ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 13, 2017

လူထုကျန်းမာရေး(သက်လတ်ပိုင်းအရွယ်မှာ ပရိုတင်းဓာတ် အလွန်အကျွံမစားသင့်)

>
+Public Health+ 
 ပရိုတင်းဓာတ် လွန်ကဲစွာ စားသုံးနေခြင်းဟာ ဆေးလိပ်သောက်သုံးခြင်းလိုပဲ
 ကျန်းမာရေးကို လွန်မင်းစွာ ထိခိုက်နိုင်တယ်။ ကယ်လီဖိုးနီးယားမှ
တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ လေ့လာမှုများအရဆိုရင် ပရိုတင်းဓာတ်
(အသားဓာတ်) လွန်ကဲစွာ စားသုံးခြင်းဟာ ကင်ဆာရောဂါဖြစ်လာနိုင်ချေကို
 မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်း
 အရွယ်တွေမှာ ဆိုရင် ပိုပြီးတော့ စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ သူတိုရဲ့လေ့လာမှု
များအပြီး အစီရင်ခံမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးဟာ သက်ကြီးပိုင်း
အရွယ်တွေကို ထိခိုက်နိုင်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြေးလျနို်င်ငံ
 ဆစ်ဒနီတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကလည်း ပရိုတင်းဓာတ် နဲ့
 ကာဘိုဟိုက်ဒြိတ်တို့ အကြောင်းကို ကြွက်များနှင့် သုတေသန ပြုလုပ်ခဲ့ပြီးတော့
 ပရိုတင်းဓာတ်နည်းပါးခြင်း နဲ့ ကာဘိုဟိုက်ဒြိတ် မြင့်မားခြင်းက အကျိုးကျေးဇူး
များကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါသေးတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်
မှ ပြုလုပ်လေ့လာခဲ့တဲ့ အမေရိကန်မှာ လူပေါင်း ၆၈၀၀ ကျော်ကို သုတေသန
ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာဆိုရင်တော့ အသက် ၅၀နှင့်အထက် လူတွေဟာ
 တစ်နေ့ကို ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို
 လေးကြိမ်ထက်မနည်း စားသုံးကြောင်း သိရှိခဲ့ရပြီး တစ်နေ့ကို နှစ်ကြိမ်မျှသာ 
စားသုံးသူတွေထက်ပိုပြီးတော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနဲ့ သေဆုံးနိုင်ချေ
 မြင့်မားနေကြောင်း လေ့လာတွေရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသက် ၆၅
 နှစ်နှင့်အထက် လူကြီးတွေမှာဆိုရင်တော့ ပရိုတင်းကြွယ်ဝစွာ စားသုံးမှုဟာ 
ကင်ဆာဖြစ်နိုင်ချေကို ၆၀ရာခိုင်နှုန်းထိ လျှော့ ချ ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပြီး 
ကင်ဆာကြောင့် သေဆုံးမှုကို ၂၈ ရာခိုင်နှုန်း လျှော့ ချပေးနိုင်ကြောင်း စစ်တမ်းမှာ
 ဖော်ပြခဲ့ပါတယ်။ ဆစ်ဒနီတက္ကသိုလ်က ကြွက်တွေကို လေ့လာတွေ့ရှိချက် 
စစ်တမ်းမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝမှု နဲ့ ကာဘိုဟိုက်ဒြိတ် နိမ့်ပါးခြင်းဟာ
 အစာစားချင်စိတ်ကို လျှော့ ကျစေပြီးတော့ ခန္ဓာကိုယ်အ၀လွန်မှုကိုလည်း
 လျှော့ ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပေမယ့် cardiometabolic ကြောင့် စောစီးစွာ
 သေဆုံးနိုင်ချေရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ သုတေသနမှာဆိုရင်
 ဆိုးကျိုးကောင်းကျိုး နှစ်ခု ရောယှက်နေပြီးတော့ 
ပရိုတင်းနည်းပါးခြင်းကြောင့်လေည်း သက်တမ်းတိုတောင်းမှုကို ဖြစ်စေနိုင်
ကြောင်း သူတို့ တွေ့ရှိခဲ့ပါတယ်။ ကာဘိုဟိုက်ဒြိတ် ဓာတ်ကြွယ်ဝတဲ့
 ကြွက်တွေမှာဆိုရင် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ပြီးတော့
 ပရိုတင်းနည်းပါးမှု၊ အစာကို လောဘတကြီးစားသုံးမှုကြောင့် အ၀လွန်
လာမှုရှိတဲ့ ကြွက်တွေအတွက်တော့ အန္တရာယ်ရှိကြောင်း သိရပါတယ်။

 လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Simpson က " ခန္ဓာကိုယ်အတွက်
 လိုအပ်တဲ့ ကယ်လိုရီတွေဟာ ဘာတွေကို စားသုံးမှုကြောင့် ရရှိလာလဲ
ဆိုတာကို ကျွန်တော်တို့ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒီ သုတေသနမှာ
ဆိုရင် ဘယ်လိုအစားအသောက်တွေကို စားသုံးခြင်းက ကျွန်တော်တို့
အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတာကို လေ့လာခဲ့
တာဖြစ်ပြီးတော့ အ၀လွန်မှု၊ နှလုံးကျန်းမာရေး နဲ့ metabolic နဲ့ ပတ်သက်ပြီး
တော့လည်း အကျုံးဝင်ပါတယ်" လို့ သူတို့ သုတေသနအကြောင်းကို 
ရှင်းပြခဲ့ပါသေးတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှ တက္ကသိုလ်တစ်ခုရဲ့ 
ပါမောက္ခဖြစ်သူ Longo ကတော့ " ဇီဝဖြစ်စဉ်တွေ၊ ကြွက်နဲ့ လူသားတွေကို
 ကျွန်တော်တို့ လေ့လာခဲ့ပြီးပါပြီ။ ဒီလေ့လာမှုတွေအပြီးမှာဆိုရင် ပရိုတင်းဓာတ်
 လွန်ကဲစွာ စားသုံးနေခြင်းဟာ ဆေးလိပ်သောက်သုံးခြင်းလိုပဲ ကျန်းမာရေးကို 
လွန်မင်းစွာ ထိခိုက်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့်
 သက်လတ်ပိုင်းအရွယ်တွေဆိုရင် ပိုပြီးတော့ ဆိုးရွားစေပါတယ်" လို့
 ပြောခဲ့ပါတယ်။ သုတေသနဖြစ်စဉ် (၂) ခုစလုံးမှာဆိုရင် လေ့လာတွေ့ရှိချက်
တွေဟာ အများစုတူညီမှုရှိခဲ့ပြီးတော့ သက်ရှိတွေရဲ့ ဇီဝကမ္မဖြစ်စဉ်၊ စားသောက်မှု
ပုံစံတွေကို အဓိကထား လေ့လာခဲ့တာဖြစ်ပြီး ခိုင်မာတိကျတဲ့ သက်သေတွေကို
လည်း ရရှိခဲ့ကြောင်း သိရပါတယ်။ 

Source : Medicalnewstoday 

7Day News Journal

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)