အောက်တိုဘာလ ၂၃ရက်နေ့ဟာ အဖိနှိပ်ခံတို့ဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ လူထုစာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်းရဲ့ အနှစ် ၃၀မြောက် အောက်မေ့ဘွယ်နေ့ဖြစ်ပါတယ်။ သူကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင် တဦးဖြစ် ပေမယ့် ကျန်တဲ့ ဗုဒ္ဖ၊ အစ္စလာမ်၊ ဟိန္ဒူ အပါအ၀င် ဘာသာ ပေါင်းစုံက လေးစားရသူ၊ လူမျိုးပေါင်းစုံက လေးစားရသူ၊ သူ့ စာပေလက်ရာတွေထဲက ဘုန်းမောင့်တယောက်တည်းရယ်၊ သူပုန်ကြီး၊ အမေ၊ ပြည်တော်သာ ခင်ခင်ဦး၊ မြစ်ဧရာပေါ်ဝယ်၊ ဂျက် လန်ဒန်နဲ့ သူ့ဘ၀သူ့စာပေ စသဖြင့် မမေ့နိုင်စရာ အမှတ်တရများစွာကို ထားခဲ့တဲ့ လူထုစာရေးဆရာတဦးဖြစ်ပါတယ်။
``လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကို သူဘယ်လောက်ထမ်း ဆောင်ခဲ့သလဲဆိုတာနဲ့ တိုင်းတာရမှာပဲ`` တဲ့။ သိပ်ကိုတန်းဖိုးရှိတဲ့ စံနှုန်းတိုင်းတာချက်ပါပဲခင်ဗျာ။
၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့မှာ သူကွယ်လွန်တဲ့အခါမှာ လန်ချားဆွဲတဲ့ ကုလားတွေ၊ သူတောင်းစားတွေ ကနေ အခြေခံလူတန်းစား၊ အလယ်အလတ်တန်းစား၊ အထက်တန်းစား စသဖြင့် လူထုလူတန်းစား ပေါင်းစုံတို့ဟာ သတိတရရှိ ကြစွာနဲ့၊ လေးစားဂါရ၀ထားကြစွာနဲ့ သူ့အုတ်ဂူပေါ်က နှင်းဆီးပန်းနီနီပွင့်တွေကို တပွင့်စီတပွင့်စီ ပြန်ယူကြပြီး မိမိတို့ရဲ့ ရင်ဘတ်တွေမှာ ထိကပ်စေကြသတဲ့ခင်ဗျာ…။သင်္ချိုင်းထဲက ပန်းကို မိမိတို့ရင်ဘတ်မှာ ထိကပ်ရဲတယ်ဆိုတာ တော်ရုံတန်ရုံ ယုံကြည်လေးစားမှုလောက်နဲ့တော့ မရလောက်ဘူးထင်တယ်ဗျာ။ ဆရာဗန်းမော်တင်အောင်ကို လေးစားကြသူတွေ ထဲမှာ ဆန့်ကျင် ဘက်အုပ်စုက လူတွေလည်းပါကြတယ် လို့ကြားဘူးပါရဲ့ ။ နာမည်ကျော် အချစ်ဝတ္ထုရေးသူကြီးဖြစ်တဲ့ တက္ကသိုလ်ဘုန်းနိုင် (ခေါ်)ဦးခင်မောင်တင့်ဟာ သူ့ကလောင်တပုဒ်ထဲက ဇာတ်ကောင်အမည်ပါပဲတဲ့ဗျာ….။ ဆရာကြီး ဗန်းမော်တင်အောင်လို တိုင်းပြု ပြည်ပြု လူထုစာရေးဆရာမျိုး၊ နိုင်ငံရေးသမားမျိုးတွေ ကျနော်တို့နိုင်ငံမှာ များများရှိနေပါစေလို့ ဆုတောင်းလိုက်ပါ တယ်။
ဟုတ်ကဲ့… ကျနော်တို့ ပုခုံးတွေပေါ်မှာ ကျနော်တို့ဖြတ်သန်းနေတဲ့ ခေတ်ကြီးကတင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကိုယ်စီနဲ့နော်…
ခွန်အားမျှဝေ...တို့တတွေသည်... မလွှဲမသွေပြည်သူတွေအတွက်...
မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ် ၀ိုင်းတော်သားများ……။
(23 Oct, 2008)

No comments:
Post a Comment