ခရစ်ယာန်ဘုန်းကြီးက မန်ချက်စတာယူနိုက်တက်ကလပ်အသင်းနှင့် ပေါ်တူဂီလက်ရွေးစင်ဖြစ်သူ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒို(ခေါ်)ဒိုလေးကို မေးမြန်းသည်။
``(ဘုန်းကြီး)….. မင်းက မိန်းမပွေလွန်းတယ်ဆို၊ ခဏခဏကြားနေရတယ်…..။``
(ဒိုလေး)…. ဂျာနယ်တွေက ဖွနေကြတာပါ ဖာသာ…….။
(ဘုန်းကြီး)…. ဒါဆိုရင် ငါ့ကိုရှင်းအောင် ပြောပြစမ်းပါဦးကွယ်…။
``(ဒိုလေး)…. ဒီလိုပဲ ဖာသာ၊ ပထမ တယောက်တုန်းက သူ့အိမ်ကို အလည်သွားပါတယ်။ အဲဒီမှာ ဗြုန်းဆို မိုးရွာချလိုက် တော့ ကျနော့်မှာ ပြန်ဖို့ထီးမပါလို့ အဲဒီမှာ အိပ်ရင်းမှားမိတာပါ``
(ဘုန်းကြီး) ဒါဆို…. နောက်တယောက်ကကော…
(ဒိုလေး)…. ဒုတိယ တယောက်ကျတော့လည်း အီတလီရောက်နေတုန်း အမျိုးသမီးတဦးနဲ့ သိကျွမ်းပြီး သူ့အိမ်ကို အလည် လိုက်သွားပါတယ်။ အဲဒီမှာ ဗြုန်းဆိုမိုးရွာပြီးပြန်ဖို့ ထီးမပါလို့ အဲဒီမှာ အိပ်ဖြစ်ပြီးမှားခဲ့ပြန်တာပါ….။
(ဘုန်းကြီး)… ကောင်းပြီလေ၊ ဟိုတယောက်ကကောကွဲ့…။
(ဒိုလေး)…. အဲ… အဲဒီတတိယ တယောက်ကလည်း။ စပိန်သွားတုန်းက သူငယ်ချင်းမဆီအလည်သွားပါတယ်။ အဲဒီမှာ ဗြုန်း ဆိုမိုးရွာချလိုက်ပြီး ပြန်ဖို့ ထီးမပါလို့ ထပ်မှားမိပြန်တာပါ….။
(ဘုန်းကြီး)….. ဟေ…. ဒါနဲ့ အခုကော မင်းမှာ ထီးပါရဲ့ လား….။
(ဒိုလေး)…. မပါ ပါဘူး….။
(ဘုန်းကြီး)…. ပြန်ကွ၊…. ဒါဆိုမြန်မြန်ပြန်၊…. ဟိုမှာကြည့်၊…. မိုးတွေအုံ့နေပြီ….။
မှတ်ချက်……(နိုင်ငံရပ်ခြား ဘောလုံးဟာသများမှ) ဘာသာပြန်ဆိုပါသည်။
(21 Oct, 2008)

No comments:
Post a Comment