ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 23, 2017

=လူထုကျန်းမာရေး(ရေနွေး သောက်ခြင်းကနေ ရနိုင်တဲ့ထင်မှတ်မထားသောအကျိုးကျေးဇူး ၁၁ချက်)=

>
+Public Health+ 
တစ်နေ့ကို ရေရှစ်ခွက်လောက် ပုံမှန်သောက်ပေးရမယ်လို့ ဆရာဝန်တွေ
ပြောတာ ကြားဖူးပါလိမ့်မယ်။ ရေမှာမှလည်း ရေနွေးက ရေအေးထက်
 ကောင်းကျိုးပိုပေးပါတယ်။ ရေနွေးကနေ ရနိုင်တဲ့ အကျိုးကျေးဇူး၁၁ ချက်ကို
 ကြည့်ကြရအောင်နော်။

 (၁) ကိုယ်အလေးချိန် လျှော့ ချပေးခြင်း။
  ———————————
 ရေနွေးဟာ ကျန်းမာရေးအတွက် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိရာမှာ သိပ်ကောင်းပါတယ်။ သင်ကြိုးစားနေတဲ့ ကိုယ်အလေးချိန် လျှော့ ချရေးမှာလည်း အထောက်အကူ ပြုပါတယ်။ အကောင်းဆုံးရလဒ်အတွက် ဆိုရင်တော့ မနက်စောစောမှာ ရေနွေးထဲ သံပုရာသီးလေး ထည့်သောက်ပေးသင့်ပါတယ်။ ရေနွေးဟာ အဆီတစ်ရှူး တွေကို ဖြိုခွဲပေးပါရာမှာ ကူညီပေးပါတယ်။

 (၂) နှာခေါင်းနဲ့ လည်ချောင်းကို အထောက်အကူပြုခြင်း။

 ———————————————–

 ရေနွေးသောက်ခြင်းဟာ အအေးမိခြင်း ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့
အတွက် သဘာဝ ဆေးတစ်ခွက် ဖြစ်ပါတယ်။ ရေနွေးဟာ ချွဲပျော်စေပြီး အသက်ရှူ
လမ်းကြောင်းမှာ ချွဲပိတ်နေတာတွေကိုလည်း ဖယ်ရှားပေးလို့ လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် နှာခေါင်းမှာ ပိတ်နေတဲ့ အစုအဝေးတွေကိုပါ
 ရှင်းလင်းစေပါတယ်။

  (၃) ရာသီလာစဉ် ကြွက်သားနာကျင်ခြင်း ကို သက်သာစေခြင်း။ 

———————————————
 ရေနွေးဟာ ရာသီလာခြင်းကြောင့် ဝမ်းဗိုက်ကြွက်သား နာကျင်ခြင်းကို
 ကျဆင်းစေပါတယ်။ ရေရဲ့ အပူဟာ ဝမ်းဗိုက်ပိုင်းက ကြွက်သားတွေရဲ့ 
နာကျင်ခြင်းကို လျှော့ ချပေးပါတယ်။

(၄) ခန္ဓာကိုယ် အဆိပ်ထုတ်ပေးခြင်း။ 

——————————-
 ရေနွေးဟာ ခန္ဓာကိုယ် အဆိပ်ထုတ်ရာမှာ အထောက်အကူ ပြုပါတယ်။
 ရေနွေးသောက်လိုက်ရင် သင့်ခန္ဓာကိုယ် အပူချိန်ဟာ စတင် မြှင့်တက်လာပြီး
 ချွေးထွက်လာပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့
ဆိုရင် ချွေးထွက်ဖို့ လိုအပ်ပါတယ်။ သိသာတဲ့ ရလဒ် လိုချင်ရင်တော့
 ရေနွေးမသောက်ခင် သံပုရာသီး တစ်စိတ်လောက် ညှစ်ထည့်ပေးပါ။ 

(၅) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း။ 
————————————– 
သင့်ကို မြန်မြန် အိုမင်းစေတဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို 
ဖယ်ရှားဖို့ ရေနွေးသောက်ပေးရပါတယ်။ ရေနွေးသောက်ခြင်းဖြင့်
 ခန္ဓာကိုယ် အရေပြားကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး 
အန္တရာယ်ရှိတဲ့ နေရောင်ဒဏ်ကိုပါ ကာကွယ်ပေးပါတယ်။ ရေနွေးသောက်ခြင်းရဲ့
 နောက်ဆက်တွဲ ရလဒ် ကတော့ သင့်ရဲ့ ပျက်စီးနေတဲ့ အရေပြားဟာ ချောမွေ့လာပါလိမ့်မယ်။ 

(၆) ဝက်ခြံနဲ့ အဖုအပိမ့်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။
 ——————————————–
 ရေနွေးဟာ သင့်ခန္ဓာကိုယ်ကနေ ထွက်တဲ့ ဝက်ခြံနဲ့ ဆက်စပ်တဲ့ ရောဂါ 
အရင်းအမြစ်တွေကို နက်ရှိုင်းစွာ သန့်စင်ပေးပါတယ်။

 (၇) ဆံသားကို အာဟာရဖြည့်ပေးပြီး သန်စွမ်းလာစေခြင်း။
 ———————————————-
 ရေနွေးသောက်ခြင်းကြောင့် ချောမွတ်တောက်ပြောင်တဲ့ ဆံသားကို ရရှိနိုင်ပါတယ်။ 
သင့်ဆံပင်ကို အရင်းကနေ အားဖြည့်ပေးပြီး ရှင်သန်စေလို့ ဆံပင်နဲ့ 
ဆံသားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ရေနွေးဟာ ဆံပင်အမြစ်တွေကို
 ပုံမှန်ရှင်သန်အောင် လုပ်ပေးနိုင်တာမို့ ဆံသားသန်စွမ်းဖို့အတွက် 
အထောက်အကူပြုပါတယ်။

 (၈) ဘောက်ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးခြင်း။
 ————————————–
 ရေနွေးဟာ သင့်ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဦးရေပြား ခြောက်သွေ့ခြင်းနဲ့
 ဘောက်ဖြစ်ခြင်းတွေကို ဟန့်တားပေးပါတယ်။ 

(၉) သွေးလှည်ပတ်မှု ကောင်းမွန်စေခြင်း။
 ———————————–
 ရေနွေးသောက်ခြင်းဟာ သွေးလှည်ပတ်မှုကို ကောင်းမွန်စေပြီး အရေးကြီးတဲ့
 ကြွက်သားနဲ့ အာရုံကြော လှုပ်ရှားမှုတွေကို အထောက်အကူ ပြုပါတယ်။
 သင့်အာရုံကြောစနစ်ကို ကျန်းမာစေပြီး ၄င်းပတ်လည်မှာ အဆီစုခြင်း တွေကို
လည်း ဖြိုခွဲပေးပါတယ်။ 

(၁၀) အစာချေဖျက်ပေးခြင်း။
 ————————

 ရေနွေးဟာ အစာချေခြင်းအတွက် ကောင်းမွန်ပါတယ်။ အစာစားပြီးပြီးချင်း
 ရေအေးသောက်ခြင်းဟာ အစာမှာပါဝင်တဲ့ အဆီတွေကို ချေဖျက်ဖို့
 ခက်ခဲတာကို သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ သင့်အူနံရံမှာ အဆီစုစေပြီး
 အူကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။ သို့သော် ရေအေး နေရာမှာ
 ရေနွေး အစားထိုး သောက်ပေးရင် ဒီပြသနာကို ရှောင်ရှားပြီး ဖြစ်မှာပါ။
 ရေနွေးဟာ အစာချေခြင်းကိုလည်း အထောက်အပံ့ ပေးပါတယ်။ 

(၁၁) အူသိမ်အူမ လှုပ်ရှားမှုကို ကူညီပေးခြင်း။

 ————————————–

 ကောင်းစွာ အစာချေဖျက်နိုင်ခြင်းဟာ သင့်အူသိမ်အူမ ကျန်းမာရေးကို 
အထောက်အပံ့ပေးပြီး နာကျင်ခြင်းတွေကို လျှော့ ချပေးပါတယ်။
 ရေဓာတ်ချို့တဲ့ခြင်းဟာ အူထဲကနေ မစင်စွန့်ဖို့ အူသိမ်အူမ လှုပ်ရှားခြင်းကို
 နှေးကွေးစေပြီး ကြာမြင့်စွာ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ မနက်ခင်း 
သင့်အစာအိမ်ထဲ ဘာမှ မစားရသေးခင် ရေအေး သို့မဟုတ် ရေနွေး တစ်ခွက်
လောက် သောက်ပေးဖို့အကြံပြုရခြင်းရဲ့ အကြောင်းရင်းပါပဲ။ ရေဟာ အစာအကြွင်း
အကျန်တွေကို ဖြိုခွဲပေးပြီး ဒီအစာကျန်တွေကို အူကနေ ချောမွေ့ပြီး 
နာကျင်ခြင်းကင်းစွာ စွန့်ထုတ်ဖို့ ကူညီပေးပါတယ်။ 

Credit – ယွန်းမှီ (သင်္ကေတ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)