မိတ်ဆွေများခင်ဗျား…..။ တန်ဖိုးသိပ်မများတဲ့ လက်ကိုင်ပုဝါထည်ကို ဆောင်ဖြစ်အောင်ဆောင်ထားကြစမ်းပါ…။
လက်ကိုင်ပုဝါတထည်သာ သင့်မှာရှိရင်…..
(၁) တီဘီ ရောဂါကို အထူးကာကွယ်ပေးသည်။
(၂) ဆေးလိပ်အန္တရာယ်မှ ကာကွယ်သည်။
(၃) ဖုန်မှုန့်ဝင်၍ အသက်ရှုလမ်းကြောင်းတွင် ဒုက္ခပေးခြင်းမှ ကာကွယ်ပေးသည်။
(၄) ထိရှနာတခုခုဖြစ်လျှင် ပတ်တီးအဖြစ်အသုံးပြုနိုင်သည်။
(၅) ညစ်ပတ်သော၊ အဆီပြန်သော၊ ချွေးစိုသော၊ မျက်နှာကို လက်ကိုင်ပုဝါဖြင့်သန့်စင်၍ မိမိမျက်နှာအလှကို ထိန်းသိမ်း ပေးသည်။
(၆) ရေမွှေးနံ့သင်းသော လက်ကိုင်ပုဝါဖြင့် မူးမော်မေ့မြောနေသူကို လန်းဆန်းသတိရစေသည်။
(၇) ဘီ- ပိုးရှိသူ သောက်သုံးသွားသည်ဟု သံသယရှိသော ဖန်ခွက်နုတ်ခမ်းများကို လက်ကိုင်ပုဝါဖြင့်သုတ်၍ သုံးစွဲပါ။
(၈) ရေနွေးကြပ်ပူထိုးခြင်း၊ ယောင်နေလျှင်ရေခဲဖြင့်ထုတ်၍ ဆောင့်မိသောအဖုလုံးများကို ပိန်စေသည်။
(၉) လူကြီးလူကောင်းတယောက်ဖြစ်ကြောင်း သဘောပေါက်စေသည်။
(၁၀) ရုတ်တရက် မမျှော်လင့်သောအရေးပေါ် ကိစ္စရပ်များအတွက် လက်ကိုင်ပုဝါကို တခါသုံးသန့်စင်ပစ္စည်းအဖြစ်လည်း သုံးနိုင်သည်။
ထိုင်းနိုင်ငံတွင် လက်ကိုင်ပုဝါတထည်၏ တန်ဖိုးမှာ ၁၀ ဘတ်- ၁၅ ဘတ် သာတန်ပါသည်။ သို့ရာတွင် ရရှိလာမည့် အ ကျိုးကျေးဇူးများမှာ သင့်အတွက် ထောင်သောင်းမကသော ငွေကုန်ကြေးကြ များမည့်ကိစ္စမျာကို သက်သာစေပါသည်။
ပေးပို့သူ……..စေတနာဦးဦး
(ရွှေ့ပြောင်းတဦး)
(18 Oct, 2008)

No comments:
Post a Comment