲစိတ်ဆောင်ကို ရောက်လာတဲ့
လူနာတွေ များပြီး ရောက်ရှိလာတဲ့ လူနာတွေကလည်း အခြေအနေဆိုးရွားမှ
 ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံသစ်ကြီးက အထွေထွေ
 ရောဂါကု လက်ထောက်ဆရာဝန်ဒေါက်တာသက်မှူးကျော်က ဆိုတယ်။
သူက “အဲဒီလို ရောက်လာတဲ့အခါကျရင် လူနာရဲ့ ရောဂါအခြေအနေကို
 ပြန်လိုက်ရတယ်၊ ပြန်လိုက်ရင် အရိုးနာဖူးတယ်၊ လက်ဆစ်တွေ ကိုက်ဖူးတယ်၊
 တကယ်တော့ စစ်ဆေး လိုက်ရင် လေးဖက်နာ မျိုးရိုးတွေရှိမယ်၊ လေး ဖက်နာကို
 မကုဘဲနဲ့ အကိုက်အခဲပျောက် အောင် ကုနေတော့ အစာအိမ်အထိသွားပြီး
 သွေးအန်မယ်”လို့ ပြောတယ်။ စပ်ဆေးတွေကို နှစ်ရှည်သောက်သုံးတာတွေကြောင့်
ပင်ကိုရောဂါအခံရှိသူတွေမှာ ပိုမို အန္တရာယ်များပါတယ်။ ရောဂါလက္ခဏာ
 ဆိုးရွားမှသာ ဆေးရုံကို ရောက်ရှိလာကြတာဟာ အသက်အန္တရာယ်ကို
ထိခိုက်နိုင်တယ်လို့ ဆရာ ဝန်တွေက ဆိုပါတယ်။အထွေထွေရောဂါကု
သမားတော် ဒေါက်တာစိုးမင်းက “စပ်ဆေးတွေဆီကို သွားကြတယ်၊ ရောဂါရင့်
လာတော့ ရပ်ကွက်က ဆရာဝန်တွေကလဲ မကိုင်တော့ဘူး၊
 ဆေးရုံတွေ လွှဲတယ်၊ အဲဒါကြောင့် ဆေးရုံမှာ လူနာတွေ
ပုံလာတာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးအညွှန်းတွေ ကြည့် ပြီး
 ဆေးတွေ ပေးတယ်၊ ဒါ့အပြင် လူနာဖြစ်တာ ကို မေးပြီး ဆေးတွေ ပေးတယ်၊
အဲသည်ကနေ အစာအိမ်ပေါက်မယ်။ ကျောက်ကပ်ပျက်စီး မယ်။ သူ့ရဲ့
အဆစ်အမြစ်ကိုက်ရောဂါတွေ ပို ဆိုးလာမယ်။ ကြာလာတဲ့အခါကျတော့
တဖြည်းဖြည်းစားရင်းစားရင်းနဲ့ အခြေအနေဆိုး လာပြီး ဆေးရုံကို ရောက်လာ
ကြတာ ဖြစ်တယ်လို့ ဒေါက်တာစိုးမင်းက ရှင်းပြပါတယ်။ စပ်ဆေးကြောင့်
 ပြည်သူလူထု အန္တရာယ် မဖြစ်အောင် မြန်မာနိုင်ငံအစားအသောက်နှင့်
 ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အကောက်အခွန် ဦးစီးဌာန၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနတွေနဲ့ တခြားသက်ဆိုင်ရာ ဌာနဆိုင်ရာ
တွေကလည်း ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

 ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလက
 စတင်ပြီး ဆေးဝါးအတုတွေစံနှုန်းမညီဆေးတွေ ဈေးကွက်အတွင်း ရောင်းချနေ
သူတွေကို  အစိုးရအနေနဲ့ ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့
 ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောကြားပါတယ်။
 စပ်ဆေးတွေကို သောက်သုံးသူအများစုမှာ အောက်ခြေလူတန်းစားတွေ
 ဖြစ်ပါတယ်။

  *ဘာကြောင့် သောက်သလဲ*

 စပ်ဆေးတွေကို သောက်သုံးသူ အများစု မှာ အောက်ခြေလူတန်းစားတွေဖြစ်ပြီး 
စပ်ဆေးသောက်ရတာဟာ လက်ရှိ ဖြစ်နေတဲ့ ရောဂါ ချက်ချင်းပျောက်ကင်းတဲ့ 
အတွက် သောက်သုံးကြတာ ဖြစ်ပါတယ်။
 အောက်ခြေလူတန်းစားတွေမှာ စီးပွားရေး အခြေအနေ၊ ဆေးခန်းသွားဖို့ 
အချိန်မပေးနိုင်တာတွေ၊ အဲသည့် စပ်ဆေးတွေမှာပါတဲ့ အကိုက်အခဲ ပျောက်ဆေးန
နှစ်မျိုးလောက်ဟာ ကောင်းသယောင် ယောင်ရှိတဲ့ အတွက် သောက် သုံးနေကြတာ
 ဖြစ်တယ်လို့ သင်္ဃန်းကျွန်းစံပြ ဆေးရုံက ဆရာဝန်တစ်ဦးက ပြောပါတယ်။ 
“ကျောက်ကပ်ကို ထိတာ များတယ်၊ စပ် ဆေးနဲ့ ပတ်သက်ပြီး ဆေးရုံကို ရောက်တာ
 ကျောက်ကပ်နဲ့ ရောက်တာများတယ်၊ ဒါကတော့ စားဝတ်နေရေးနဲ့လဲ ဆိုင်တယ်”
လို့ ဆိုပါ တယ်။ စပ်ဆေးတွေမှာ ပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေးဆိုတာတွေက 
ဆရာဝန်တွေ ညွှန်ကြားမှသာ သောက်သင့်တဲ့
 ဆေးတွေ ဖြစ် တယ်။ ရှစ်နာရီခြား သောက်ရတာတွေ ၊ အစာနဲ့မှ သောက်ရတာစတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ မြောက်ဥက္ကလာပဆေးရုံမှာ ဆေးရုံတက်
 နေတဲ့ ဒေါ်ခင်မာမြင့်က “စပ်ဆေးက ဆရာဝန် ညွှန်တဲ့ ဆေးထက် ပျောက်တာ
 မြန်တယ်၊ လမ်းထိပ်က ဆေးဆိုင်မှာ သူများညွှန်လို့ သောက် တာ၊ ကိုယ်
ဘာရောဂါဖြစ်နေမှန်းလဲ မသိဘူး၊ ဆေးရုံကို ရှော့နဲ့ ရောက်တာ၊ ဆီးချိုရှိတာလဲ
 မသိဘူး၊ စပ်ဆေးသောက် သက်သာတော့ ဒီအတိုင်း နေလာတာ သုံးနှစ်ရှိပြီ၊
 ဆေးရုံရောက်တော့ ဆရာဝန်ပြောပြမှပဲ စပ်ဆေးအကြောင်း သိတော့တယ်”
လို့ ပြောပါတယ်။ ဒေါ်ခင်မာမြင့်မှာ သုံးရက်ခြားတစ်ခါ စပ်ဆေးကို
 သောက်လေ့ရှိတယ်။ ရောဂါ သက်သာနေတဲ့အတွက် အရင်က ပြတဲ့ 
ဆရာဝန်ဆီ တောင် မပြတော့ဘဲ စပ်ဆေးကိုသာ အလေး ထားပြီး သောက်နေ
တာလို့ ဆိုပါတယ်။ ဒေါ်ခင်မာမြင့်နည်းတူ စပ်ဆေးကြောင့် မူ လရောဂါလက်ခံ
ရှိသူတွေဟာ အခြေအနေပိုမို ဆိုးရွားပြီးမှသာ ဆေးရုံကို ရောက်ကြပါတယ်။ 
ဟင်္သာတ မြို့ စစ်ကုန်းကျေးရွာမှာနေတဲ့ ဦးလှကြိုင်က “ကျွန်တော်တို့က
 မြို့နဲ့အလှမ်း နည်းနည်းဝေးတယ်၊ အဲဒါဖျားနာရင်ရွာက ဈေးဆိုင်မှာရောင်းတဲ့
 စပ်ဆေးပဲ အလွယ်တကူ ဝယ်သောက်ရတယ်၊ အမြန်သက်သာတယ်၊ 
ကျွန် တော်တို့က လယ်သမားဆိုတော့ အမြန်သက် သာမှ ဖြစ်မှာ၊ အဲဒီအတွက်
 အမြန်ပျောက်တဲ့ ဟာကို ဝယ်သောက်ရတာ”လို့ ပြောပါတယ်။ စပ်ဆေးကို
 ပြည်နယ်တိုင်းမြို့နယ်တိုင်းရဲ့ ရပ်ကွက်အတွင်းက ဆေးဆိုင်တွေ၊ ကွမ်းယာဆိုင်၊ 
ရွာတွေက ဈေးဆိုင်တွေမှာတောင် အလွယ်တကူ ဝယ်ယူနိုင်ကြပါတယ်။ အဲသည်လို
ဝယ်ယူနိုင်တဲ့အတွက် ပြည်သူ လူထုရဲ့လက်ထဲကို အလွယ်တ ကူ ရောက်ရှိ နေတာ
 ဖြစ်ပါတယ်။

 *နေရာတိုင်းမှာ* 

 လမ်းတိုင်း နေရာတိုင်း မြို့နယ်တိုင်း မှာ စပ်ဆေးတွေကို တွေ့ရပြီး
 ပြည်နယ်တစ်ခုကို စစ်ဆေးတိုင်းမှာ လိုင်စင်မရှိဘဲ ရောင်းနေတဲ့
 ဆေးဆိုင်တွေ၊ မှတ်ပုံတင်မဲ့ ဆေးဝါးတွေကို တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ 
အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်
 ဒေါက်တာသန်းထွဋ်က ကန်တော်ကြီးပဲလေ့ဟိုတယ်မှာ ပြုလုပ်တဲ့ အလုပ်ရုံ
 ဆွေးနွေးပွဲမှာ ဇူလိုင် ၃၁ ရက်နေ့က ပြော ပါတယ်။ ဒေါက်တာသန်းထွဋ်က
 “စပ်ဆေးတွေကို ဖမ်းလို့မိလို့ စစ်ဆေးပြီဆိုရင် ရွာကမှာ လို့ဆိုပြီး 
ခဏခဏတွေ့ရပါတယ်၊ လတ်တလောမှာ သက်သာသွားတယ်၊ ဆေးခန်းသွား
မပြရဘူး၊ နောင်ခါလာမှ နောင်ခါ ဈေးဆိုပြီး ရောင်းတဲ့သူ ကလဲ မြတ်၊ 
ရက်လွန်ဆေးတွေ၊ အချို့သော တရားမဝင် ဆေးတွေက အဲဒီဘက်ကို လှည့်
 ကျေးရွာအရောက် ပညာပေးရေးကိစ္စတွေပါ စပြီးတော့ လုပ်ဆောင်သွားရမယ်” 
လို့ ပြောပါတယ်။ စပ်ဆေးအန္တရာယ်ကို အများဆုံးခံရ သူတွေမှာ ရန်ကုန်မြို့
 ဆင်ခြေဖုန်းရပ်ကွက်က ပြည်သူတွေနဲ့ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေက
 ပြည်သူတွေ အများဆုံးခံစားနေကြရပါတယ်။ နယ်တွေမှာ ဆေးဆိုင်ဖွင့်သူတွေ
ဟာ ဆေး ဝါးကျွမ်းကျင်လက်မှတ်နဲ့ ဖွင့်ထားတဲ့ ဆေးဆိုင်တွေရှိသလို မိဘဘိုးဘွား
အစဉ်အဆက် လုပ်ကိုင်လာနေတာတွေလည်း ရှိကြပါတယ်။ ရန်ကုန်မြို့မှာ
 ရောင်းချနေတဲ့ နိုင်ငံ ခြား ဆေးဆိုင်တွေဟာ အလွယ်တကူ ဝယ်ယူနိုင်ပြီး 
ဘာအထောက်အထားမှ ပြစရာမလိုဘဲ ရောင်း ချနေတာတွေကလည်း 
စပ်ဆေးရောင်းတဲ့သူတွေရဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ မြောက်ဥက္ကလာ
မှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဒေါ်အမရာက “ကျွန်မက ဆေးဝါး ကျွမ်းကျင်လက်မှတ်ရှိတယ်၊ 
အဲဒီအတွက် လာဝယ်ရင်စပ်ပေးတယ်၊ သူတို့ ဘာဖြစ် လဲမေးတယ်၊ ပြီး တော့ 
အကိုက်အခဲ ပျောက်တဲ့ဆေး၊ နှာမွန်ရင် လဲ နှာ မွန်ပျောက်ဆေး စပ်ပေးတယ်၊ 
လာဝယ်တဲ့ လူကိုမေးတယ်၊ မတည့်တဲ့ဆေးရှိလား လို့ တော့ မေးရတာပေါ့”လို့
 ပြောပါတယ်။ စပ်ဆေးကို မိုးရာသီမှာ ပိုမိုရောင်း ချရပြီး တစ်ခွက်ကို ပျမ်းမျှ 
ကျပ် ၁၀ဝ နှုန်းနဲ့ ရောင်းချ တာလို့ ဒေါ်အမရာက ပြောပါတယ်။ အခြေခံ
လူတန်းစားတွေအတွက် လမ်းဘေးကွမ်းယာဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ
 ဝယ်သောက်ရင်းနဲ့ စပ်ဆေးယဉ်ကျေးမှုက ဖြစ် လာတာလို့ ဒေါက်တာစိုးမင်းက
 ပြောပါတယ်။ သူက ‘စပ်ဆေးတရားခံကို ကြည့်မယ်ဆိုရင် ဈေးနှုန်းကြီးမြင့်မှုပဲ၊ 
ဘယ်လိုမြင်လဲဆိုရင် သင့်တင့်လျှောက်ပတ်တဲ့ စမ်းသပ်ခရယ်၊ အခန်းငှားခ 
စရိတ်တွေရယ်၊ မရှိမဖြစ်ဆေးတွေက ဈေးနှုန်းကြီးမြင့်တာ အဲဒါတွေကို 
အကြောင်း ပြုပြီး ဆရာဝန်တွေကို ပြရတဲ့စရိတ်တွေက များတယ်” လို့ သုံးသပ်ပါတယ်။ ဆရာဝန်မဟုတ်တဲ့သူတွေကို ဆေးမညွှန်းရဆိုပြီး ညွှန်ကြားချက်ထုတ်ပြီး ဥပဒေအရ 
အရေးယူသင့်တယ်လို့ မြင် တယ်လို့ ဆိုပါတယ်။ ‘ပြီးမှ ထောင်ဒဏ်နဲ့လုပ်၊ နောက်ဆုံး မှ
 ဥပဒေက လိုက်ရမယ်၊ ပထမဆုံး ပြည်သူတွေ အဆင်ပြေအောင် ဆောင်ရွက်ရမယ်၊ 
လုပ်ပေးလို့ အဆင်ပြေမှ ဒီစပ်ဆေး ကို ရောင်းသေးလား၊ ရောင်းတဲ့ လူရော 
ဝယ်သောက်ရင် ဝယ် သောက်တဲ့လူရော အရေးယူသင့်တယ်” လို့ ဒေါက်တာစိုးမင်း 
က ဆိုပါတယ်။ ရန်ကုန်မြို့မှာ ဆေးခန်းဖွင့်မယ်ဆိုရင် တစ် လကို ကျပ် ၄၅၀,ဝ၀ဝ
 လောက်ရှိပြီး ဆရာဝန်တွေအနေနဲ့ တစ်နှစ်လောက်ပဲ ဖွင့်နိုင်ပြီး နောက်နှစ်ကျရင် 
အခန်းဖိုးတောင်မကျေဘဲ ပိတ်လိုက်ရတဲ့အခြေအ နေရှိတယ်လို့ ဆိုကြ ပါတယ်။ 
အကိုက်အခဲ ပျောက်တဲ့ဆေး၊ နှာမွန်ရင်လဲ နှာမွန်ပျောက်ဆေး စပ်ပေးတယ်၊ 
 လာဝယ်တဲ့လူကို မတည့်တဲ့ဆေးရှိလားလို့တော့ မေးရတာပေါ့။ 

*ဆိုးကျိုးများ*

 စပ်ဆေးသောက်သုံးတဲ့အတွက် အများဆုံးဖြစ်နိုင်တဲ့ ရောဂါတွေမှာ
 ကျောက်ကပ်ပျက်စီးတာ၊ အစာအိမ်ပေါက်တာ၊ အရိုးပွတာတွေ၊
 ဖောရောင်တာတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း
ရောင်းချနေတဲ့ တရား ဝင်မှတ်ပုံတင်မရှိတဲ့ဆေးတွေကို ပညာပေး ကာလ
အဖြစ် လုပ်ဆောင်နေတာ နှစ်နှစ်ရှိပြီး မြန်မာနိုင်ငံ ဆေးဝါးဥပဒေနဲ့ အရေးယူ
ထားတာတွေလည်း ရှိ တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆေးဝါးအတု
 ရောင်းချတာနဲ့ ပတ်သက်ပြီး ဥပဒေအရ ရုံးတင် တရား စွဲပေးတဲ့အမှုပေါင်း 
၉၉ မှုရှိပါတယ်။ အဲဒါဟာ အရှေ့တောင်အာရှနိုင်ငံမှာရှိတဲ့ ရုံးတင်တရားစွဲခြင်း
ထက် နှစ်ဆများနေ  တယ်လို့ လေ့လာ တွေ့ရှိရတယ်လို့ သိရပါတယ်။ 
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရုံးတင်တရားစွဲမှု ၂၅ မှုရှိခဲ့တယ်လို့လည်း 
အလုပ်ရုံဆွေးနွေးပွဲက သိရပါတယ်။ ဆေးဝါးအတုတွေနဲ့ စံနှုန်းမညီတဲ့ ဆေးတွေ 
ရက်လွန်ဆေးတွေကို အရေး ယူမှု အပိုင်းက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ 
ပစ္စည်းတွေ တွေ့တာနဲ့ သိမ်းကာ ခံဝန်ထိုးခိုင်းမှာ ဖြစ် ပြီး အနည်းဆုံး ခြောက်လ ၊
 တစ်နှစ်၊ နှစ်နှစ်ဆို ပြီး ပိတ်မှာ ဖြစ်ပါ တယ်။ ‘ပိုးသတ်ဆေးဆို လေးမျိုးလောက်
 ပေးလိုက်ရင် စစ်စရာမလိုဘူးလေဗျာ၊ လေးမျိုးနဲ့တင်ပိုးတွေကအကုန်သေကုန်ပြီ၊
အကိုက်အခဲ ပျောက်ဆေးဆိုရင်လဲ သုံးမျိုးလေသုံးကြိမ်သောက်ရမယ့်ဟာကို
တစ်ကြိမ်တည်းသောက်တော့ ဆေးမထိုး တဲ့ ဇာတ်လမ်းတွေပါ ဖြစ်လာ တယ်၊
 ဆေးကို သောက်ရမယ့်ပမာဏကို မှန်မှန်ကန် ကန်မသောက်တာတွေက
 နောက်ပိုင်းရှုပ်လာတယ်၊ ရောဂါဆိုးရွားပြီး ဆေးရုံရောက်လာကြတယ်” လို့ 
သင်္ဃန်းကျွန်း စံ ပြဆေးရုံက ဆရာဝန်တစ်ဦးက ဆိုပါတယ်။

 +မို့မို့သန္တာ+ 

Credit: kumudra journal

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)