ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 23, 2017

လူထုကျန်းမာရေး(နှမ်းစားခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ)

>
 +Public  Health+

နှမ်းမှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တွေပါဝင်နေပါတယ်။
  နှမ်းက လူ့ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တယ်
ဆိုပေမဲ့ သိပ်သတိမထားမိကြပါဘူး။ နှမ်းက ဆီးချိုရောဂါ၊ သွေးပေါင်ချိန်ကျတာ၊ ကင်ဆာရောဂါအမျိုးမျိုးတွေကို သက်သာစေနိုင်ပါတယ်။ အရိုးတွေကိုကြံ့ခိုင်သန်စွမ်း
စေနိုင်သလို နှလုံးကိုလည်းကျန်းမာစေနိုင်ပါတယ်။ အိပ်မပျော်တဲ့ ဝေဒနာကိုသက်သာ
စေနိုင်သလို အစာကျေညက်နိုင်စွမ်းကိုလည်းတိုးစေပြီး ရောင်ရမ်းနာကျင်မှုကိုသက်သာ
စေနိုင်တဲ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။
ခန္ဓာကိုယ် တွင်းကအဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်ပြီးသွားတွေကိုလည်း
 ကြံ့ခိုင်စေနိုင်ပါတယ်။ နှမ်းကသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အဆိပ်အတောက်တွေ ပြေစေနိုင်တဲ့အပြင် စိတ်ဓာတ်ကျတာနဲ့ နာတာရှည်စိတ်ဖိစီးမှုဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နှမ်းမှာ ဗီတာမင်၊သတ္ထုဓာတ်တွေ၊ သဘာဝအဆီတွေ၊
 အော်ဂဲနစ်ဒြပ်ပေါင်းတွေ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊
မဂ္ဂနိ၊ ကော့ပါး၊ ဇင့်၊ အမျှင်ဓာတ်၊ သိုင်ရာ မင်း၊ ဗီတာမင် ဘ၆၊ ဖောလိတ်၊ ပရိုတင်းနဲ့ ထရွိုင်တိုပိန်းတို့ပါဝင်ပါတယ်။

  **နှမ်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ**

 နှမ်းကိုအစားအသောက်တွေ၊ အသုပ်တွေထဲမှာ တော်တော်လေးထည့်စားကြပါတယ်။ 
အချိုပွဲတွေထဲမှာ ထည့်စားတာမျိုးတွေတောင်ရှိပါတယ်။ အသေးစိတ်တွေကိုတော့အောက်မှာ ဖော်ပြထားပါတယ်။

 **သွေးတိုးကျစေနိုင်ခြင်း**

 နှမ်းကနေရတဲ့ အဆီကသွေးတိုးကျ စေနိုင်တယ်လို့ လေ့လာမှုတော်တော်များများ
အရသိရပါတယ်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျှော့ ကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓာတ်တွေပါဝင်နေပါတယ်။ 

**ကင်ဆာကာကွယ်ပေးနိုင်**

 နှမ်းမှာပါတဲ့ခန္ဓာကိုယ်အတွက်အရေးပါတဲ့ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက ကင်ဆာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျှောချပေးပါတယ်။ နှမ်းမှာ သတ္ထုဓာတ်တွေ
အပြင် မဂ္ဂနီဆီယမ်ရဲ့ anti-carcinogenic effects တွေလည်းပါဝင်နေသလို 
phytate လို့ခေါ်တဲ့ free radicals တွေရဲ့သက်ရောက်မှုကိုလျှော့ ကျစေပြီး 
ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်း ပါဝင်နေပါတယ်။
 နှမ်းကနှလုံးရောဂါ၊ အရွယ်မတိုင်ခင်အိုမင်းတာ၊ ထိတွေ့မှုအာရုံကြောဆိုင်ရာချို့ယွင်းမှုတွေကိုသက်သာလျှော့ပါးစေနိုင်ပါတယ်။
 သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ 
အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေကိုလည်းသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

 **ဆီးချိုသက်သာစေနိုင်**

 မဂ္ဂနီဆီယမ်လိုမျိုး နှမ်းမှာပါတဲ့ဓာတ်တွေက ဆီးချိုမဖြစ်အောင် ကာကွယ်ပေး
သလို ဆီးချိုရှိပြီးသားသူတွေမှာလည်း ဆီးချိုသက်သာအောင်အထောက်အကူ
ပြုပေးပါတယ်။ နှမ်းက အမျိုးအစား – ၂ ဆီးချိုဝေဒနာသည်တွေအတွက်လည်း
သင့်တော်ပါတယ်။ နှမ်းက အင်ဆူလင်နဲ့ ခန္ဓာကိုယ်တွင်းက ဂလူးကို့စ်ပမာဏကို
ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုဝေဒနာနဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ရောဂါတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ 

**အရိုးကြံ့ခိုင်သန်စွမ်းစေ**

 နှမ်းမှာ အရိုးကိုကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ဇင့်၊ 
ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေပါဝင်နေတာကြောင့် အရိုးကိုကြံ့ခိုင်
သန်စွမ်းစေပါတယ်။ ထိခိုက်ဒဏ်ရာရတာကြောင့် အရိုးတွေထိခိုက်သွားတာနဲ့ 
အရိုးပွရောဂါလိုမျိုး အရိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေအတွက်လည်း နှမ်းက
အထောက်အကူပြုပေးပါတယ်။ 

**အစာကျေညက်စေနိုင်**

 နှမ်းစေ့လေးတစ်စေ့ချင်းစီမှာ အမျှင်ဓာတ်များစွာပါဝင်နေပါတယ်။ အမျှင်ဓာတ်က
 အစာချေစနစ်ကျန်းမာဖို့အတွက်တော်တော်လေး အထောက်အပံ့ဖြစ်စေပါတယ်။ အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီးအစာချေလမ်းကြောင်းရဲ့လှုပ်ရှားမှုကို
ကောင်းမွန်အောင်အထောက်အကူပြုပါတယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာလိုမျိုး ပြဿနာတွေကိုသက်သာစေပြီးအူမကြီးကို ကျန်းမာစေသလို အူလမ်းကြောင်း
ဆိုင်ရာရောဂါတွေနဲ့ ကင်ဆာဝေဒနာတွေကိုလျှော့ ပါးသက်သာစေပါတယ်။ 
အမျှင်ဓာတ်က နှလုံးကျန်းမာရေးအတွက်လည်းကောင်းသလို သွေးကြောတွေထဲက 
ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော LDL ကိုလည်းလျှော့ ကျ
စေနိုင်တာကြောင့် ရုတ်တရက် နှလုံးရပ်တာနဲ့လေဖြတ်တာ မျိုးမဖြစ်အောင်လည်း
 ကာကွယ်ပေးနိုင်ပါတယ်။ 

**နာကျင်ရောင်ရမ်းမှုသက်သာစေနိုင်**

 နှမ်းမှာကော့ပါးဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ
နာကျင်ရောင်ရမ်းမှုကိုလျှော့ ပါးသက်သာစေနိုင်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းနာ
ရောဂါကြောင့် အဆစ်အမျက်တွေနာကျင်တာကိုလည်း 
သက်သာစေနိုင်ပါတယ်။ ကော့ပါးက သွေးးကြောတွေ၊ အရိုးအဆစ်တွေကို 
သန်မာစေတဲ့အရေးပါတဲ့ သတ္ထုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ် တွင်းမှာကော့ပါးဓာတ်လုံလောက်စွာရှိနေမယ်ဆိုရင် သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေမှာဖြစ်သလို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ပမာဏ လုံလောက်စွာ
ရရှိစေနိုင်ပြီးကောင်းမွန်စွာ လှုပ်ရှားစေနိုင်ပါတယ်။ 

**ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်ခြင်း** 

ခံတွင်းကျန်းမာရေးအတွက် နှမ်းကအသုံးဝင်တယ်ဆိုတာကိုသိပြီးဖြစ်ရင်
 ဖြစ်နေမှာပါ။ နှမ်းမှာပါတဲ့အဆီကခံတွင်းထဲက ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး
 ခံတွင်းကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်။

 **အရေပြားနဲ့ ဆံသားကျန်းမာသန်စွမ်းစေ**

 နှမ်းမှာဇင့်ပါတာကြောင့် ကြွက်သားတစ်သျှူးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ 
ဆံသားနဲ့အရေပြားပေါ်က တစ်သျှူးတွေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
 နှမ်းဆီက အပူလောင်နာတွေကြောင့်ဖြစ်တဲ့ အမာရွတ်တွေနဲ့ ဒဏ်ရာတွေကို
လျှာ့  ပါးသက်သာစေနိုင်သလိုအရွယ်မတိုင်ခင် အိုမင်းတဲ့လက္ခဏာတွေကိုလည်းသက်သာစေနိုင်ပါသေးတယ်။ 

**ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်**

 နှမ်းစေ့မှာ ပရိုတင်းဓာတ်များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်
 စွမ်းအင်တိုးစေသလို ဆဲလ်ကြီးထွားမှုကိုလည်းဖြစ်ပေးစေတဲ့အပြင် လှုပ်ရှားမှုစွမ်းရည်ကိုလည်းကောင်းမွန်စေ ပြီး ဗီဝတွင်းဖြစ်စဉ်တွေကိုလည်း 
တိုးတက်စေပါတယ်။ 

မအေးသီမွန် 
[ref: Organicfacts] 

ကုမုဒြာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)