ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 25, 2017

လူထုကျန်းမာရေး(ရင်ဘတ်အောင့်တယ်လား ? ဒါမှမဟုတ် ရင်ဘတ်နာတယ်လား)

>
+Public Health+ 
ရင်ဘတ်အောင့်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော်တို့တွေ စိုးရိမ်တတ်ကြ
ပါတယ်။ နှလုံးရောဂါနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ရင်ဘတ်အောင့်တာကို
ကျွန်တော်တို့တွေက ဂရုတစိုက် သတိထားကြ ပါတယ်။ ဟာ့ခ်အတက်ခ်
 (Heart attack ) အန်ဂျိုင်နာ ( Angina ) နဲ့ ဟာ့ခ်ဘန်း ( Heart burn ) တို့မှာ
 ပထမနှစ်ခုက နှလုံးနဲ့သက်ဆိုင်ပြီး နောက်ဆုံးတစ်ခု ဟာ့ခ်ဘန်းကတော့
 အစာအိမ်လမ်း ကြောင်းနဲ့ ဆက်နွယ်နေပါတယ်။ Heart Attack, Angina
and Heart Burn Heart attack (ဟာ့ခ် အတက်ခ်) ကတော့ နှလုံးကို
သွေးထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေ ပိတ်တဲ့အခါ ခံစားရတဲ့
ရင်ဘတ်အောင့်မှုဖြစ်ပြီး Angina (အန်ဂျိုင်နာ ) ကတော့ အဲဒီသွေးကြော
 တွေက ကျဉ်းမြောင်းတဲ့အခါမှာရတဲ့ ရင်ဘတ်အောင့်မှုဖြစ်ပါတယ် ။
Heart burn (ဟာ့ခ်ဘန်း) ကတော့ နှလုံးနဲ့သက်ဆိုင်မှုမရှိဘဲ အစာအိမ်ထဲက
 အစာချေရည်အက်ဆစ်တွေက အပေါ်ဘက် အစာပြွန်ပေါ်ကို ပြန်တက်တဲ့
အခါ ခံစားရတဲ့ ရင်ဘတ်ထဲက ပူနာနာ အောင့်တောင့်တောင့် ခံစားရမှု
ဖြစ်ပါတယ် ။ အစာအိမ်ကလာတဲ့ ရင်ဘတ်ပူအောင့်မှုနဲ့ နှလုံးကလာတဲ့
 ရင်ဘတ်အောင့်မှုက ခံစားရတာ အနည်း ငယ် ဆင်တူနိုင်ပါတယ်။
 တကယ်လို့ နှလုံးကလာတယ်ဆိုရင် အသက်အန္တရာယ်အတွက်ပါ
စိုးရိမ်ရ တဲ့အတွက် ဂရုပြုရပါမယ် ။ အရေးပေါ်ဆေးကုသမှုကိုလည်း
 ခံယူရပါမယ်။  

**Heart attack က ဘာလဲ ?**

 Heart attack ဆိုတာကတော့ နှလုံးကိုထောက်ပံ့ပေးတဲ့ နှလုံးသွေးကြော
လေးတွေ ပိတ်ဆို့ရာ ကနေ ဖြစ်တာပါ ။ နှလုံးသွေးကြောတွေက နှလုံးကို
 အောက်ဆီဂျင်နဲ့ စွမ်းအင်တွေပေးတာဖြစ်ပါ တယ်၊ Heart Attack က
 နှလုံးရပ်တာအထိဖြစ်နိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆရာဝန်တွေက 
” Acute Coronary Syndrome “လို့ တင်စားလေ့ရှိကြပြီး Heart Attack ရဲ့ 
အတွေ့များတဲ့ လက္ခဏာတွေကတော့ ရင်ဘတ်အောင့်တာက ဆွဲညှစ်ခံ
ထားရသလို ဖိထားခံရသလို တင်း ကျပ်ပြီး အောင့်ပါတယ်။ လေးတဲ့ 
အလေးကြီးတစ်ခု ရင်ဘတ်ပေါ်ကို တင်ထားရသလိုမျိုး အောင့်တတ်ပါတယ်။
နာလိုက်ပျောက်လိုက်ဖြစ်နိုင်ပြီး မိနစ်အနည်းငယ်ထက် ပိုကြာတတ်ပါတယ်။
 Heart attack အားလုံးက တူညီတဲ့ ရောဂါလက္ခဏာ မပြတတ်ပါဘူး ၊
 အောင့်တဲ့နေရာက ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ဘတ်
အလယ်နဲ့ ဘယ်ဘက်အခြမ်းကနေ နာတာ အောင့်တာတွေ့ရမှာပါ ။
လက်မောင်း ၊ မေးရိုး နဲ့ ကျောဘက်တွေကိုလည်း အဲဒီနာကျင်မှုက 
ပျံ့နှံ့ နိုင်ပါတယ်။ တစ်ခါတလေ Heart Attack က ဒီပြင်တခြားသော 
လက္ခဏာတွေဖြစ်တဲ့ အေးစက် ခြင်း ၊ အသက်ရှုမဝခြင်း ၊ပျို့ အန်ခြင်း ၊ 
အားအင်ကုန်ခမ်းခြင်း ၊ ရီဝေဝေဖြစ်ခြင်းတို့နှင့် လည်း လာတတ်ပါတယ်။ 
ဆီးချိုရောဂါရှင်တွေက ရောဂါလက္ခဏာတွေကို သေချာခွဲခြား ခံစားနိုင်ခြင်း 
မရှိဘဲ မောပန်းသလိုခံစားရပြီး Heart attack ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 
အစာမကျေသလို ခံစားချက်ကလည်း ဆီးချိုသမားတွေဆီမှာ Heart Attack
 ရဲ့ ရောဂါ လက္ခဏာလိုမျိုး ခံစားရတတ်ပါတယ်။

 **Angina ဆိုတာကရော ဘာလဲ ?** 

 နှလုံးကိုသွားတဲ့ သွေးကြောလေးတွေကျဉ်းလာပြီး ခံစားရတဲ့ ရင်ဘတ်အောင့်
ဝေဒနာပါ။ တဖြည်းဖြည်းကျဉ်းလာတဲ့အတွက် ပိတ်သွားနိုင်ပြီး Heart Attack 
ရနိုင်ပါတယ်။ အဲဒီတော့ Angina ရှိတဲ့သူတွေက ဆေးကိုကုသမှုစနစ်တကျ
 ခံယူသင့်ပြီး Heart Attack အတွက် သတိရှိနေရပါမယ်။ Angina မှာ
 ရင်ဘတ်အောင့်တာက နားလိုက်တဲ့အခါနဲ့ ဆေးသောက် လိုက်တဲ့အခါ
 သက်သာသွားရင် Stable anginaလို့ ခေါ်ပါတယ်။ Unstable Angina 
ကတော့ နှလုံးက သွေးရော အောက်ဆီဂျင်ရော ပြတ်လပ်လာတာမို့ 
Heart Attack ပိုဖြစ်နိုင်ပါတယ်။

 **Heart Burn ဆိုတာကရော ဘာလဲ ?** 

 Heart Burn ဆိုတာက ရောဂါတစ်ခုဆိုတာထက် ရောဂါလက္ခဏာ
တစ်မျိုးသာလျှင်ဖြစ်ပါတယ်။ ရင်ပူလောင်တဲ့ ခံစားချက်မျိုးဖြစ်ပြီး
 အစာအိမ်ထဲက အစာချေရည်အက်ဆစ်တွေ အပေါ်ဘက်
 အစာပြွန်(oesophagus)ကို ပြန်လှန်ထွက်ခြင်းကြောင့် ခံစားရတာပါ။ 
Heart burn သည် နှလုံးရောဂါနဲ့ နှီးနွယ်ခြင်း မရှိပါဘဲ ဖြစ်တဲ့နေရာက
 ရင်ဘတ်မှာမို့ ရင်ဘတ်အောင့်တယ်လို့ အထင်မှားခံစားရတဲ့အခါလည်း
 ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်က အချွဲထုတ်ခြင်းခြင်းဖြင့် 
သူကိုယ်တိုင်က ထုတ်လုပ်တဲ့ အစာချေခြင်းမှာပါဝင်တဲ့အက်ဆစ်
အစာချေရည်က သူ့ရဲ့ အနား သတ်အသားတွေ အတွင်းသားတွေကို တိုက်စားမသွားအောင်ကာကွယ်ပါတယ်။ အစာအိမ် မရောက်ခင် 
အစာပြွန် ( oesophagus) မှာတော့ ဒီအချွဲထုတ်တဲ့ လုပ်ဆောင်ချက် 
မရှိတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အကြောင်းကြောင်းကြောင့်
 အစာပြွန်ထဲကို ပြန်လှန်တက်တဲ့အခါ သူ့အနားသားတွေ အတွင်းသား
တွေကို ထိခိုက်စေပါတယ်။ လူအများစုအတွက် ဒါက သိသာတဲ့ 
ခံစားချက်မျိးမဖြစ်စေပေမယ့် အက်ဆစ်ကိုခံစားလွယ်တဲ့ အာရုံကြောစနစ်
ရှိသူတွေမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာအိမ်ရဲ့အပေါ်ဘက်
 အစာပြွန်တလျှောက် ပူနေနာနေတတ်ပါတယ်။ Heart Burn ကို
ပျို့အန်ချင်တာ လေပွ လေထတာစတဲ့ အစာအိမ်လမ်းကြောင်း
 ရောဂါလက္ခဏာတွေနဲ့ လည်း အတူတူတွဲပြီးခံစားရနိုင်ပါတယ်။

 **Heart burn နဲ့ Heat attack ကြားက ကွာခြားချက်များ** 

 ရောဂါလက္ခဏာပေါ်မူတည်ပြီး Heart attack လား Heart burn လား
 ဆိုတာကတော့ ခွဲခြားဖို့ အနည်းငယ်ခက်ခဲတဲ့အတွက် ရောဂါလက္ခဏာအခြေခံတဲ့ ရောဂါနာမည်တပ်ခြင်းအပြင် စစ်ဆေး စမ်းသပ်ချက်တွေကိုလည်း မှီခိုရပြန်ပါတယ်။ ဆရာဝန်တွေကိုယ်တိုင်တောင်မှ သူတို့ကိုယ်တိုင် heart burn ဖြစ်တယ်လို့ ခံစားရလို့ ဆေးသောက်နေပေမယ့် မသက်သာလို့ စစ်ဆေးလိုက်မှ နှလုံးနဲ့သက်ဆိုင်နေပြီး
 Heart Attack ကို ဦးတည်နေတာမျိုးတွေ ကြုံဖူးတယ်လို့ ဆိုကြပါတယ်။ 
 သေချာ အတိအကျမဟုတ်ပေမယ့် Heart attack နဲ့ Heart Burn မှာအဓိက
ကွာခြားနိုင်တာတွေကတော့ Heart burn ကအစာစားပြီးတဲ့အချိန်ရယ် လှဲလိုက်တဲ့ 
အချိန်ရယ်မှာပိုပြီးဆိုးပါတယ်။( Heart Attack ကလည်း အစာစားပြီး ဖြစ်နိုင်တယ်
ဆိုပေမယ့် ) Heart burn ဆိုရင် အစာအိမ်က အက်ဆစ်ထုတ်လုပ်မှု လျှော့ ကျစေတဲ့
 ဆေးတွေသောက်လိုက်ရင် သက်သာပျောက်ကင်းပါတယ်။ Heart burn 
က အသက်ရှုကြပ်တာ လှုပ်လိုက်ရင် မောတာတို့ဖြစ်လေ့မရှိပါဘူး။
 Heart burn ဆိုရင် လေချဉ်တက်တာ လေပွတာပိုဖြစ်လွယ်ပါတယ်။

 **Heart Attack အတွက် ကုသမှု** 

တကယ်လို့ Heart Attack လို့ ယူဆရရင်တော့ အရေးပေါ်ကုသမှုခံယူ
ရမှာဖြစ်ပြီး နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ကုသရမှာဖြစ်ပါတယ်။ 
ECG နဲ့ နှလုံးခုန်နှုန်းတွေရဲ့ ပုံမမှန်ခြင်းကို ခြေရာခံနိုင်ပါ တယ်။
EChocardiography ၊ Angiography ၊ X rays ၊ သွေးစစ်ခြင်းများနဲ့ 
လိုအပ်သော စစ်ဆေး ခြင်းများက Heart Attack ကို စစ်ဆေးဖော်ထုတ်နိုင်
ပါတယ်။ Cardiac Catheterization ဆိုတာ ကတော့ ဆရာဝန်က လက်မောင်း 
သို့မဟုတ် ပေါင်ရဲ့သွေးကြောမှ စက်ရဲ့အကူအညီနဲ့ ဝင်ရောက်ကာ
 ကျဉ်းနေသော နှလုံးသွေးကြောကို ချဲ့ပေးသောကုသမှုတစ်မျိုးဖြစ်ပါတယ်။
 ပိုက်ပျော့လေးက နှလုံးရဲ့ကျဉ်းနေသော သွေးကြောကို balloon ဖြင့်
 ချဲ့စေပြီး stent လို့ ခေါ်တဲ့ ပြွန်လေးထည့်ကျန်စေခဲ့ကာ သွေးကြောကို
ကျယ်စေပါတယ်။ ဆေးဝါးကုသမှုတွင် Aspirin စသော သွေးကျဲဆေးများ
ကလည်း သွေးကြောအတွင်း သွေးခဲဖြစ်ခြင်း ပိတ်ခြင်းများအန္တရာယ်ကို
 လျှော့ ချ ပေးပါတယ်။ ရေရှည်အနေနဲ့ကတော့ Life Style changes
 အနေနဲ့ ဆေးလိပ် ၊ အရက်ကို ရှောင်ကြဉ်တာ ကျန်းမာရေးနဲ့ ညီသော 
အစားအသောက်များစားတာ လေ့ကျင့်ခန်းများလုပ်တာ တွေက
 နှလုံးကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ 

 **Heart Burn အတွက်ကုသမှု** 

 Heart burn ဆိုတဲ့ ရောဂါလက္ခဏာမှ တဆင့်ရောဂါ ရှာဖွေတဲ့အခါမှာ 
ဆရာဝန်က သင့်ကို မေးပါ လိမ့်မယ် ။ ဘယ်အချိန်မှာနာတယ် ၊ 
ဘယ်လောက် မကြာမကြာမှာ နာတယ်၊အစာစားပြီးတဲ့အခါ ပိုဆိုးလား၊ 
လှဲအိပ်နေရင် ပိုဆိုးလား စသည်ဖြင့်ပါပဲ ။ ပြီးတော့ အစာအိမ်ထဲက 
အက်ဆစ်ကို လျှော့ ချပေးတဲ့ ဆေးတွေက အလုပ်ဖြစ်သလားကြည့်ပါမယ်။
 Endoscopy လို့ခေါ်တဲ့ မှန်ပြောင်း အသုံးပြုပြီး အစာရေမျိုပြွန်မှာ 
ထိခိုက်မှုရှိမရှိကို စစ်ဆေးလို့ရပါတယ်။ အစာရေမျိုပြွန်ရဲ့ pH ကို 
စမ်းသပ်ခြင်းဖြင့်လည်း acid ပမာဏကို တိုင်းတာလို့ ရပါတယ်။ 
ဆရာဝန်တွေက ရောဂါလက္ခဏာကိုကြည့်ပြီး ရောဂါနာမည်ကို
တပ်ပါလိမ့်မယ်။ ကုသမှုကိုတော့ ရောဂါကိုစမ်းသပ်မှုများနှင့်
 သေချာစေပြီး စတင်မှာ ဖြစ်ပါတယ်။ 

ခွန်းညိုသွေး
 Health Guide 

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)