ပြီးခဲ့သော ၂၀၀၄ခုနစ် သြဂုတ်လ ၁၂ ရက်(စောဘဦးကြီးနှင့် ကရင့်အာဇာနည်နေ့ ) တွင်ကေအဲန်ယူ၊ တပ်မ ဟာ(၇)နယ်မြေရှိ မကဒတကျောင်း သားတပ်မတော် အမှတ်(၈) တပ်ရင်းဆီသို့ကျနော်တို့ နိုင်ငံရေးအကျဉ် သားဟောင်းအုပ်စုကွင်းဆင်းလေ့လာရေးခရီးစဉ် ရောက်ရှိခဲ့သည်။ သည်မှာပဲ ကျနော် ကိုယ်တိုင်စပ်ဆိုသီကုံး ခဲ့သောတော်လှန်ရေးပုလဲကုံးကို ခွပ်ဒေါင်းရဲဘော်များနဲ့အတူ တက်ကြွစွာ သီကုံးတေးဆို ခဲ့သည်ကိုကျနော် မျက်လုံးထဲဝယ်ယခုတိုင်ဆွတ်ပျံ့ကြည်နူးနေဆဲရှိသည်။’
အမိမြေကို….. တရားမျှတစေလို…. အမိမြေကို …. လွတ်လပ်စေလို…… အမိမြေကို….. ငြိမ်းချမ်းစေလို (တော် လှန်ရေးသည်ငါတို့ကျောင်း)2xxxxတော်လှန်ရေးသည်xxxxငါတို့တကသိုလ်)2 (လာပြီxxxxလာပြီခွပ်ဒေါင်း… အောင်ပြီ…အောင်ပြီ…ခွပ်ဒေါင်း…. xxxxပြည်သူတွေနဲ့စုပေါင်းxxxxသွေးချွေးမျက်ရည်xxxxတို့လောင်းxxx ခွပ်ဒေါင်းအိုးဝေပျို……(တော်လှန်ရေးသည်xxxx ငါတို့ကျောင်း)၂xxxx တော်လှန်ရေးသည်xxxx ငါတို့ကျောင်း xxxxတော်လှန်ရေးသည်xxxxငါတို့တက္ကသိုလ်)၂
ကိုင်းဗျာ…….ရင်ဘတ်ထဲအထိစွဲငြိသွားလောက်တဲ့ ရင်လှိုင်းခတ်သံတွေက သိမ့်သိမ့်တုန်မာန်ဟုန်ပြင်းစွာ ခနွာ ကိုယ်အနှံ့ဆီချင်းနင်းဝင်ရောက်နေပါပကောလား။ အို…..သောင်ရင်းမြစ်ရေကြည်ရယ် ……..။ ကျနော်တို့ချစ်တဲ့ အမိမြန်မာပြည်ကို အောက်မေ့သတိရလေတိုင်း အသင့်ရဲ့နွေးထွေးတဲ့ရေအလျဉ်နဲ့အတူလွမ်းဆွတ်ခွင့်၊ တမ်းတ ခွင့်၊ ရော်ရမ်းမှန်းမျှော်ခွင့်တွေကို ဆက်လက်ပေးဝေးပါဦးနော်။ (လူနေမှုစနစ်ဟောင်း ကိုအသစ်ပြုပြင်ပြောင်း လဲ ခြင်း (၀ါ)လူနေမှုစနစ်ဟောင်းတခု၏ နေရာတွင်သစ်လွင် လတ်ဆတ်သော လူနေမှုစနစ်သစ်တခုကို အသွင် ပြောင်းလဲခြင်း”ကိုတော်လှန်ရေး(Revolution)ဟူ၍ခေါ်ဆိုပါသည်။ (တော်လှန်ရေး ”ဟူ၍ ၀ိဂြိုလ်ပြုလေသော် ဥပဒေဘောင်အတွင်းမှငြိမ်ချမ်းစွာအသွင်ကူးပြောင်းခြင်း(Evolution) (၀ါ)တရွေ့ရွေ့အသွင် ကူးပြောင်းခြင်းနှင့် တဟုန်ထိုး တရှိန်ထိုးအသွင်းကူးပြောင်းခြင်း(Revolution) ဟူ၍နှစ်မျိုးရှိသည် ကိုလေ့လာခဲ့ဘူးပါသည်။ သွေး ထွက်သံယိုမှုရှိသောတော်လှန်ရေး(Bloody Revolution) နှင့်သွေးထွက်သံယို မှုမရှိသော တော်လှန်ရေး(Non bloody Revolution) ဟူ၍နှစ်မျိုးရှိကြောင်း သေနင်္ဂဗျူဟာ စစ်ကျမ်းတွင်လည်းဖော်ပြပါရှိသည်။ (တော်လှန် ရေးနှင့်ပတ်သက်သောကဗျာများကလည်းကောင်းမှကောင်းခင်ဗျ-----။
အပိုင်း(၂)ဆက်လက်ဖော်ပြပါမည်။
ပေးပို့ သူ…. သောင်ရင်းနဂါး
1stNov:2008

No comments:
Post a Comment