ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 22, 2017

=လူထုကျန်းမာရေး(အင်တာနက် အလွန်အမင်းစွဲလမ်းခြင်းကို လျှော့ ချနိုင်ဖို့)=

>
+Public Health+ 
အခုခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်းဂိမ်းတွေ၊ အွန်လိုင်းက ကြည့်ရှုရတဲ့
 ဇတ်လမ်းတွဲတွေ၊ အမြဲတမ်းအသစ်ထွက်နေတာဆိုတော့ အသက်မရွယ်မရွေး အချိန်မရွေးဖုန်းအသုံးပြုနေကြတာကို တွေ့မှာပါ။ ဘတ်စ်ကားပေါ်မှာဖြစ်ဖြစ် မှတ်တိုင်မှာကားစောင့်နေရင်းဖြစ်ဖြစ် စားစရာမှာနေရင်းနဲ့ပဲဖြစ်ဖြစ်၊ ကော်ဖီ
သောက်ရင်းနဲ့ပဲ ဖြစ်ဖြစ် သုံးရင်းနဲ့ ရုန်းမထွက်နိုင်အောင် ဖြစ်တတ်ကြပါတယ်။ ကိုယ်သိပ်သတိမထားမိဘူးဆိုပေမယ့် အိပ်ချိန်နောက်ကျတာမျိုး ကျန်းမာရေး
ကိစ္စလေးတွေကအစ လူမှုရေးပြဿနာလေးတွေအထိ ဖြစ်ပေါ်တတ်ပါတယ်။ အောက်ပါနည်းလမ်းများကတော့ ဖုန်း၊ အင်တာနက်တို့အပေါ် အလွန်အမင်း
စွဲလမ်းခြင်းကို လျှော့ ချပေးဖို့ အကူအညီပေးနိုင်မှာပါ။

၁။ သွားလေရာ စာအုပ်တစ်အုပ်သယ်သွားပါ။

 လေ့လာချက်တွေရဲ့အဆိုအရ pdfမဟုတ်တဲ့ စာအုပ်များကိုဖတ်ရှုခြင်းက
 အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်အင်တာနက်အပေါ်အလွန်အကျွံ
စွဲလမ်းမှုရဲ့လက္ခဏာတစ်ခုက အလွယ်တကူ အာရုံပျံ့လွယ်နိုင်တာပါပဲ။
စာအုပ်ဖတ်ခြင်းက ဒါကိုကူညီဖြေရှင်းနိုင်ပါတယ်။

 ၂။ သူငယ်ချင်းများနဲ့ အပြင်သွားဖို့ အစီအစဉ်တွေဆွဲပါ။

 တစ်ကယ်လို့ သင်ဟာ လူကြောက်တတ်တဲ့သူ သို့မဟုတ် လူတွေနဲ့
သိပ်ရောရောနှောနှောနေတတ်သူ မဟုတ်ရင်တောင်မှ အပေါင်းအသင်းဆံ့သူ
တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ကြိုးစားကြည့်ပါ။ သူငယ်ချင်းတွေနဲ့
 အပြင်မှာတွေ့ကြ၊ စကားပြောကြ၊ ဘာလုပ်မလဲ အစီအစဉ်တွေချကြတာက
သင့်ကို ဖုန်းနဲ့အဝေးကို အလိုလိုဆွဲခေါ်သွားမှာပါ။ လက်ရှိဘဝရဲ့
လူမှုဆက်ဆံရေးကိုလည်းတိုးတက်စေပါတယ်။  

၃။ ကော်ဖီဆိုင်သွားရင် ဖုန်း သို့မဟုတ် လက်ပ်တော့(laptop)ကို အိမ်မှာထားခဲ့ပါ။ 

တစ်ခါတစ်လေ အပျင်းပြေ အိမ်နားက ကော်ဖီဆိုင်တို့ အအေးဆိုင်တို့ကို
 တစ်ယောက်ထဲ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ သွားခဲ့ရင် စိတ်အေး
လက်အေးအနားယူပါ။ အာရုံနောက်စေမယ့် ဖုန်းတွေ လက်ပ်တော့တွေ 
ယူမသွားပါနဲ့။ စာအုပ်တစ်အုပ် ယူချင်ယူသွားပြီး ကော်ဖီကို အရသာခံသောက်ပါ။ 

 ၄။ တခြားပုံစံမျိုးနဲ့ ပြောင်းသုံးကြည့်ပါ။

 လက်ပ်တော့ကွန်ပျူတာမှာ အလုပ်ကိစ္စတွေအတွက် စာတွေ note ထုတ်ထားမယ့်
အစား စာအုပ်တစ်အုပ်အုပ်မှာ ချရေးတာမျိုးလုပ်ပါ။ e-book တွေ အင်တာနက်က
 ဖတ်နေမယ့်အစား တကယ့်စာအုပ်တွေကို စာအုပ်ဆိုင်က ၀ယ်ဖတ်တာမျိုးလုပ်ပါ။ 
ဒါက သင့်ရဲ့အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်ဝင်စားမှုကို ပိုတိုးတက်စေနိုင်ပါတယ်။
 နှိုးစက်နာရီကို ရိုးရိုးနာရီနဲ့ ထားတာမျိုး ဟင်းချက်နည်းတွေကို အင်တာနက်မှာ
 ရှာဖွေမယ့်အစား စာအုပ်ဝယ်ပြီး ချက်ကြည့်တာမျိုး လုပ်ကြည့်ပါ။

 ၅။ အချိန်အကန့်အသတ်နဲ့ လုပ်ဆောင်ကြည့်ပါ။ 

တစ်နေ့တစ်နေ့ အင်တာနက်မှာ လူမှုကွန်ရက်တွေမှာ အချိန်ဖြုန်းတဲ့အချိန်တွေဟာ
 နည်းမှာမဟုတ်ပါဘူး။ တစ်ရက် ၄.၇နာရီပျှမ်းမျှသုံးရင်တောင်မှ တစ်ပတ်ကို 
၃၃နာရီလောက်ဟာ အချိန်ဖြုန်းမိလျက်သား ဖြစ်သွားပါတယ်လို့ Digital Treands က
 ဆိုပါတယ်။ တစ်ရက်ကို ဘယ်လောက်ပဲသုံးမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်
အချိန်အကန့်အသတ်ထားပါ။ တကယ်အကျိုးရှိတဲ့နေရာတွေမှာ အချိန်ကို 
အကျိုးရှိရှိအသုံးချပါ။ 

Ref: This Incandescent Life: Five Everyday Habits to
 Fight Internet Addiction Credit ;Sophia 

(ရိုးရာလေး)

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)