ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 9, 2017

လူထုကျန်းမာရေး(ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေးအကြောင်း)

>

+Public Health+
 ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေ
ရှိနေပါသေးတယ်။ ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါ
ဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို
ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။

**အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ**

 ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ
 (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့
 (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊
 နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့
 နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက်
ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

**အာခြောက်ခြင်း**

အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ
 ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေ
တစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်
မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။  

**ဆီးချိုသွေးချိုရောဂါ**

 အံ့သြစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာ
ဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ 
ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ Ketoacidosis လို့ခေါ်တဲ့ ဆီးချိုနောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်ပမာဏကို မထိန်းနိုင်တဲ့အခြေအနေကို 
ခံစားနေရကြောင်း သိရှိနိုင်ပါတယ်။ Ketoacidosis ဆိုတဲ့အခြေအနေဟာ
 ခန္ဓာကိုယ်တွင်း စွမ်းအင်ရရှိမှုအတွက် သကြားဓာတ်မှတစ်ဆင့်ဖြိုခွဲ
အသုံးပြုရမယ့်အစား ကိုယ်တွင်းအဆီကို လောင်ကျွမ်းစေပြီး စွမ်းအင်
ရယူကာ ketone များပြားလာတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ 
အ၀လွန်ခြင်း လေ့လာသုံးသပ်များအရ ခံတွင်းရနံ့ပုံမှန်မဖြစ်ခြင်းဟာ 
အ၀လွန်ခြင်းကို ပြသနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း သိရှိရပါတယ်။ BMI(ခန္ဓာကိုယ်ညွှန်းကိန်း)များပြီး အဆီပမာဏမြင့်မားတဲ့ သူတွေမှာ 
BMI ပုံမှန်ရှိတဲ့သူတွေထက်စာရင် Methane နှင့် Hydrogen ပမာဏ
ပိုများနေပြီး ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ ဖော်ပြပါဓာတ်ငွေ့
များဟာ ရေအိမ်ရနံ့နှင့် ဆင်တူယိုးမှားဖြစ်စေတဲ့ ခံတွင်းရနံ့ဆိုးကို
 ဖြစ်ပေါ်စေနိုင်ပါတယ်။ 

**ကျောက်ကပ် (သို့) အသည်းပျက်စီးယိုယွင်းခြင်း** 

 ကျောက်ကပ် (သို့) အသည်းယိုယွင်းပျက်စီးကြောင်း ဖော်ပြနိုင်တဲ့
 သိသာထင်ရှားသော ရောဂါလက္ခဏာများ အပြင် ခံတွင်းရနံ့ဟာလည်း
 ကျောက်ကပ်(သို့) အသည်းယိုယွင်းပျက်စီးခြင်းကို ဖော်ပြနိုင်ပါတယ်။
 ဖော်ပြပါရောဂါများခံစားနေရပြီဆိုရင် သင့်ခံတွင်းရနံ့မှာ သိသာထင်ရှားလာနိုင်ပါတယ်။
 အသည်း (သို့) ကျောက်ကပ် ယိုယွင်းပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်တွင်း 
အညစ်အကြေးများဟာ အဆုတ်မှတစ်ဆင့် ပြင်ပကို စွန့်ပစ်ရတဲ့အတွက်
 ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ 

 **အဆုတ်ကင်ဆာရောဂါ** 

အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့သူတွေမှာ ကွဲပြားခြားနားတဲ့ 
အငွေ့ပျံ့နိုင်သော ဓာတုဒြပ်ပေါင်းများ ခံတွင်းအတွင်းရှိနေတဲ့အတွက်
 ခံတွင်းရနံ့ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် အခြားသောအဆုတ်ရောဂါများနှင့် 
အဆုတ်ကင်ဆာကို ကွဲကွဲပြားပြားသိရှိနိုင်ပါတယ်။ ဖော်ပြပါဓာတုဒြပ်ပေါင်း
များဟာ လေထုထဲ လွယ်ကူစွာ အငွေ့ပျံ့နိုင်ပြီးခံတွင်းရနံ့ကို ပြောင်းလဲ
စေနိုင်ပါတယ်။ ဒါအပြင် အဆုတ်ကင်ဆာကို သိရှိစေဖို့အတွက် 
လျှပ်စစ်သုံးနှာခေါင်းတွင်း စစ်ဆေးမှုနည်းပညာနှင့် ရောဂါရှာဖွေလို့ ရပါတယ်။ 

 **Candida albnicansခေါ် မှိုရောဂါစွဲကပ်ခြင်း**

 ခံတွင်းရနံ့ဆိုးခြင်းကိုဖြစ်စေတဲ့ နောက်အကြောင်းအရာတစ်ခုကတော့
 လျှာပေါ်မှာ အလှတန်ဆာဆင်သူတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Candida
 albicans ခေါ် မှိုရောဂါစွဲကပ်ခြင်းဖြစ်ပါတယ်။ ဒီမှိုရောဂါဟာ သွားတွင်း
 အလှတန်ဆာဆင်သူများနှင့် အံကပ်တပ်သူများမှာလည်း ဖြစ်ပွားနိုင်
ပါတယ်။ ခံတွင်းရနံ့ဆိုးခြင်းဟာ ခံစားရတဲ့သူတွေအတွက် သက်တောင့်သက်သာ
မဖြစ်စေတဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုလည်း သိသိသာသာ လျှော့ ကျစေနိုင်
ပါတယ်။ သင့်မှာခံတွင်းရနံ့ဆိုးခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ
 တစ်ခုခုခံစားနေရပြီဆိုရင် ဆက်လက်သိရှိလို သောလမ်းညွှန်မှုများ၊ ရောဂါရှာဖွေမှုများနှင့်ကုသမှုများအတွက် သင့်ရဲ့ဆရာဝန် (သို့) ကျန်းမာရေး
စောင့်ရှောက်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ 

 ရေးသားသူ Dr. Sandar Lin

 လွင်ပြင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)