ကျေးဇူးတင်လိုက်တာ။ လင်မယားနှစ်ယောက် မနက်(၈)နာရီက ည(၁၁)နာရီအထိ နေ့စဉ်အချိန်ပိုဆင်းလို့ တကုပ်ကုပ်လုပ်ထားရပြီး၊ ထမင်းစရိတ်၊ ဆိုင်ကြွေး၊ ဆေးစစ်ခ၊ မှတ်ပုံတင်ဘိုးနှုတ်ပြီး ကျန်တဲ့ငွေကလေးကို စေတနာအပြည့်နဲ့ ပေးနေရှာရဲ့ ။
အဘအတွက် ရတတ်မအေးရှာလို့ အဖြစ်က ဒီလို လေးပါ။ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် တရက်မှာ လစာထုတ်ပြီးတာနဲ့ မိဘနဲ့တူတဲ့ အဘဆီကိုလာလည်ပြီး ဈေးသွားကြတယ်။ မဲဆောက်မြို့ ဘင်္ဂလားဒေ့ရှ် ရပ်ကွက်ထဲက ဆုံဆည်းရာကဖေးမှာ အအေးသောက်ကြတယ်။ အသုတ်စားကြတယ်၊ ဈေးဝယ်ကြတယ်၊ ပျော်ပျော်ပါးပါး ချက်ပြုတ်စားဘို့အတွက် အဆွဲ အဆွဲ တွေနဲ့ ပြန်လာကြတယ်။ ခြေလျင်ဘဲပေါ့။ အစ္စလမ်လမ်း ဗလီအရှေ့ ဒေါင့်မှာ တွေ့ရတာကပုလိပ် တယောက်ထဲ။ သူ တို့နှစ်ဦးက ကြောက်စိတ်လုံးဝ မရှိဘူး။ အထောက်အထားတွေ အစုံရှိကြတယ်လေ။ သေသေချာချာစစ်တယ်။ အိုကေပေါ့၊ မအိုကေတာက နောက်တ ကြိမ်အိတ် တခုကိုအရှာမှာ အမှတ်တမဲ့ထည့်ထားမိတဲ့ စီဒီပြားလေးတချပ်၊ အဖော်တွေအတွက် အပျော်လေးတွေပေးကြည့်ဘို့ အသိတယောက်က အခ မဲ့ငှားပေးလိုက်တာ ဘာဖြစ်တာမှတ်လို့ပေါ့။
ပုလိပ်က ရစ်ပြီ…..။ ရုပ်ပုံက ပြူးပြဲကြွထနေတာကိုး။ တရားဥပဒေနဲ့ ပြောရရင်အမှန်တကယ် ငြိစွန်းနေပြီလေ။ အေးအေး ဆေးဆေး လိုက်သွားရတော့ မှာပေါ့။ ကျန်တဲလူတွေကတော့ ငိုတော့မလိုလိုနဲ့ အားပေးလိုက်တယ်။ ဘာမှ မစိုးရိမ်နဲ့ ပြန် သွားကြတော့။ လိုအပ်တဲ့ဆီကို ဖုန်းဆက်မှာလိုက်တယ်။ လိုက်သွားတယ်။ ရဲစခန်းရောက်တော့ ထိုင်း-ဥပဒေ အတိုင်းဆိုရင်ဘတ် (၃၀၀၀၀)။ ဒဏ်မဆောင်နိုင်က ထောင်(၆)လတဲ့။ ဥပဒေနဲ့ ငြိ့ပြီဆိုတော့ ရဲနှင့် ညှိ့ရတော့တယ်။ ကူညီပါ ကယ်ပါပေါ့။ မြန်မာပြည်မှာဆို လွယ်မှာမဟုတ်ဘူး။ မရှိတဲ့ကြားကရှာပြီးရဲကိုပေးရတယ်။ မောင်မင်းကြီးသား ကျမ္မာပါစေ။ တချပ် ဘတ် (၂၀၀၀)တဲ့ဗျ။ ညှိ့နှိုင်းဈေးက ဘတ် (၆၀၀)ခင်ဗျ။ ရော့အင့်…….. ဘတ်(၆၀၀) ပေါ့ဗျာ…။
မထင်မှတ်စရာပေမဲ့
ဆင်ခြင်အပ်စရာတွေပါကွဲ့…..အရပ်ကတို့ရေ…။
ပေးပို့သူ... မောင်မှန်
(ရွှေအလုပ်သမား)
(20 Oct, 2008)

No comments:
Post a Comment