ချစ်သူတွေ ဘန်ကောက်တက်သမို့
ကျနော်တို့ လျှက်စားတွေ လျှက်ပြီး
ရှောက်သီးဆေးပြားရောင်း(အဲလေ)
တန်းလျားက ခွေးမတွေကို ဖက်နမ်းကြတယ်…။
ဘန်ကောက်ရောက် ချစ်သူတွေရဲ့ အကြောင်း
ဆောင်းလေပမာ မိန်းမမာယာအကြောင်း
အိတ်ဖောင်းလို့ စိတ်မပြောင်းကြဘို့ အကြောင်း
ရောင်းရင်းတွေ အပေါင်းအသင်းတွေနဲ့
ဆုံလေတိုင်း
နတ်ဆိုင်းတီးသလို ပြောချပစ်လိုက်တယ်…။
(ပူးနောင် ချပ်ဂျိမ်း… ပူး ချပ်ဂျိမ်းတဲ့ခင်ည…)
ဘန်ကောက်ကို ရောက်ပင်ရောက်ငြား
မဟာချိုင်ဒေသဆီ များများရောက်သွားကြ
အကျယ်ချုပ်အလား ချစ်သူများဟာ
အလုပ်နေရာနဲ့ အိမ်တန်းလျား
အိမ်တန်းလျားနဲ့ အလုပ်နေရာပမာ
အလွှာမညီ အထာမပီကြလေဘဲ
အလုပ်ဝဲသြဃထဲမှာပဲ ၀ဲလည်လည်ဖြစ်ကာ
စက်ရုပ်လို နှလုံးသားတုတွေ ထုတ်လုပ်ကြ
ချစ်ခြင်းမဲ့ ရုပ်မမြင်သံကြားချန်နယ်တွေ လွင့်ထုတ်ကြ
တကယ်က နှစ်ကယ်က သုံးကယ်က
သူမတို့နဲ့ ကျနော်တို့ဟာ
မဲဆောက်မှာ…တာ(ခ်)ခရိုင်မှာ… ထိုင်းနိုင်ငံမှာ
ဘာညာသရကာ ဘ၀တူတွေပါဗျာ…။
ပေးပို့သူ….အာတာလွတ်
(ရွှေ့ပြောင်းတဦး)
(22 Oct, 2008)
ချစ်သူတွေ ဘန်ကောက်တက်သမို့
ကျနော်တို့ လျှက်စားတွေ လျှက်ပြီး
ရှောက်သီးဆေးပြားရောင်း(အဲလေ)
တန်းလျားက ခွေးမတွေကို ဖက်နမ်းကြတယ်…။
ဘန်ကောက်ရောက် ချစ်သူတွေရဲ့ အကြောင်း
ဆောင်းလေပမာ မိန်းမမာယာအကြောင်း
အိတ်ဖောင်းလို့ စိတ်မပြောင်းကြဘို့ အကြောင်း
ရောင်းရင်းတွေ အပေါင်းအသင်းတွေနဲ့
ဆုံလေတိုင်း
နတ်ဆိုင်းတီးသလို ပြောချပစ်လိုက်တယ်…။
(ပူးနောင် ချပ်ဂျိမ်း… ပူး ချပ်ဂျိမ်းတဲ့ခင်ည…)
ဘန်ကောက်ကို ရောက်ပင်ရောက်ငြား
မဟာချိုင်ဒေသဆီ များများရောက်သွားကြ
အကျယ်ချုပ်အလား ချစ်သူများဟာ
အလုပ်နေရာနဲ့ အိမ်တန်းလျား
အိမ်တန်းလျားနဲ့ အလုပ်နေရာပမာ
အလွှာမညီ အထာမပီကြလေဘဲ
အလုပ်ဝဲသြဃထဲမှာပဲ ၀ဲလည်လည်ဖြစ်ကာ
စက်ရုပ်လို နှလုံးသားတုတွေ ထုတ်လုပ်ကြ
ချစ်ခြင်းမဲ့ ရုပ်မမြင်သံကြားချန်နယ်တွေ လွင့်ထုတ်ကြ
တကယ်က နှစ်ကယ်က သုံးကယ်က
သူမတို့နဲ့ ကျနော်တို့ဟာ
မဲဆောက်မှာ…တာ(ခ်)ခရိုင်မှာ… ထိုင်းနိုင်ငံမှာ
ဘာညာသရကာ ဘ၀တူတွေပါဗျာ…။
ပေးပို့သူ….အာတာလွတ်
(ရွှေ့ပြောင်းတဦး)
No comments:
Post a Comment