ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 18, 2017

=လူထုကျန်းမာရေး(ခွေးမွေးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး ၁၀ ခု)=

>
+Public Health+
 ဒီတစ်ခါတော့ သင်္ကေတစာဖတ်သူတွေအတွက် ခွေး တစ်ကောင်ပိုင်ဆိုင်
ထားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လိုကောင်းကျိုးပေးတယ်ဆိုတာ
 ပြောပြမယ်နော်။ ခွေးတွေဟာ မိတ်ဆွေကောင်းတွေလို့ ပြောရတာထက်
သာပါတယ်။ သင့်မှာ ခွေးတစ်ကောင် မွေးထားပြီးသား ရှိရင်တော့ သင့်ခွေးကို
ကျေးဇူးတင်စရာ အချက်တွေ ကျနော် ပြောပြပါ့မယ်။ မမွေးရသေးဘူး
ဆိုရင်လည်း
 အောက်က အကျိုးကျေးဇူးတွေ ဖတ်ကြည့်ပါဦး။

 (၁) ကင်ဆာဖြစ်ခြင်းကို ထုတ်ဖော်ပြသပေးတယ်။
 ခွေးတွေရဲ့ အံ့သြစရာ အနံ့ခံအာရုံဟာ ကိစ္စများစွာအတွက် အသုံးဝင်သလို ကင်ဆာရောဂါပါရှာဖွေနိုင်ပါတယ်။ ခွေးတွေ နှာခေါင်းနဲ့ ရူတဲ့နေရာတို့ လျှာနဲ့
လျှက်တဲ့နေရာတို့ လက်တွေနဲ့ တို့ထိတဲ့နေရာတို့ဆိုတာ ကင်ဆာဖြစ်နေတဲ့
နေရာဖြစ်ကြောင်း ထုတ်ဖော်ပြသပေးနေတယ်လို့ ခွေးပိုင်ရှင်တွေက
 ပြောပါတယ်။ သင့်ခွေးက တစ်နေရာတည်းကိုပဲ ရွေးပြီး ရူတာလျှက်
 တာလုပ်နေရင်တော့ သင်ကြိုတင်စစ်ဆေးထားတာ မမှားပါဘူး။

(၂) လေ့ကျင့်ခန်း ပိုလုပ်ဖြစ်လာမယ်။

 ခွေးတစ်ကောင်ကို ပိုင်ဆိုင်ထားခြင်းဟာ သင့်ကို နေ့စဉ် လေ့ကျင့်ခန်း
လုပ်ဖြစ်စေပါတယ်။ တံခါးနားမှာ ရစ်သီ ရစ်သီ လုပ်ပြီး လမ်းလျှောက်ထွက်မယ့်
ဟန်နဲ့ သင့်ကို စောင့်ဆိုင်းနေတဲ့ ခွေးကိုကြည့်ခြင်းဟာ သင့်ကို လမ်းလျှောက်ဖို့
 တွန်းအားပေး နေမှာပါ။ နေ့စဉ် မိနစ် ၃၀ လောက် ခွေးနဲ့ လမ်းလျှောက်
ထွက်ခြင်းဟာ သင့်ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။  

(၃) စိတ်ဖိစီးမှုကို လျှော့ နည်းစေတယ်။

 ခွေးတွေဟာ စိတ်ဖိစီးမှုကို လျှော့ ချပေးတယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
 နေ့စဉ် ခွေးနဲ့ စနောက် ပြေးလွှား ကစားခြင်း သို့မဟုတ် ခွေးကို ကြည့်ခြင်းဟာ 
သင့်စိတ်ဖိအားတွေကို လျှော့ ချပေးမှာပါ။ ခွေးကို ဂရုစိုက်ပေးခြင်းဟာ စိတ်ဖိစီးမှု
ဖြစ်စေတဲ့ ဟိုမုန်းထွက်ရှိခြင်းကို သိသိသာသာ လျှော့ ချပေးတယ်လို့
 လေ့လာသူတွေက ဆိုပါတယ်။ 

(၄) လူမှုဆက်ဆံရေးကို တိုးတက်စေတယ်။

 ခွေးနဲ့ လမ်းလျှောက်ခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူ ပြုရုံမက
 လူတွေနဲ့ တွေ့ဆုံစကားပြောဖို့ပါ အကူအညီပေးပါတယ်။ လူတွေက ခွေးနဲ့အတူ 
လမ်းလျှောက်ထွက်လာတဲ့လူနဲ့ စကားပြောရတာ ပိုနှစ်သက်ပါတယ်။ ခွေးကို 
အပြင် လမ်းလျှောက်ခေါ်သွားခြင်းဟာ သူစိမ်းတွေနဲ့ သင့်ခွေးအကြောင်းပြောရင်း 
ရင်းနှီးမှုရစေပါတယ်။ ဒါကြောင့် သင့် crush လေးနဲ့ ရင်းနှီးမှုဇာတ်လမ်းစချင်ရင်တော့ ခွေးလေးခေါ်သွားတာဟာ သင့်အတွက် အခြေအနေပိုကောင်းစေပါတယ်။

 (၅) ကလေးတွေကို အိမ်မွေးတိရိစ္ဆာန် ဓာတ်မတည့်ခြင်းမှ လျှော့ချပေးတယ်။ 

 ခွေးအနားမှာ အမြဲရှိနေတဲ့ ကလေးတွေဟာ ဓာတ်မတည့်မှု ဖြစ်ပွားဖို့ နည်းပါတယ်။ 
အိမ်တစ်အိမ်မှာ ခွေးနဲ့အတူတကွ ကြီးပြင်းလာတဲ့ ကလေးတွေဟာ ခုခံစွမ်းရည်
 တိုးတက်လာပြီး သူတို့ဘဝမှာ နောက်ထပ် အိမ်မွေးတိရိစ္ဆာန် ဓာတ်မတည့်ခြင်း 
မဖြစ်ပွားတော့ပါဘူး။ 

(၆) သင့်နှလုံးက ကျန်းမာလာမယ်။

 လေ့လာချက်များအရ ခွေးပိုင်ဆိုင်တဲ့ လူရဲ့ နှလုံးခုန်နှုန်းဟာ ဖြည်းဖြည်းမှန်မှန်မို့
 ပိုပြီးကျန်းမာပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။
 ခွေးထီးတွေပိုင်ဆိုင်ရင် နှလုံးရောဂါ ဖြစ်ပွားမှု ပိုမိုလျှော့ ကျ ပါတယ်။ 

(၇) စိတ်ကျရောဂါရဖို့ နည်းပါတယ်။ 

 ခွေးပိုင်ဆိုင်ခြင်းရဲ့ အကျိုးကျေးဇူးထဲက တစ်ချက်ကတော့ သင့်စိတ်ပိုင်းဆိုင်ရာ 
ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ခွေးပိုင်ရှင်တွေဟာ စိတ်ကျရောဂါဖြစ်ဖို့
 နည်းပါတယ်။ ခွေးကိုဂရုစိုက်ပေးခြင်းဟာ စိတ်ကျရောဂါဖြစ်ပွားခြင်းကို 
ကာကွယ်ပေးပြီး အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ 

 (၈) သက်ကြီးရွယ်အိုတွေကို အဖော်ပြုပေးပါတယ်။

 ခွေးပိုင်ဆိုင်ခြင်းဟာ သက်ကြီးရွယ်အိုတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။ 
သက်ကြီးရွယ်အို စောင့်ရှောက်သူတွေကလည်း စိတ်ဖိစီးမှု လျှော့ ကျကြောင်း
 တင်ပြကြပါတယ်။ ခွေးတွေဟာ သက်ကြီးရွယ်အိုတွေအတွက် အံ့သြဖွယ်ရာ 
အဖော်မွန်ပါ။ 

 (၉) ဖျားနာခြင်း ကင်းဝေးစေတယ်။

 ခွေးပိုင်ရှင်တွေမှာ ကျန်းမာရေး ပြသနာ အတော်လျှော့ နည်းပါတယ်။
 ခွေးပိုင်ရှင်တွေဟာ တခြားသူတွေထက် ဆီးချိုနဲ့ ကိုလက်စထရော ပမာဏ
 လျှော့ နည်းတာကြောင့် ပိုကျန်းမာပါတယ်။ ခွေးတွေဟာ လူတွေရဲ့ ခုခံစွမ်းရည်ကို
 မြှင့်တင်ပေးလို့ ဖျားနာမှု နည်းပါးကြပါတယ်။

 (၁၀) လုံခြုံမှုကို ခံစားရမယ်။ 

 ခွေးတွေဟာ အိမ်စောင့်ဖို့အတွက် လုံခြုံရေးကောင်း တစ်ယောက်ပါ။
 ဖောက်ထွင်းသမားတွေကို ဟောင်ခြင်းဖြင့် ဟန့်တားပေးပါတယ်။
 ခွေးအသံကို ကြားရင် ပတ်ဝန်းကျင်ကို သတိထားမိခြင်းဖြင့် သင့်လုံခြုံမှုကာကွယ်ရေး
အာရုံကို တိုးတက်စေပါတယ်။ ခွေးမွေးခြင်းဟာ သင့်စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ
ကိုပါ အလုံးစုံ တိုးတက်ကောင်းမွန်စေပါတယ်။ သင်္ကေတပရိတ်သတ်တွေလည်း
 ခွေးချစ်တဲ့လူကို ပိုချစ်သွားအောင်၊ မချစ်သေးတဲ့လူလည်း ခွေးချစ်တတ်လာအောင်
 သူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်ကြရအောင်။ 

 Credit: Thinkayta Team 

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)