ကွမ်းစားလျှင် ငွေကုန်၊ သွားပျက်စီး၊ ပတ်ဝန်းကျင်ညစ်ပတ်၊ အာဟာရမဖြစ်ပါ။ မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာ အဖြစ် များသည်။ ပါးစောင်နှင့် လျှာတွင် မနာမကျင်သောအနာခွက်(Painless Ulcer)တခု စဖြစ်သည်။
နာကျင်မှုမရှိ၍ သတိမထား။ အမှတ်တမဲ့ ပေါ့ပေါ့ဆဆနေတတ်ကြ၏ အရမ်းနာ၍ ဆရာဝန်နှင့်စစ်ကြည့်မှ ကင်ဆာဖြစ်နေ ၍ သေကြရတော့မည်။ ငွေကုန်ကြရတော့မည်။ ချစ်တဲ့သူတွေနဲ့ ခွဲခွါကြရတော့မည်။
အဲဒီကတရားခံကတော့ ကွမ်းစားသူ၊ ကွမ်းငုံသူ၊ ဆေးငုံသူ၊ မိမိကိုယ်တိုင်ပါပဲ။ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး မှာကင်ဆာဖြစ် စေမည့် ၀တ္ထုပစ္စည်းများ (ကာစီနိုဂျင်) ပါဝင်သည်။ ဆေးရွက်ကြီးကိုယ်တိုင်က ကာစီနိုဂျင်ဖြစ်၏။ ဆေးမွှးမှာလဲ ကာစီနိုဂျင် ပါ၏။ နုတ်ခမ်း၊ သွားဖုံး၊ လျှာ၊ ခံတွင်း ကင်ဆာကြောင့် သင့်မျက်နှာအလှလည်း ပျက်စီးကုန်၍ အစားအသောက်မစားနိုင်ပဲ သေဆုံးရမည်၊ ငွေကုန်ကြရပါမည်။
မိမိအကျိုး၊ မိသားစုအကျိုး၊ တိုင်းပြည်နှင့် လူမျိုးအတွက် လုံးဝအကျိုးမပြုသောကွမ်းစားခြင်းကို ပြုလုပ်သင့် မသင့်သင် ကိုယ်တိုင် ဆုံးဖြတ်ပါလေ။ မရှိတာ ထက်၊ မသိတာခက်၊ မသိချင်ယောင်ဆောင်ခြင်းသည် အဆိုးဆုံးဖြစ်၏။
ပေးပို့သူ….စေတနာဦးဦး
(ရွှေ့ပြောင်းတဦး)
(23 Oct, 2008)

No comments:
Post a Comment