* အမေရိကန်တွင် ပညာတတ်လူတန်းစားများပင် အိမ်ခြေရာခြေမဲ့အဖြစ် စာရင်းဝင်လာသည်ကိုတွေ့နေရ…
အမေရိကန်ပြည်ထောင်စု စီးပွားရေးအခြေအနေသည် တနေ့တခြားကျဆင်းနေရာမှ ပိုမိုဆိုးရွားလာသည့်အ တွက် ယခင်က ၀င်ငွေကောင်းခဲ့ကြသော ပညာတတ်လူတန်းစားများပင်လျှင် ယခုအခါအိုးမဲ့အိမ်မဲ့အခြေအနေ ရောက်ရသူများစာရင်းတွင် ပါဝင်လာသည်ကိုတွေရကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သောလော့စ်အိန်ဂျလိစ် ဒေသနှင့် သက်ဆိုင်ရာအစီရင်ခံစာ၌ ဖော်ပြထားသည်။
အိုးမဲ့အိမ်မဲ့ဖြစ်ရသူများတွင် ရှေ့နေများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဆင့်မြင့်ပညာတတ်အချို့ပါဝင်သည်ဟု ဆိုသည်။ စိးပွားရေးအခက်ကြုံရသဖြင့်(ဘားဘင့်)ယာယီကူညီရေးအဖွဲ့သို့ အကူအညီတောင်းခံသူဦးရေသည် ၁၈ လတာအတွင်း ၆၆ ရာခိုင်နှုန်းအထိများပြားလာသည်ကို တွေ့ရသည်ဟု ဒေးလီးနယူးစ်သတင်းစာက ဖော်ပြ သည်။
အကူအညီတောင်းခံလာသူများအနက် ထက်ဝက်သောအရေးအတွက်မှာ လူလတ်တန်းစားများဖြစ်ကြပြီး ယင်း တို့သည် ယခင်အချိန်က တကြိမ်တခါမျှ အိုးမဲ့အိမ်မဲ့ဘ၀နှင့်ရင်ဆိုင်ရဘူးခြင်းမရှိသူများဖြစ်သည်ဟူု အဆိုပါ အ ကူအညီပေးရေးအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူးဘာဘရာဟိုဂဲလ်က ပြောဆိုသည်။ လော့စ်အိန်ဂျလိစ်မှ အိုး မဲ့အိမ်မဲ့များသည် လမ်းဘေးနေရာများ၊ ပန်းခြံများ၊ လူမနေသောအဆောက်အအုံဟောင်းများနှင့် ယာဉ်ရပ်ထား များပေါ်တွင်ဖြစ်သလို အိပ်စက်ကြရသည်ဟု ဆိုသည်။ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်းက အိမ်ခြေရာခြေမဲ့ များအပေါ်တွင် ပစ်မှတ်ထားပြီး ကျူးလွန်သောပြစ်မှုများ(သုံးဆတိုးပွားလာ)သည်ကိုတွေ့ရသည်။
ထို့ကြောင့်နိုင်ငံအတွင်းတွင် အိမ်ခြေရာခြေမဲ့သူတိုးပွားလာခြင်းသည် ပြစ်မှုများပြားလာနိုင်သော အလားအလာ ရှိ၍ စိုးရိမ်ရသော အခြေအနေပင်ဖြစ်သည်ဟု ကျွန်းကျင်သူများက တွက်ဆကြသည်။
ရည်ညွှန်း….(လော့စ်အိန်ဂျလိစ၊ အောက်တိုဘာလာလ ၂၈ရက်၊ အင်တာနက်သတင်း)
* ဖီလစ်ပိုင်နိုင်ငံမှရွှေ့ပြောင်းအလုပ်သမားဆန္ဒပြပွဲ…
ဖီလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာလ ၂၇ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ် သက်ပြီး ဆွေးနွေးပွဲတရပ်ပြုလုပ်ရာတွင် ဆန္ဒပြပွဲတရပ်ကိုကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှ မြန်မာနိုင်ငံ ပင် လယ်ပျော်များသမဂမှလည်း ပါဝင်ဆန္ဒပြခဲ့ကြောင်း သိရသည်။
* ကျနော်တို့မြန်မာနိုင်ငံမှာ နာဂစ်ရံပုံငွေအဖြစ် ချစ်ကြည်ရေးခြေစမ်းပွဲ ၂ ပွဲကစားမယ့် (AME) ဘရာဇီးဘောလုံးအသင်းဟာ ရန်ကုန်မြို့ မှာပဲ ၂ ပွဲကစားဖို့ရှိပါသတဲ့။
ပထမပွဲစဉ်…. (AME)ဘရာဇီးအသင်း(နဲ့) မြန်မာ့လက်ရွှေးစင်ဟောင်းအသင်း….၊ နေရာ… သုဝဏကွင်း
ပထမပွဲရလာဒ်… ဘရာဇီး (၄)ဂိုး- မြန်မာဂိုးမရှိ
ဒုတိယပွဲစဉ်… (AME) ဘရာဇီးအသင်း(နဲ့) လက်ရှိမြန်မာ့လက်ရွေးစင်အသင်း…၊ နေရာ... အောင်ဆန်းကွင်း (AME) ဘရာဇီးဘောလုံးအသင်းမှာ……. နည်းပြ- မားကို့စ်ဗက်စ်
ဂိုး… ဆန်တီယာဂိုဖရီတက်ဇ်
နောက်တန်း….၊ အိုလီဗီးယား၊ ဆန်းတို့စ်အိုလီဗီးယား၊ ကားလို့စ်အဲလ်မီဒါ၊ အက်ဆဲလ်အဂူဒါ၊ ရောဘတ်တိုမားကွက်ဇ်၊ ဗီယာ နာဆန်းတို့စ်….။
အလယ်တန်း…။ ပီရီယာဒါဆေးလ်ဗား၊ ရာမဲလ်ဟို၊ ဒီဖရီတက်ဇ်၊ ရီကာဒိုကဘရာရှီ၊ ဆီဇာဆန်ပိုင်ယို-၉၄ ကစားသမား၊ အိုလီ ဗီးယားဒါခရုဇ်…။
ရှေ့တန်း….။ ဖာရဲရားကော်စတာ၊ ဆီရာလိုဆီဗက်စတာ၊ ဆဲလ်ဆိုကော်စတာ၊ ဂီယိုဘန်နီဆေးလ်ဗား….။
အီရတ်နိုင်ငံမြောက်ပိုင်းရှိအလုပ်သမားသူပုန်၂၅ဦးတိုက်ပွဲကျဆုံးမှု...
* အရှေ့အလယ်ပိုင်းဒေသ အီရတ်နိုင်ငံမြောက်ပိုင်းတွင် ကာဒစ်အလုပ်သမားပါတီ(ပီကေကေ)တို့ ခိုအောင်းရာ ဒေသများကို နယ် စပ်ဖြတ်ကျော်ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အလုပ်သမားသူပုန် ၂၅ဦးသေဆုံးသွား ကြောင်း တူရကီနိုင်ငံစစ်ဘက် ဗိုလ် ချုပ်တဦးက ပြောကြားသည်။
* ၂၀၀၉ ခုနှစ်မှာ လူဦးရေသန်း ၂၀ အလုပ်အကိုင်ဆုံးရှုံးမယ်လို့ အိုင်အယ်လ်အိုပြောပြီ (ဂျီနီဗာ၊ အောက်တိုဘာ ၂၁ရက်) ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနဲ့ကြုံတွေ့နေရတာမို့လို့ လာမယ့်နှစ်ကုန်ပိုင်းမှာ လူဦးရေသန်း၂၀ခန့် ဟာဆိုရင် အလုပ်အကိုင် တွေဆုံးရှုံးသွားနိုင်တယ်လို့ နိုင်ငံတကာအလုပ်သမား အဖွဲ့(အိုင်အယ်လ်အို)ရဲ့ အကြီး အကဲက အောက်တိုဘာလ ၂၁ရက် နေ့မှာ ပြောကြားလိုက်ပါတယ်။ အိုင်အယ်လ်အိုရဲ့ ကြိုတင်ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေအရ အလုပ်လက်မဲ့ဦးရေဟာ ၂၀၀၇ ခုနှစ် မှာ သန်း ၁၉၀ ရှိရာကနေ ၂၀၀၉ ခုနှစ်မှာ သန်း ၂၁၀ ကိုတက်နိုင်လာနိုင်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဂျွန်ဆိုမားဗီး ယားက ပြောကြားပါတယ်။ တရက်ကို လုပ် အားခ တဒေါ်လာအောက်ရရှိတဲ့ ဆင်းရဲသားအလုပ်သမားဦးရေဟာသန်း ၄၀ နီးပါးသို့ လည်း ကောင်း၊ တရက် လျှင်နှစ်ဒေါ်လာရရှိတဲ့ အလုပ်သမားဦးရေဟာသန်း ၁၀၀ သို့လည်းကောင်း၊ တက်လာနိုင်တယ်လို့သူက ထပ်မံ ပြောကြားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာ ရေးဆိုင် ရာလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ အိမ်ရာမြေရောင်း ၀ယ်ရေးလုပ်ငန်းတွေစသဖြင့် ထိခိုက်နိုင်ဘွယ်ရှိ တဲ့လုပ်ငန်းတွေကို သူက ထောက်ပြသွားပါတယ်။ (ဆင်ဟွာ၊ အမ်အင်အေ)
(31 Oct,2008)

No comments:
Post a Comment