နိုဝင်ဘာလ ၁ရက်နေ့နံနက် ၃နာရီအချိန် မဲဆောက်မြို့ အရှေ့တောင်ဘက် မဲကျလောင်းရွာချောင်းရိုးအတိုင်း တောင်ကျရေ များကျလာပြီး ချောင်းတ လျှောက်မှ ဖာထေးရွာနှင့် မဲတောင်မိုင်အောက်ရွာ များကို ဖြတ်စီးသွားသောကြောင့် ဒေသခံထိုင်းလူမျိုးအိမ်များနစ်မြုပ် ခြံစည်းရိုးများ ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိ။ ယခုအခါရွာလူကြီးမှ ကယ် ဆယ်ရေးလုပ်ငန်းများလုပ်ရန်စီစဉ်နေကြောင်းသတင်းရရှိ့သည်။
အလားတူမဲဆောက်ဈေးအတွင်းနှင့် ဖရာ့စာဝပ်သီလမ်းမကြီး တလျှောက်တွင်လည်းကောင်း၊ ဘန်သောင်းလမ်းမတ လျှောက်တွင်လည်းကောင်း၊ ဘတ်ခွန်းလမ်းတလျှောက်တွင်လည်းကောင်း၊ ဘန့်နုံဖန်ရပ်ကွက်၊ ဘန့်ထုံထောင်းရပ် ဘတ်ဆောင်ခွဲရပ်၊ ဆောင်ခွဲဆောင်ရပ်၊ ဆောင်ခွဲနိမ်ရပ်ကွက်တို့အပြင် မယ်ကုလောင်းကျေးရွာ၊ မယ်ကုနွဲ့ကျေးရွာ၊ မဲ့ကျလောင်းကျေးရွာတို့ဘက်တွင်လည်း ချောင်းရေနှင့် မြောင်းရေများလျှံတက်ကာ သွားရေးလာရေးခက်ခဲနေကြောင်း တွေ့ရှိရသည်။ ဆက်လက်၍ မဲဆောက်နှင့် ဖုတ်ဖရနယ်စပ်ရှိ ဘန့်မိုင်ကျေးရွာ ဘန့်မော့နေရာ၊နှင့် နှင်းဆီခြံများ နမ့်တုတ်ကျေးရွာ မူလတန်းကျောင်း ရှေ့ ချိုင့်ထဲတွင်လည်းကောင်း၊ ရေများဝတ်ကာ ရေကြီးလျက်ရှိကြောင်း အရပ်ရပ်အနယ်နယ်မှ ရွှေ့ပြောင်းအလုပ်သမားများက မြန်မာပြည်သားစာစောင်နှင့်ဘလော့ဂ်ကို ပြောဆိုသည်။
ပေးပို့သူ … သောင်းရင်းနဂါး
(၁-နိုဝင်ဘာ-၂၀၀၈)

No comments:
Post a Comment