အမှားကို သိလျှင်
အမှန်ပြင်
သင့်တွင်ရှိဝန်တာ…။
လုပ်ခ မပေး
ထိုသူဌေး
စုဝေး ဆန့်ကျင်ရာ…။
နည်းလမ်းများစွာ
စုဝေးရှာ
ရလာ ဖြန့်ဝေပါ…။
စုပေါင်းလုပ်မှ
ထိုဒုက္ခ
လွတ်မြောက်ကြမည်သာ…။
နိုင်ငံ့အရေး
သင့်အရေး
အမြဲတွေးကြည့်ပါ…။
သည်အတိုင်းသာ
အနာဂတ်မှာ
တိုးပွားဆိုးမည်သာ…။
မကောင်းမြင်က
တားဆီးကြ
ဒါမှ မျိုးချစ်ပါ…။
ဒုက္ခဘေးဒဏ်
စုပေါင်းလှန်
အမြန်ကင်းမည်သာ…။
အောင်မြင်ကျော်ကြား
လူတော်များ
ကိုယ်ရေး လျော့ထားပါ…။
သင့်ဘေးအနား
ငတ်သူများ
စိတ်ထား စာနာပါ…။
တဏှာ ရမ္မက်
တခဏ အတွက်
ပျက်ကြ ဘ၀များစွာ…။
ကိုယ်ချင်းစာလျှင်
အပျိုစင်
မဖြစ်ချင် ပြည့်တန်ဆာ…။
ကယ်ရီ လူရှုပ်
အကျင့်ယုတ်
ပို့ထုတ် ဈေးကောင်းရာ…။
သတင်းမရ
မိနှင့် ဖ
သောက ပင်လယ်ဖြာ…။
ဘုရားထံတွင်
ရှိခိုးလျှင်
နေ့စဉ် ဆုတောင်းတာ…။
ဖြူဖြူဖွေးဖွေး
သမီးလေး
ဘေးကင်းရစေသား…။
ကျားရဲ တထောင်ကြား
မိန်းမငယ်များ
ကြားရ စိတ်မချမ်းသာ…။
အမျိုးကို ချစ်လျှင်
ကိုယ့်ဝန်းကျင်
မဖြစ်ခင်တားဆီးပါ…။
အဲဒါမှ
မဲဆောက် ဒေသ
အလှ ဝေေ၀ဖြာ…။
ပေးပို့သူ…..မင်းသွေး
(ရွှေ့ပြောင်းလုပ်သားတဦး)
(20 Oct, 2008)
အမှားကို သိလျှင်
အမှန်ပြင်
သင့်တွင်ရှိဝန်တာ…။
လုပ်ခ မပေး
ထိုသူဌေး
စုဝေး ဆန့်ကျင်ရာ…။
နည်းလမ်းများစွာ
စုဝေးရှာ
ရလာ ဖြန့်ဝေပါ…။
စုပေါင်းလုပ်မှ
ထိုဒုက္ခ
လွတ်မြောက်ကြမည်သာ…။
နိုင်ငံ့အရေး
သင့်အရေး
အမြဲတွေးကြည့်ပါ…။
သည်အတိုင်းသာ
အနာဂတ်မှာ
တိုးပွားဆိုးမည်သာ…။
မကောင်းမြင်က
တားဆီးကြ
ဒါမှ မျိုးချစ်ပါ…။
ဒုက္ခဘေးဒဏ်
စုပေါင်းလှန်
အမြန်ကင်းမည်သာ…။
အောင်မြင်ကျော်ကြား
လူတော်များ
ကိုယ်ရေး လျော့ထားပါ…။
သင့်ဘေးအနား
ငတ်သူများ
စိတ်ထား စာနာပါ…။
တဏှာ ရမ္မက်
တခဏ အတွက်
ပျက်ကြ ဘ၀များစွာ…။
ကိုယ်ချင်းစာလျှင်
အပျိုစင်
မဖြစ်ချင် ပြည့်တန်ဆာ…။
ကယ်ရီ လူရှုပ်
အကျင့်ယုတ်
ပို့ထုတ် ဈေးကောင်းရာ…။
သတင်းမရ
မိနှင့် ဖ
သောက ပင်လယ်ဖြာ…။
ဘုရားထံတွင်
ရှိခိုးလျှင်
နေ့စဉ် ဆုတောင်းတာ…။
ဖြူဖြူဖွေးဖွေး
သမီးလေး
ဘေးကင်းရစေသား…။
ကျားရဲ တထောင်ကြား
မိန်းမငယ်များ
ကြားရ စိတ်မချမ်းသာ…။
အမျိုးကို ချစ်လျှင်
ကိုယ့်ဝန်းကျင်
မဖြစ်ခင်တားဆီးပါ…။
အဲဒါမှ
မဲဆောက် ဒေသ
အလှ ဝေေ၀ဖြာ…။
ပေးပို့သူ…..မင်းသွေး
(ရွှေ့ပြောင်းလုပ်သားတဦး)
No comments:
Post a Comment