သတင်းဓါတ်ပုံ သောင်ရင်းနဂါး
(မဟာကစ် - သိုးမွှေးစက်ရုံ ရှေ့ မျက်နှာစာဓါတ်ပုံနှင့် လုပ်အားခ အပြည့်အ၀မပေးပဲ လုပ်ငန်းယာယီ ရပ်ဆိုင်းထားသော တရားမ၀င် အထည်ချုပ်စက်ရုံတရုံ၏ ရှေ့ မျက်နှာစာပုံ)
သိုးမွှေးထည် ဒါဇင်ဈေးကို ကြိုတင်မပြောပဲ အလုပ်ပြီးခါမှ ဈေးနှိမ်ပေးခြင်း အပေါ် လအနည်း ငယ် သည်းခံလာကြသော မြန်မာအလုပ်သမားများဧ။် သည်းမခံနိုင်သည့် ပေါက်ကွဲမှု ဖြစ်ရပ် တစ်ခုသည် အောက်တိုဘာလ ၆ ရက် နေ့တွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပေါ်ပေါက်ခဲ့ကြောင်းသတင်းရရှိသည်။ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ဧ။်အရှေ့ဘက် ဟိုဖိုင်ရွာ၊ ဆာသူးလေအထက်ကျောင်းအနီးရှိ မဟာကစ်သိုးမွှေးစက်ရုံမှ မြန်မာအလုပ်သမား ၂၀၀ ခန့်တို့သည်(၃၊ ၄)လကြာသည့်တိုင်အောင်သိုးမွှေးထည်ဒါဇင်ဈေးကိုကြိုတင်မသိရှိရဘဲ အလုပ်လုပ်လာခဲ့ရကြောင်း၊ အလုပ်ပြီးခါမှ မိမိတို့ခန့်မှန်းထားသည်ထက် များစွာနည်းပါးသော လုပ်အားခ ရရှိကြသဖြင့် သည်းမခံနိုင်သည့်အဆုံး ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၆၊ ၇၊ ၈) ရက်များတွင် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ အလုပ် သမား တဦးဖြစ်သူ ကိုမျိုး က“ ကျနော်တို့ သိုးမွှေးစက်ရုံလုပ်ငန်းဆိုတာက သိုးမွှေး အထည် ဂိတ်အမျိုးမျိုးရှိပါတယ်။
ဒီဇိုင်းလှလှ၊ ပုံဆန်းဆန်းလေးတွေဆိုရင် ရောင်းအားပိုကောင်းမှန်း ကျနော်တို့သိပါတယ်။ ကျနော်တို့သိုးမွှေးဆွဲရာမှာ၂ရက် ၊၃ရက် ကြာပြီးမှပြီးတယ်။ ဒါဇင်ဈေးကို
ကြိုမပြောဘူး။ (၂-၃) ရက်လောက်လုပ်ပြီးမှ ၁၅၀ ဘတ်လောက်ပေးတယ်၊ အခုခေတ် ကုန်ဈေးနှုန်းနဲ့ဘယ်လို လောက်မှာလဲဗျ၊ မန်နေဂျာက ပြောတယ်၊ ဒီဈေးနှုန်းနဲ့ပဲ အလုပ် လုပ်ကြတဲ၊့ မလုပ်နိုင်ရင်ထွက်ကြတဲ့။ ကျနော်တို့လုပ်ရတာကတနေ့ ၁၂ နာရီဗျ ။ ဒါကိုပျမ်းမျှခြင်း တနေ့(၅၀-၆၀) ဘတ်နဲ့လုပ်နေရတာမကိုက်ဘူး။ အလုပ်သမားကာကွယ်ရေး ရုံး (ဆာဝါဒီကန်)ကိုအကြောင်းကြားထားတယ်" ဟူု၍ရှင်းပြသည်။ ဟစ်တိုင်မှဆက်လက်စုံစမ်း ကြည့်ရာ အလုပ်သမားကိုယ်စားလှယ်တဦးဖြစ်သူ ကိုနေမင်းက ( ဆာဝါဒီကန်)ရုံးမှ ယနေ့မိမိတို့စက်ရုံသို့ကား၂ စီးဖြင့်လာရောက်ပြီး ညှိုနှိုင်းဆွေးနွေးပေးကြောင်း ၊ မန်နေဂျာက မလိုက်လျောချင်ပဲ အင်တင်တင်လုပ်နေကြောင်း၊ မိမိတို့အလုပ်ရှင် ထိုင်ဝမ်နိုင်ငံသား သူဌေးဖြစ်ပြီး သူဇနီးသည် ထိုင်းနိုင်ငံသူဖြစ်ကြောင်း ၊မိမိတို့သည်မနက်ဖြန့်မှ စပြီး အလုပ် ပြန်ဆင်းကာ အဆင်မပြေပါကဆာဝါ ဒီကန်ရုံးသို့တင်ပြရန် အလုပ်သမား ကိုယ်စားလှယ် စာရင်းပေးလိုက်ပြီဖြစ်ကြောင်းပြောပြသည်။ အလားတူ အလုပ်သမားပြဿနာများကို မဲဆောက်မြို့  အေစီအာ သိုးမွှေးစက်ရုံ ၊ကန်ထော်သိုးမွှေးစက်ရုံ ၊တို့အပြင်အိမ်ရုံ(ခ) တရား ၀င်မှတ်ပုံတင်မထားသော အထည်ချုပ်စက်ရုံ ၅ ခု ခန့်တွင်လည်းကြုံတွေ့ရင်ဆိုင်နေကြရ ကြောင်းစုံစမ်းသိရှိရသည်။ထိုင်းအလုပ်သမားကာကွယ်ရေးအက်ဥပဒေ ဘီးအီး ၂၅၄၁ (အေဒီ ၁၉၉၈) တွင် တာ့(ခ်) ခရိုင်အတွင်းရှိရွေ့ ပြောင်းအလုပ်သမားများသည်တနေ့ အလုပ်ချိန် ၈ နာရီအတွင်း နေ့စားခ ၁၅၁ ဘတ် ။ အချိန်ပို OT တစ်နာရီတွင် ၂၇.၅၀ ဘတ် သတ်မှတ်ထား သော်လည်း မည်သူမျှမရရှိကြချေ။

(အောက်တိုဘာ ၈ရက်၊ ၂၀၀၈ သောင်ရင်းနဂါး)

No comments:
Post a Comment