အဖြူရောင်အနှစ်တွေနဲ့
မေတ္တာအစစ်ပေးအပ်တဲ့
အမေ….။
အခုအချိန်ဆို ကျမကို
လွမ်းနေရှာရော့ပေါ့
တွေးရင်းနဲ့ အိပ်စက်မရ
နွမ်းလျလျ ဒီရင်မှာ
အမေကိုတမ်းတနေမိပေါ့
ဘ၀အမောတွေနဲ့…။
ရနှောင်းမြို့ ကို ရောက်ခဲ့ချိန်
လောကဓံတရားကို ကြံကြံခံ
ဝမ်းစာရေးအတွက် ရုန်းကန်ရင်း
ငါးနှစ်ဆိုတဲ့ အချိန်ကုန်ခဲ့ပြီအမေ…။
ရုန်းကန်ခြင်းတွေ တနင့်တပိုးနဲ့
လှမ်းရဲရဲလှမ်းဆက်
ခြေလှမ်းတော့ဆုံး
ခရိးတော့ မဆုံးတဲ့
ဘ၀ခရီးကြမ်းပေါ်မှာ
အိပ်မက်လက်ကျန်တချို့ နဲ့
ဟောဒီ ရနောင်းမြို့ ရဲ့
မနက်ဖြန်တွေကို
သမီးရင်ဆိုင်နေရတုန်းပဲ အမေ….။
ပေးပို့သူ...အေးအေးသောင်း
(ထားဝယ် ခေတ္တ-ရနောင်းမြို့)
(23 Oct, 2008)
အဖြူရောင်အနှစ်တွေနဲ့
မေတ္တာအစစ်ပေးအပ်တဲ့
အမေ….။
အခုအချိန်ဆို ကျမကို
လွမ်းနေရှာရော့ပေါ့
တွေးရင်းနဲ့ အိပ်စက်မရ
နွမ်းလျလျ ဒီရင်မှာ
အမေကိုတမ်းတနေမိပေါ့
ဘ၀အမောတွေနဲ့…။
ရနှောင်းမြို့ ကို ရောက်ခဲ့ချိန်
လောကဓံတရားကို ကြံကြံခံ
ဝမ်းစာရေးအတွက် ရုန်းကန်ရင်း
ငါးနှစ်ဆိုတဲ့ အချိန်ကုန်ခဲ့ပြီအမေ…။
ရုန်းကန်ခြင်းတွေ တနင့်တပိုးနဲ့
လှမ်းရဲရဲလှမ်းဆက်
ခြေလှမ်းတော့ဆုံး
ခရိးတော့ မဆုံးတဲ့
ဘ၀ခရီးကြမ်းပေါ်မှာ
အိပ်မက်လက်ကျန်တချို့ နဲ့
ဟောဒီ ရနောင်းမြို့ ရဲ့
မနက်ဖြန်တွေကို
သမီးရင်ဆိုင်နေရတုန်းပဲ အမေ….။
ပေးပို့သူ...အေးအေးသောင်း
(ထားဝယ် ခေတ္တ-ရနောင်းမြို့)
No comments:
Post a Comment