ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 22, 2017

=လူထုကျန်းမာရေး(နေ့ခင်းနေ့လည် တရေးတမောအိပ်စက်ခြင်းက အောင်မြင်မှုနဲ့ ပိုမိုနီးကပ်စေတယ်)=

>
+Public Health+ 
ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်ထဲမှာ ထမင်းလေးစီရင်း
 အိပ်ငိုက်မိတတ်တာဟာ မဆန်းပါဘူး။ Badge Me ပျင်းရိညည်းငွေ့ဖွယ်
ကောင်းတဲ့ လုပ်ငန်းခွင်ထဲမှာ ထမင်းလေးစီရင်း အိပ်ငိုက်မိတတ်တာဟာ
 မဆန်းပါဘူး။ ဒါပေမယ့် အထက်လူကြီးမမြင်အောင်တော့ ခိုးငိုက်တတ်
ရတာပေါ့။ တကယ်လို့ အလုပ်ချိန်အတွင်းမှာ တရေးတမော အိပ်စက်ခွင့်
ပေးတဲ့ သူဋ္ဌေးရှိတယ်ဆိုရင်ကော အဲဒီလိုသူဋ္ဌေးဆီမှာ အလုပ်လုပ်ချင်မှာလား။

**အိပ်စက်ခြင်းရဲ့အရေးပါပုံ**

 အေရီယားနား ဟပ်ဖ်ဖင်တန် (Arianna Huffington)ဟာ အမေရိကန်
သတင်းဝက်ဘ်ဆိုဒ်မီဒီယာတစ်ခုဖြစ်တဲ့ The Huffington Post ရဲ့
ပူးတွဲတည်ထောင်သူနဲ့ အယ်ဒီတာချုပ်ဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေး
လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အရင်တုံးက
စီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်မှုကိုပဲ ကြည့်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
 ဒါပေမယ့် သူမရဲ့အမြင်တွေ ပြောင်းလဲလာခဲ့တဲ့ အချိန်တစ်ခု ရှိလာခဲ့ပါတယ်။
အလုပ်တွေများလွန်းလို့ အိပ်ရေးတွေပျက်ပြီး စားပွဲပေါ်မှောက်လျက်သား
 အိပ်ပျော်သွားရာကနေ ပြုတ်ကျပြီး ပါးရိုးတစ်ချောင်း ကျိုးသွားခဲ့ပြီးနောက်မှာ
 အေရီယားနားဟာ အမြင်မှန်ရလာခဲ့ပါတယ်။ လောကကြီးမှာ အလုပ်တွေပဲ
ဖိကြိုးစားနေတာထက် စိတ်နဲ့ခန္ဓာကို အနားပေးဖို့ပဲ လိုအပ်တယ်ဆိုပြီးတော့ပေါ့။
 အဲဒီလို စိတ်နဲ့ ခန္ဓာ (၂) ခုလုံးကို အနားရစေတဲ့ အပြုအမူထဲမှာ အိပ်စက်ခြင်းက
ထိပ်ဆုံးကပါ ပါတယ်။ ဒီလိုနဲ့ အိပ်စက်ခြင်းကို အထူးစိတ်ဝင်စားပြီး 
သိပ္ပံနည်းကျသုတေသနတွေပါ ပြုလုပ်ခဲ့တဲ့ အေရီယားနားဟာ သူမရဲ့
စာအုပ်အသစ်တစ်အုပ်ဖြစ်တဲ့ "The Sleep Revolution: Transforming 
Your Life One Night at a Time" (အိပ်စက်ခြင်းတော်လှန်ရေး- တစ်ညကိုတစ်ကြိမ် 
အိပ်စက်ခြင်းဖြင့် သင့်ဘဝကို ပြောင်းလဲယူလိုက်ပါ) ဆိုတဲ့ စာအုပ်ထဲမှာပါ သူမရဲ့ 
့လေ့လာတွေ့ရှိချက်တွေကို ရေးသားခဲ့ပါတယ်။ Popsugar.com က ဆောင်းပါးရှင် 
လီဆာ ရှူးဂါး (Lisa Sugar) ဟာ အေရီယားနားကို အင်တာဗျူးခဲ့ပြီး အောင်မြင်မှုနဲ့ 
အလုပ်-ဘဝ မျှခြေကို တပြိုင်တည်းရရှိစေဖို့အတွက် ဘာတွေလိုအပ်လဲဆိုပြီး
 မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ သူမက အိပ်စက်ခြင်းကို အဓိကဦးစားပေးအရာတစ်ခု
အဖြစ် သတ်မှတ်ခဲ့ပါတယ်။ "အိပ်ရေးသာမဝဘူးဆိုရင် အရာရာတိုင်းက 
အဆင်မပြေဖြစ်နေမှာပါ။ မိတင်တွေ တက်မယ်။ လုပ်စရာရှိရာတွေ လုပ်မယ်။ 
ဘာပဲလုပ်လုပ်... အိပ်ရေးမဝတော့ လူကညည်းစီစီဖြစ်ပြီး တီထွင်ဖန်တီးဉာဏ်တွေလည်း ထွက်ပေါ်လာနိုင်ခြင်း မရှိတော့ပါဘူး" လို့ အေရီယားနားက ပြောကြားခဲ့ပါတယ်။
 အေရီယားနားဟာ ဒီအိုင်ဒီယာကို စွဲစွဲမြဲမြဲယုံကြည်ခဲ့တဲ့အတွက်
 The Huffington Post ရုံးခန်းမှာလည်း နေ့လည်နေ့ခင်းအချိန်တွေမှာ 
လိုအပ်လာတိုင်း အိပ်စက်နိုင်စေဖို့ အိပ်ရာလိပ်တွေကို ထားရှိထားပါတယ်။ 
 လူတော်တော်များများကကိုယ်စီတာဝန်တွေ ရှိကြတဲ့အတွက် အဲဒီလို
တရေးတမောအိပ်စက်ဖို့ အချိန်မပေး နိုင်ကြဘူးလို့ ဆိုကြပါတယ်။
 အေရီယားနားကတော့ မိနစ် (၂၀) လောက် တရေးတမော အိပ်စက်ပေးလိုက်
မယ်ဆိုရင် ခန္ဓာကိုယ်ခွန်အားနဲ့ စိတ်ခွန်အားကို ပြန်လည်ပြည့်ဝစေနိုင်တယ်လို့ 
ယုံကြည်ထားပါတယ်။ သူမကိုယ်တိုင်လည်း
 ဒီဥပမာအတိုင်း လိုက်နာကျင့်ကြံပါတယ်။ သူမရဲ့ ရုံးခန်းထဲမှာ ဆိုဖာရှည်
တစ်လုံးကို ထားရှိပြီး လိုအပ်လာပြီထင်တိုင်း သူမဟာ တရေးတမော
အိပ်စက်လေ့ရှိပါတယ်။ သူဋ္ဌေးကိုယ်တိုင် အိပ်ပြမယ်ဆိုရင် ဝန်ထမ်းတွေလည်း 
လိုက်လုပ်လိမ့်မယ်လို့ သူမက ယုံကြည်ထားပါတယ်။ ဒါကိုသူမက
 "ထိပ်ဆုံးကိုရောက်ဖို့ အိပ်စက်ခြင်းနဲ့ အစပြုကြစို့" လို့ ဆိုထားပါတယ်။ အိပ်စက်ခြင်းရဲ့အရေးပါအရာရောက်မှု နောက်ကွယ်က သိပ္ပံနည်းကျ
အချက်အလက်တွေက အေရီယားနားကို အိပ်စက်ခြင်းဟာ ဘယ်လောက်
အရေးကြီးလဲဆိုတာကို သိရှိရင် အောင်မြင်မှုကို ဖမ်းဆုပ်နိုင်တယ်လို့ 
သဘောပေါက် နားလည်စေပါတယ်။ ဆောင်းပါးရှင် လီဆာက အေရီယားနားကို သူမရဲ့စာအုပ်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ရာမှာ ဘယ်တွေ့ရှိချက်က
 သူမကို အံ့အားအသင့်စေဆုံးလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ သူမက 
"အိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ဆိုင်ပါတယ်။ ဦးနှောက်အတွက် အကျိုးရှိပါတယ်။
 ဦးနှောက်နဲ့ ဆက်စပ်နေပါတယ်။ အရင်တုံးက ကျမတို့ထင်ခဲ့ကြတာက
 အိပ်စက်ခြင်းဟာ လှုပ်ရှားမှုကင်းမဲ့ခြင်းတစ်မျိုးဆိုပြီး ထင်ခဲ့ကြပါတယ်။ 
တကယ်တမ်းကျတော့ အိပ်စက်နေချိန်မှာ တစ်နေ့တာလုံး ခန္ဓာကိုယ်ထဲမှာ
 ဖြစ်တည်လာတဲ့ အဆိပ်အတောက်တွေကို ဆေးထုတ်ပစ်တဲ့ ကတိုက်ကရိုက်
 အပြုအမူတစ်မျိုးပဲ ဖြစ်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 
ဒါကြောင့် နေ့လည်နေ့ခင်း တရေးတမောအိပ်စက်ခြင်းဟာ ရုံးအလုပ်မှာ
 ပိုမိုအောင်မြင်အောင်၊ လိုချင်တဲ့ ပရိုးမိုးရှင်းရအောင်၊ လုပ်ဖော်ကိုင်ဖက်တွေ
ရှေ့မှာ လုပ်ရည်ကိုင်ရည်အပြည့်ရှိကြောင်း ပြသနိုင်အောင် အထောက်အကူ
ပြုနိုင်ပါတယ်။

 Source: popsugar

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)