ယိုးဒယား သကြားလုံး၊ ယိုးဒယားပြည်၊ ယပလက် စသဖြင့် ကျနော်တို့တတွေ တင်စားခေါ်ဝေါ်နေကြတဲ့(ယိုးဒယား)ဆိုတာဘာ ကြောင့် ယိုးဒယားလို့ ခေါ်ကြတာလဲ ခင်ဗျ။ ဥာဏ်ကြီးရှင်ရေ…..။
အမှတ်သညာရှင်ရေ……….၊ ဒီမေးခွန်းလေး ဖြေပေးပါအုံးနော့။
အဖြေ………(အယုဒ္ဖယ= စစ်ထိုး၍ မရသောမြို့ (၀ါ) တိုင်းပြည်ရယ်လို့ အယုဒ္ဖယနိုင်ငံသားတို့က တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမယ့် အယုဒ္ဖယကို (ယုဒ္ဖယ)ရယ်လို့ (အ) အက္ခရာဖြုတ်ကာ ``စစ်ထိုး၍ ရသောမြို့`` အဖြစ် အလောင်းမင်းတရား ဦးအောင်ဇေယျနဲ့ အဖွဲ့က အသွင်ပြောင်းအမည်ပေးခဲ့ရာမှ ကာလရွေ့ လျောလာပြီး (ယုဒ္ဖယ)ကနေ(ယိုးဒယား)ဖြစ်လာ ပါသတဲ့ ခင်ဗျာ….။
(22 Oct, 2008)

No comments:
Post a Comment