ညီအကိုမောင်နှမအားလုံးကို သိစေချင်တယ်။ လူလူချင်းစာနာစေချင်တယ်၊ သနားစေချင်တယ်၊ ထောက်ထားစေချင်တယ်၊ သခင် အားရကျွန်ပါးဝ အဖြစ်မျိုး မလိုလားဘူး။ အမိမြေကိုစွန့်ပြီး တိုင်းတပါးမှာလားရောက်ပြီး အလုပ်လာလုပ်တာဟာ စီးပွား ရေးမပြေလည်လို့(သို့) အကြောင်း အမျိုးမျိုးကြောင့်ပဲ မဟုတ်ဘူးလား။
သိကြရဲ့ သားနဲ့ ဘာကြောင့်တယောက်နဲ့ တယောက် လူသားအချင်းချင်းစာနာတရားမထားဘဲ ရထားတဲ့အာဏာကို အခွင့်ကြောင်း ယူပြီး နိုင့်ထက်စီးနင်း ပြောဆိုဆက်ဆံတတ်တဲ့ အလုပ်သမားကြီးကြပ်ရေးမှူးရဲ့ အကြောင်း ရင်ဖွင့်ချင်တယ်။
``ရာသီသုံးဥတုစလုံး သူရာသီနဲ့သူ၊ မိုးရွာတဲ့ဒဏ်၊ ပြီးတော့အင်မတန်မှ ပူပြင်းတဲ့ဒဏ်တွေကိုလဲ ခါးစည်းပြီး ကြိတ်ခံရင်းနဲ့ဘဲ နံနက်(၆း၀၀)နာရီ အလုပ် ခွင်ထဲကို အရောက်သွားရတယ်။ ဒါပေမဲ့ ကလေးတွေများတော့ ဝေယျာဝစ္စတွေကလဲများတယ်။ အလုပ်ခွင်ကို အပြေးအလွှားနဲ့ သွားခဲ့ရပါတယ်။ ဒါပေမဲ့ အလုပ်ကြပ်ရဲ့ ဆီးကြိုသံက နွေခေါင်ခေါင်မိုးကြိုးပစ်ခံရသလိုဘဲ။ (၆း၀၀)နာရီ ခွဲနေပြီ။ ဒါအလုပ်လာချိန်လား။ အလုပ်ကိုမလေးစားတာလား။ အလုပ် ပြုတ်သွား ချင်သလား။ ထမင်းအိုး ကွဲ သွားချင်သလား။ ဒီအလုပ်ရှိနေလို့ နင်တို့တွေထမင်းနှပ်မှန်နေတာ ကောင်းကောင်းလုပ် အားလုံးလဲမှတ်ထားကြ။``
ညီအကိုမောင်နှမတို့ရေ….။ ဒီလိုအသံ ဒီလိုလုပ်ရပ်တွေဟာ မှန်သလား မှားသလားဆိုတာ ဝေဖန်ပေးကြပါအုံးနော်။ နံနက် (၀၅း၀၀)နာရီခွဲ နှင်းမှုန်တွေ တအားကျနေတဲ့ကြားထဲက ဒို့သူငယ်ချင်းတွေ ချမ်းအေးတဲ့ဒဏ်ကို အန်တုပြီး အလုပ်လုပ်နေ ကြတာ ဒို့ဖြင့်လေ မြင်သာမြင် ရင်မှာမရွှင်ပြနိုင်ဘူးဆိုတဲ့ စကားလိုဘဲ တမျိုးကြီးခံစားနေရတယ်။ ``တောမီးလောင် တော ကြောင်လက်ခမောင်းခတ်`` ဆိုတဲ့စကားလိုဘဲ အမိမြေမှာလဲ အဆင်မပြေ ဒီကိုလာတော့ လဲ သားကောင်ကသောင်းကျန်း ကြား ထဲကမြေဇာမြက်ကလေးတွေကလဲ အနင်းခံရ၊ လူလူချင်း စာနာမှုကင်းမဲ့ကြ။ ဒါတွေအားလုံးဟာ တဦးနဲ့ တဦးနားလည်မှုတွေ လွဲနေလို့ပေါ့နော်။ ဒါမှမဟုတ် ဘာကြောင့်လဲ။ ရထားတဲ့အာဏာကို အခွင့်ကောင်းယူပြီး အနိုင့်ကျင့်တာလား။ တမင်တကာ မသိချင်ယောင် ဆောင်ပြီး နေတာလား။
လူသားတဦးနဲ့ တဦးဟာ တကယ်တမ်းတွေးကြည့်ကြရင် အားလုံးဟာညီရင်းအကို မောင်နှမတွေပါ။ တွေ့ကြုံဆုံကြ ခင်မင်ကြတဲ့ အချိန်မှာ စည်းလုံးစွာနဲ့ ချစ်ခင်ချင်တယ်။ `` ဥကွဲတော့ အသိုက်ပျက်တတ်တယ်`` အသိုက်ပျက်သွားမှတော့ အန္တ ရာယ်ရန်စွယ် အပေါင်းတွေ ၀ါးမျိုးသွားမှာပေါ့။ ဟုတ်တယ်နော် စဉ်းစားပါ။ ဒို့ပြောချင်တာကတော့ အားလုံးဟာလူသား ချင်းဆိုတော့ အရာရာနဲ့ ခဏတာရခဲ့တဲ့လူ့ဘ၀လေးမှာ သာယာသောဘ၀ မိသားစုမောင်နှမ ဆွေမျိုးဆိုတဲ့ သိုက်သိုက်ဝန်းဝန်း နဲ့ ရင်ထဲအသဲထဲ အသွေးအသားထဲက ယိုဖိတ်လာတဲ့ ဆန္ဒအဖြစ်ချင်ဆုံးစေတနာရယ်ပါ။ ညအခါမှာ လင်းထိန်သာယာ တဲ့ လမင်းကြီးကိုတွေ့ရသလို မှိတ်တုတ် မှတ်တုတ်နဲ့ ကြယ်တာရာလေးတွေ၊ နောက်ပြီးတော့ ကြည်လင်ငြိမ်းချမ်းတဲ့ အပြာ ရောင်ကောင်းကင်ကြီးလို အား လုံးသောအရာကိုလဲ သန့်ရှင်းစင်ကြယ်တဲ့ အဖြူရောင်အမြင်နဲ့ တန်းတူညီတူ မြင်ကြည့်နိုင် ကြပါ စေလို့…..။
ပေးပို့သူ… သဇင်နွယ်
(ရွှေ့ ပြောင်းလုပ်သမားတဦး)
(21 Oct, 2008)

No comments:
Post a Comment