ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 12, 2017

=လူထုကျန်းမာရေး(နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ)=

>
+Public Health+
 နားတွင်းပိုးဝင်ရောက်ခြင်းနှင့် အခန့်မသင် ရေဝင်တဲ့အခါမှာ နားကိုက်ခြင်း
 ဖြစ်စေပါတယ် ။ ဒါ့အပြင် အအေးမိခြင်း ၊ နားတွင်းနဖားချေးများခြင်း ၊
နား၊နှာခေါင်းလမ်းကြောင်းတွင်း တစ်ခုခုပိတ်ဆို့နေခြင်း ၊ နားအတွင်း
ထိခိုက်ဒဏ်ရာဖြစ်ခြင်း နှင့် နားအတွင်းလေဖိအားများခြင်းတို့ကြောင့်လည်း
 နားကိုက်ခြင်းကို ဖြစ်စေပါတယ် ။ နားကိုက်ခြင်းဟာ လူကို မသက်မသာ
ဖြစ်စေပြီး အလုပ်ပျက်၊အကိုင်ပျက်တဲ့အထိ အနှောင့်အယှက်ပေးပါတယ် ။
 ကြီးကြီးမားမားမဟုတ်တဲ့ ရိုးရိုးသာမန်နာကိုက်ခြင်းအတွက် မိမိအိမ်မှာပင်
ကိုယ်တိုင်ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ် ။

 ၁။သံလွင်ဆီ။

သံလွင်ဆီကို အနည်းငယ်အပူပေးပါ ။ ထို့နောက် နားအတွင်းသို့
၃၊၄စက် ချပေးပါ ။ အစက်ချတဲ့အခါ ဂွမ်းဖြင့်တို့ကာ ညှစ်ချပေးတာ ပိုပြီး
 ထိရောက်ကောင်းမွန်ပါတယ် ။ သံလွင်ဆီ နေရာမှာ မုန်ညှင်းဆီသုံးရင်လည်း
အကျိုးထိရောက်မှုချင်း အတူတူပါပဲ ။

၂။ကြက်သွန်နီ။

နားကိုက်ခြင်းကို ကုသဖို့အတွက် ကြက်သွန်နီကလည်း အကောင်းဆုံး
ကုထုံးတစ်ခုပါပဲ ။ ကြက်သွန်နီကို အခွံခွာကာ ကျိတ်၍ဖြစ်စေ ၊ ထောင်း၍ဖြစ်စေ
အရည်ထွက်အောင် ပြုလုပ်ပါ ။ ထို့နောက် ကြက်သွန်နီရည်ကို လက်ဖက်ရည်
၁ဇွန်းခန့် ယူပြီး အပူချိန် အနည်းဆုံးဖြင့် အပူပေးပါ ။ ထို့နောက် နားတွင်းသို့
၂စက်၊၃စက်ခန့် ချပေးပါ ။ တစ်နေ့လျှင် ၂ကြိမ်မှ ၃ကြိမ်ခန့်အထိ ပြုလုပ်ပေးရမှာပါ။

  ၃။ရေနွေးပုလင်း။ 

နားကိုက်တဲ့ နေရာရာတဝိုက်ကို အပူကပ်ပေးခြင်းကလည်း သက်သာစေပါတယ် ။
 ပုလင်းထဲသို့ ရေနွေးထည့်ပြီး အဝတ် (သို့) သဘက်ဖြင့်ပတ်ကာ နားတဝိုက်ကို 
မိနစ်အနည်းငယ်ကြာ အပူကပ်ပေးရမှာပါ ။ မကြာခဏ ဆိုသလို ကပ်ပေးနိုင်ပါတယ်။ 

၎။ချင်း။

 သန့်ရှင်းလတ်ဆတ်သော ချင်း(ဂျင်း)ကို အရည်ညှစ်ယူ၍ နားတွင်းသို့ 
၂စက် ၊ ၃စက်ခန့် ချပေးခြင်းကလည်း နားကိုက်ခြင်းကို သက်သာပျောက်ကင်း
စေပါတယ် ။ 

၅။ပူဒီနာရွက်။

 ပူဒီနာရွက်ကိုထောင်းပြီး အရည်ကို ကိုက်နေသော နားအတွင်းသို့ အနည်းငယ်
 အစက်ချပေးပါ ။ နားကိုက်ခြင်းကို ရက်အနည်းငယ်အတွင်းမှာ သက်သာ
သွားစေမှာပါ။ ( တမာရွက်ကိုလည်း ယင်းသို့ပင် အသုံးပြုပေးနိုင်ပါတယ် ။)

 ဖိုးသူတော် (www.phothutaw.com) 
Credit: CHAN (ရွှေအင်းလေး)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)