မိုးရာသီရဲ့ တော်သလင်းနေပူရှိန်ကြောင့် ရုံးခန်းထဲမှာ ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ တိုင်စာတွေကို ပြန်စီစစ်နေတဲ့ကျမ ဟာ အခန်းရဲ့အပူရှိန်ကပါ ထပ်ဆင့်ကူးစက်လာတာကြောင့် ရုံးခန်းအပြင်ဘက် သရက်ပင်အရိပ်အောက်မှာ ခဏအနားယူနေ မိပါတယ်။ ``တော်သလင်းနေ ပုဇွန်သေ``ဆိုတဲ့ဆိုရိုး စကားအတိုင်း အပြင်မှာလည်း တံလျပ်တွေက တရိပ်ရိပ်ထအောင် ပူပြင်းလှပါတယ်။
ဒီအချိန်မှာဘဲ ရုံးဝင်းခြံတံခါးဝမှာ အသက်(၄၀)ခန့် အမျိုးသမီးတ ယောက်ဟာ ကျမတို့ JACBA ရဲ့ လက်ကမ်းကြော်ငြာ လေးကိုကိုင်ပြီး တိုက်တန်းနံရံမှာ ကပ်ထားတဲ့အဖွဲ့ဆိုင်းဘုတ်ကိုကြည့်လိုက်၊ သူမလက်ထဲက လက်ကမ်းစာ စောင်လေးကိုကြည့် လိုက်နဲ့ သောကကြောင့်ညှိုးရော်နေတဲ့မျက်နှာဟာ နေပူရှိန်ကပါထပ်ဆင့်လိုက်တော့ အိုမင်းသွားသလိုပါဘဲ။ ကျမလည်း ခြံတံ ခါးကိုဖွင့်ပေးပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်၊ လာရင်းကိစ္စကိုမေး၊ ဒီအခါမှာ သူမဟာ ချုန်းပွဲချငိုပါတော့တယ်။ ထိုအခါ မြန်မာ အမျိုးသမီးချင်းစာနာစိတ်နဲ့ မငိုဖို့အားပေးနှစ်သိမ့်ရင်း သူမရဲ့အခက်အခဲကိစ္စတွေကို မေးမြန်းတဲ့အခါ အခုလို ပြောပြပါ တယ်။ သူမပြောပြတာတွေကို ကျမက စီကာစဉ်ကာ ဖောက် သည်ချပြရမယ်ဆိုရင် ဒီလိုပါရှင်…။ ကျမနာမည်က မနုအေး ပါ မွန်ပြည်နယ်၊ သထုံမြို့ရဲ့ တောရွာလေးတခုမှာ ကျမကိုမွေးပြီး ကျမတို့မိသားစုမှာ ညီအကို မောင်နှမများတာ ကြောင့် ပညာရေး ကို ဆုံးခန်းတိုင်အောင်မသင်နိုင်ခဲ့ပါဘူး။ ရွာမှာတော့ ကျမကို နုံနုံအအမို့လို့ အမေပေးတဲ့ မနုအေးအစား မနုံ အေးလို့ အားလုံးကကင်ပွန်းတပ်ကြပါတယ်။ မောင်နှမများတဲ့ ကျမတို့မိသားစုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေဟာလည်း ကွယ်လွန်သွားတော့ စားအိုးကြီးလှတဲ့ ကျမတို့မိသားစုအတွက် ကျမဟာ အလုပ်တခုထွက် လုပ်ဖို့ဆုံး ဖြတ်လိုက်တယ်။ အဆင်သင့်ဆိုသလိုပဲ ကျမတို့ရွာမျာ မဲဆောက်ကိုသွားပြီးအလုပ်လုပ်ဖူးတဲ့ အသိတယောက်နဲ့ ဆက်သွယ် မိ လို့ မဲဆောက် မြို့ကိုရောက်ခဲ့တယ်။ စက်ချုပ်ရုံတခုမှာ အမွှေးညှပ်အလုပ်ကို ရသွားတယ်။ ကျမတို့ အထည်ချုပ်စက်ရုံက လူ(၅၀)ခန့် သာရှိပြီး မှတ်ပုံမတင်ပဲ အိမ်ရုံအဖြစ် နားလည်မှုနဲ့ဖွင့်ထားတဲ့ စက်ချုပ်ရုံဖြစ်ပါတယ်။ ကျမ အလုပ်စဆင်း ပြီး(၅)ရက် လောက်မှာပဲ အလုပ်ရှင်မမက အလုပ်သမားတွေအတွက် ထမင်းချက်ဖို့လူတယောက်လိုနေကြောင်းသိရတော့ ကျမလည်း အ လုပ်ရှင်အခက်အခဲကို ကူညီရာရောက်ပြီး မိသားစုအတွက်လည်း ငွေပိုမိုပို့နိုင်အောင် ထမင်းချက်အလုပ်ကို လက်ခံလိုက်ပါ တယ်။ အလုပ်ရှင်မမက စပြောတုန်းက ထမင်းချက်ပဲဆိုပေမယ့် သူမရဲ့ အိမ်မှုကိစ္စအ၀၀အပြင် အသက်(၃၀) လောက်ရှိတဲ့ သားနှစ်ယောက်ရဲ့ ဗာဟီရအလုပ်တွေကိုပါ လုပ်ကိုင်ပေးရပါတယ်။ အဲဒီလိုလုပ်ရပေမယ့် မိသားစုအတွက် ငွေ အရမ်းလိုနေ တဲ့ကျမဟာ အိမ်မှုကိစ္စတွေကိုပါ မညည်းမညူပဲ လုပ်ကိုင်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ ကျမ အလုပ်သက်(၄)လလောက်အကြာမှာ လူကြုံနဲ့စာလာပါတယ်။ ``အမေ့အသက်ကိုမီချင်ရင် အခုစာရရချင်းပြန်ခဲ့ ပါ`` တဲ့။ ကျမဟာ ထူပူပြီး အိမ်ကရေးလိုက်တဲ့စာကို အလုပ်ရှင်ကိုပြရင်း ကျမစရောက်တဲ့ အချိန်ကစပြီး တဘတ်မှမ ထုတ်ရသေးတဲ့ လုပ်ခလစာကိုတောင်းတယ်။ ဒီအခါမှာ အလုပ် ရှင်မမက နင့်လစာကိုနောက်မှပေးနိုင်မယ်လို့ပြောတယ်။ ကျမ လည်းအမေအသည်းအသန်ဖြစ်နေလို့ အလွန်အရေးကြီးလို့ပါ တောင်းပန်တော့ ငါ့မှာပေးစ ရာမရှိဘူးတဲ့။ ကျမတော်တော်ခံ ပြင်းမိတယ်။ ကျမရဲ့မိသားစုအတွက် ချွေးနဲ့ရင်းပြီး ရတဲ့လုပ်အားခကို တဘတ်မှပေးစရာမရှိဘူးဆိုတော့ ဘယ်လောက်ဒေါ သထွက်စရာကောင်းသလဲ။ ဒါဟာ ကျမတို့ မြန်မာမိန်းကလေးတွေရဲ့ ရိုးသားမှုကိုအခွင့်ကောင်းယူပြီး အမြတ်ထုတ်တာပဲ။ ဒါနဲ့ ကျမလည်း အဲဒီအလုပ်က ထွက်ခဲ့တယ်။
အဲဒီအချိန်မှာ လမ်းမှာလိုက်ဝေနေတဲ့ JACBA ရဲ့ လက်ကမ်းကြော်ငြာကို ဖတ်ကြည့်ပြီး အားကိုးတကြီးလာခဲ့ပါတယ်။ တကယ် တော့ ဒါဟာရေနစ်သူ အတွက်ကောက်ရိုးလေးတမျှင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ရောက်လာခဲ့တာပါ။ JACBA ကိုရောက်တော့ တာဝန်ရှိသူတွေထံ ကျမရဲ့အဖြစ်ကို ငိုလည်းငို၊ ပြော လည်းပြောပြရင်း ကျမရဲ့ လုပ်အားခပြန်လည်ရရှိအောင် ကူညီပေး ဖို့ ပန်ကြားခဲ့ပါတယ်။ မိတ်ဆွေများဟာ ကျမကိုနွေးထွေးစွာ ကြိုဆိုပြီး သူတို့တတ် နိုင်တဲ့ဘက်ကနေ ကျမလုပ်အားခပြန် လည်ရရှိအောင် ကူညီမယ်လို့ အားပေးပါတယ်။ မိတ်ဆွေတွေဟာ ကျမကို နေရပ်လိပ်စာ၊ မိဘအမည်၊ လက်ရှိလုပ် ကိုင်တဲ့ စက်ရုံစသဖြင့် မေးခွန်းတွေမေးပါတယ်။ ဒီမေးခွန်းတွေထဲမှာ စက်ချုပ်ရုံက တနေ့လုပ်ခဘယ်လောက်ရသလဲ ဆိုတာလည်း ပါဝင်ပါတယ်။
ကျမဘယ်လောက်ထိ နုံအသလဲဆိုတာ သူတို့မေးမှပဲသိလိုက်ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမအလုပ်စ၀င်ကတည်းက တ နေ့လုပ်ခဘယ် လောက်ရသလဲဆိုတာ မမေးမိခဲ့ဘူး။ ကျမရဲ့ အားနာမှုတွေ၊ နုံမှုတွေကြောင့် သူများတကာတွေလစာထုတ်တိုင်း ကျမလစာမရခဲ့သလို ကျမကိုယ်တိုင်က လည်း ဖိဖိစီးစီးမတောင်းခဲ့တဲ့အပြင် အလုပ်ရှင်မမက စုထားပေးတာပါလို့ ယူဆခဲ့ပါ တယ်။ အဲဒီအတိုင်း(၄)လလုံးလုံး တနေ့ဘယ်လောက်ရတယ်၊ တလ ဘယ်လောက်ရတယ်ဆိုတာတွေကို မသိခဲ့ပါဘူး။ အိမ်ကစာ လာမှပဲ အလုပ်ရှင်မမဆီက ပထမဦးဆုံး လစာတောင်းကြည့်တာဖြစ်သလို ကိုယ်ဘယ် လောက်ရမယ်မှန်း မခန့်မှန်းတတ်ပါ ဘူး။ အဲဒါကိုသာကြည့်ပါတော့ရှင်။ အသိဥာဏ်ဒီလောက်တိုးတက် နေတဲ့ခေတ်မှာ ကျမဟာရိုးတာလား၊ အတာလား၊ နုံအတာ လား၊ သုံးခုစလုံးလား ကျမကိုယ်ကျမ ဘာမှန်းကိုမသိတော့ပါဘူး။
အခုတော့ JACBA မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ကျမလုပ်အားခ(၄)လစာရရှိဘို့အတွက် အလုပ်သမားကာကွယ်ရေးရုံး (ခေါ်)ဆ၀ါဒီကန်မှာ တိုင်ကြား ထားပါတယ်။ ကျမပြောလိုတာက ကျမလိုအားနာမှု၊ ကိုယ့်လုပ်အားခဘယ်လောက်ရမှန်း တောင် မသိတဲ့နုံအမှုစတဲ့ အဖြစ်တွေကို ရပ်ဝေးမြေခြားရောက် ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဘ၀တူတွေသင်ခန်းစာ ရယူ နိုင်အောင် မြန်မာပြည်သားစာစောင်ကတဆင့် ရင်ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်။
ပေးပို့သူ... ဒေလီယာ
(ရွှေ့ပြောင်းတဦး)
(19 Oct, 2008)

No comments:
Post a Comment