ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 24, 2017

လူထုကျန်းမာရေး(ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းပေးမယ့် သခွားသီး detoxလုပ်နည်း-၃မျိုး)

>
+Public Health+
 သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့အတွက်
 သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျရေသန့်ဘူးထဲ ထည့်စိမ်ထား
ပေးရုံပါပဲ။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဓာတ်တွေထဲမှာ
ဗိုက်တာမင်နဲ့ သတ္ထုဓာတ်လည်း ပါဝင်ပါတယ်။ သခွားသီးတစ်လုံးမှာ ခန္ဓာကိုယ်
အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျ ရေသန့်ဘူးထဲ ထည့်စိမ်ထား
ပေးရုံပါပဲ။ ပြီးရင် ရေငတ်တိုင်း သောက်ပေးပေါ့။ ဒါဆိုရင် သခွားသီးတစ်လုံး ရှိရုံနဲ့
အရသာရှိရှိ သောက်သုံးနိုင်မယ့် သခွားသီး detox ဖျော်ရည်လေးတွေကို
 ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စတော်ဘယ်ရီသခွား detox။

 စတော်ဘယ်ရီသီးတွေကတော့ ဗိုက်တာမင် စီ၊ မဂ္ဂနီစီယမ်၊
အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ အနံ့အရသာနဲ့လည်းပြည့်စုံတဲ့
ဒီအနီရောင်သစ်သီးလေးဟာ antioxidant နဲ့ anti-inflammatory
 (အရေပြား ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေလည်း
 ပါဝင်ပါတယ်။ ၄င်းဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာလည်း
ကူညီပေးပါတယ်။ ပူစီနံရွက်ကတော့ အသည်းထဲက သည်းခြေရည်တွေကို 
အူလမ်းကြောင်းတလျှောက် ချောချောမောမောစီးဆင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ်ကြွက်သားတွေကိုလည်း ပူစီနံရွက်တွေက ကူညီပေးနိုင်ပါတယ်။
 ရို့စ်မေရီရွက်ကတော့ ဗိုက်တာမင် အေ၊ ဘီစစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝတဲ့အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၄င်းကလည်း မှတ်ဉာဏ်နဲ့
 သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ 

စတော်ဘယ်ရီသခွား detoxထဲမှာ သခွားသီးတစ်လုံး၊ စတော်ဘယ်ရီသီး (၇) လုံးခန့်၊ 
ရို့စ်မေရီရွက် အနည်းငယ်၊ ပူစီနံရွက် လက်တစ်ဆုပ်စာ၊ ဆားအနည်းငယ်တို
့ ပါဝင်ပါတယ်။ အရင်ဆုံး သခွားသီးတွေ၊ စတော်ဘယ်ရီသီးတွေကို အတုံးလေး
တွေဖြစ်အောင် လှီးဖြတ်ပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် 
ငရုပ်ဆုံတစ်လုံးမှာ ရို့စ်မေရီရွက်ရယ်၊ ပူစီနံရွက်ရယ်၊ ဆားရယ်ကိုထည့်ပြီး
 ကြိတ်ခြေပေးလိုက်ပါ။ ပြီးရင် အဲဒီကရလာတဲ့ အရွက်ထောင်းနဲ့ အရည်တွေကို
 ခရားထ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ဖန်ခရားလည်ပင်းထိ
 ရေပြည့်အောင်ဖြည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါပြီ။ မသောက်ခင်
 ရေခဲနည်းနည်း ထည့်သောက်နိုင်ပါသေးတယ်။

 ၂။ စပျစ်သခွား detox။

 ရေဓာတ်ကုန်ခမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ
 စပျစ်သီးတွေက အကောင်းဆုံးပါပဲ။ သူတို့က အင်ဆူလင် ပမာဏကို 
ထိန်းညှိပေးပြီး အင်ဆူလင်တုံ့ပြန်မှုတွေကိုလည်း မြင့်တက်ကောင်းမွန်စေ
ပါတယ်။ အရွယ်လည်းတင်စေပါတယ်။ သံပရိုသီးကတော့ အစာခြေစနစ်ကို 
ကူညီပေးပါတယ်။ ငရုပ်ကောင်းမှုန့်ကတော့ ဗိုက်တာမင်အီး ကြွယ်ဝပြီး 
အစာခြေခြင်းကိုလည်း ထောက်ကူပေးပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ 
သခွားသီးတစ်ခြမ်း၊ အစိမ်းရောင်စပျစ်သီး (၁၀) လုံး၊ သံပရိုသီး (၁) ခြမ်း၊ 
ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သခွားသီးနဲ့ သံပရိုသီးကို
 ပါးပါးလေးတွေဖြစ်အောင် လှီးပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။
 ပြီးရင် စပျစ်သီး တွေကိုလည်း ထက်ခြမ်းခြမ်းပြီး ခရားထဲကို ထည့်လိုက်ပါ။
 ထုံးစံအတိုင်း ရေကို ပုလင်းလည်ပင်းထိရောက်အောင် ဖြည့်ပြီး ရေခဲသေတ္တာထဲ
ထည့်လိုက်ပါ။ မသောက်ခင်မှာ ငရုပ်ကောင်းမှုန့်လေး နည်းနည်းဖြူးပေးလိုက်ပါဦး။ 
ဒီ detox လေးကတော့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

၃။ သခွားသံပုရာ detox ။

သံပုရာရည်ဟာ အသည်းကထွက်တဲ့ သည်းခြေရည်တွေကို အူလမ်းကြောင်း
တလျှော
က် စီးဆင်းသွားအောင် ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်က 
အဆီပိုတွေကို ပျောက်ကွယ်စေပါတယ်။ ပူစီနံရွက်မှာတော့ အေးမြစေတဲ့ 
ဂုဏ်သတ္တိရှိပါတယ်။ နောက်ပြီး သူဟာ သည်းခြေရည်တွေ အသည်းက
အူလမ်းကြောင်းဆီ ချောမွေ့စွာ စီးဆင်းနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
 လိုအပ်တဲ့ ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ သံပုရာသီးတစ်လုံး၊ 
ပူစီနံရွက်အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြစ်ပါတယ်။ သခွားသီးနဲ့သံပုရာသီး
ကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဖန်ပုလင်း (သို့) ဖန်ခရားတစ်လုံးထဲမှာ
 ထည့်ပေးပါ။ ပူစီနံရွက် တွေကိုလည်း လှီးဖြတ်လိုက်ပါ။ ပြီးရင်ငရုတ်ဆုံထဲမှာ
 ပူစီနံရွက်နဲ့ဆားကိုရောပြီး ညင်သာစွာထောင်းပေးလိုက်ပါ။ ပြီးရင် ထွက်လာတဲ့
အရည်နဲ့ အရွက်တွေကို ဖန်ပုလင်းထဲကို ပြောင်းထဲပေးလိုက်ပါ။ ပြီးရင်တော့ 
ဖန်ပုလင်းလည်ပင်းနားထိ ရောက်အောင် ရေဖြည့်ပြီး ရေခဲသေတ္တာထဲမှာ
 အအေးခံထားနိုင်ပါပြီ။ 

 Source: stylecraze 

7 Day Journal

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)