မနက်ခင်းရဲ့ ၊ အလင်းတံခါးကို
မြူနှင်းတွေနဲ့၊ လော့(ခ်)ချထားလေရဲ့
နေရောင်ခြည်၊ ဖြာမတက်သေးသမျှ
မြူနှင်းတွေကပဲ
လောကရဲ့ အမှောင်ရိပ်တိုင်းကို
ကြီးစိုးမင်းမူနေအုံးမှာပေါ့….။
ခက်ထန်တဲ့လေပြင်းတွေ
မုန်တိုင်းဆိုတာနဲ့ ရင်းနှီးမိမှတော့
သူတို့ရဲ့ ဖ၀ါးချက်တွေအောက်မှာ
ဘယ်သူတွေကများ
ခေါင်းတချက်မော့ကြည့်ဖြစ်အုံးမှာလဲ…..။
ဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်း
ဖြစ်ခွင့်ကြုံဖို့ ဝေးခဲ့ဘူးတဲ့
ငါတို့ရဲ့ ဘ၀ဟာ
အိမ်မက်ရဲ့ စားကျက်မြက်ခင်းပေါ်မှာပဲ
အပျော်ဆိုတာနဲ့
လက်တွဲနှုတ်ဆက်ဖြစ်ခဲ့တာပါ….။
လမ်းပျောက်ဘ၀တွေ
အခြေမြဲနိုင်ဖို့အတွက်
မုန်တိုင်းနဲ့ လက်ပါးစေတွေကို
လေပြင်းတွေနဲ့အတူ
နာလံမထူနိုင်တဲ့ နင်းပြားဘ၀အောက်
တခေါက်လောက် ပို့စမ်းချင်ပါပြီ
စိတ်ဓါတ်မရှုံးကြသေးပါဘူး….။
ဒို့ဘ၀ရဲ့ အလင်းတံခါးတွေနဲ့အတူ
မြူနှင်းတွေကြားမှာ
နေရောင်ခြည်တွေ တလှည့်
ဖြာတက်ခွင့်ရဖို့ လင်းကြက်တွန်သံတွေတောင်
ကြားနေရပါပြီ….။
ပေးပို့သူ… ထူးရဲဝေ (ရွှေ့ပြောင်းတဦး)
(25 Oct, 2008)
မနက်ခင်းရဲ့ ၊ အလင်းတံခါးကို
မြူနှင်းတွေနဲ့၊ လော့(ခ်)ချထားလေရဲ့
နေရောင်ခြည်၊ ဖြာမတက်သေးသမျှ
မြူနှင်းတွေကပဲ
လောကရဲ့ အမှောင်ရိပ်တိုင်းကို
ကြီးစိုးမင်းမူနေအုံးမှာပေါ့….။
ခက်ထန်တဲ့လေပြင်းတွေ
မုန်တိုင်းဆိုတာနဲ့ ရင်းနှီးမိမှတော့
သူတို့ရဲ့ ဖ၀ါးချက်တွေအောက်မှာ
ဘယ်သူတွေကများ
ခေါင်းတချက်မော့ကြည့်ဖြစ်အုံးမှာလဲ…..။
ဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်း
ဖြစ်ခွင့်ကြုံဖို့ ဝေးခဲ့ဘူးတဲ့
ငါတို့ရဲ့ ဘ၀ဟာ
အိမ်မက်ရဲ့ စားကျက်မြက်ခင်းပေါ်မှာပဲ
အပျော်ဆိုတာနဲ့
လက်တွဲနှုတ်ဆက်ဖြစ်ခဲ့တာပါ….။
လမ်းပျောက်ဘ၀တွေ
အခြေမြဲနိုင်ဖို့အတွက်
မုန်တိုင်းနဲ့ လက်ပါးစေတွေကို
လေပြင်းတွေနဲ့အတူ
နာလံမထူနိုင်တဲ့ နင်းပြားဘ၀အောက်
တခေါက်လောက် ပို့စမ်းချင်ပါပြီ
စိတ်ဓါတ်မရှုံးကြသေးပါဘူး….။
ဒို့ဘ၀ရဲ့ အလင်းတံခါးတွေနဲ့အတူ
မြူနှင်းတွေကြားမှာ
နေရောင်ခြည်တွေ တလှည့်
ဖြာတက်ခွင့်ရဖို့ လင်းကြက်တွန်သံတွေတောင်
ကြားနေရပါပြီ….။
ပေးပို့သူ… ထူးရဲဝေ (ရွှေ့ပြောင်းတဦး)
No comments:
Post a Comment