ကျနော်တို့ ရွေ့ ပြောင်းတွေရဲ့ သိက္ခာဖြစ်တဲ့
ဂျေအေစီရဲ့ တိုက်ရဲသူရိပ်သာမှာ ချစ်စရာကောင်းတဲ့
ကြောင်မိသားစုကလေး တခုရှိတယ်…။
မိခင်ကြောင်မလေးကို..မီးငယ်လို့ ခေါ်ကြပြီး
သူ့ သားသမီးတွေ့ ကိုတော့
တရုပ် ၊ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက
ဇာတ်ကောင်တွေရဲ့ အမည်တွေကို
ကင်ပွန်းတပ် ၊ အမှတ်သညာပြုကြတယ်လေ
“လီဆွန်းရှင်း” ၊ “ဟုန်” “ကျဉ်းခြစ်”
“ဟာယောင်း” ၊ “အင်ယောင်း” တဲ့ခင်ဗျ….။
လွန်ခဲ့တဲ့ မေလ
မေဒေးနေ့ နောက်ပိုင်းမှာ
သူတို့ ဟာမွေးလာကြတာမို့ 
နိုင်ငံတကာအလုပ်သမားစိတ်ထား
သူတို့ နှလုံးသားမှာ
အနည်းနဲ့ အများ
စီးဝင်သွားကြမယ်ထင်ပါရဲ့ ….။
လာရောက်တည်းခိုသူ
ခေတ္တလည်ပတ်သူ
ရွှေအလုပ်သမားတွေကလည်း
ခပ်ကဲကဲကြောင်ကလေးတွေကို
သဲသဲနှစ်နှစ်
တကယ်ချစ်ကြသတဲ့ခင်ဗျ….။
အထူးသဖြင့်ဆိုရင်
ရုပ်ဆိုးဆိုးခပ်မဲမဲအသွင်နဲ့ 
အင်ယောင်း ကိုပေါ့ဗျ….
အားလုံးအထဲမှာ သူကအကဲဆုံး
ရုပ်အဆိုးဆုံး ဖြစ်ပေမယ့်
ချစ်စရာဟန်ပန်
အသွင်သဏ္ဍန်လေးတွေပြတတ်တော့
သူ့ ဇာတ်ရုပ်ကို အမည်တွေ တခုပြီးတခုပေးကြပါလေရော
“စူပါအင်ယောင်း”…. “မဟာအင်ယောင်း”…… “တူဒေးအင်ယောင်း”… စသည့်ဖြင့်…။ (ဆက်လက်ဖော်ပြပါမည်…)
ပေးပို့သူ… ဂုရုဆန်
(အင်ယောင်း၏ ၅လသား မွေးနေ့ဂုဏ်ပြု)
(30 Oct, 2008)
ကျနော်တို့ ရွေ့ ပြောင်းတွေရဲ့ သိက္ခာဖြစ်တဲ့
ဂျေအေစီရဲ့ တိုက်ရဲသူရိပ်သာမှာ ချစ်စရာကောင်းတဲ့
ကြောင်မိသားစုကလေး တခုရှိတယ်…။
မိခင်ကြောင်မလေးကို..မီးငယ်လို့ ခေါ်ကြပြီး
သူ့ သားသမီးတွေ့ ကိုတော့
တရုပ် ၊ ကိုရီးယားဇာတ်လမ်းတွဲတွေထဲက
ဇာတ်ကောင်တွေရဲ့ အမည်တွေကို
ကင်ပွန်းတပ် ၊ အမှတ်သညာပြုကြတယ်လေ
“လီဆွန်းရှင်း” ၊ “ဟုန်” “ကျဉ်းခြစ်”
“ဟာယောင်း” ၊ “အင်ယောင်း” တဲ့ခင်ဗျ….။
လွန်ခဲ့တဲ့ မေလ
မေဒေးနေ့ နောက်ပိုင်းမှာ
သူတို့ ဟာမွေးလာကြတာမို့ 
နိုင်ငံတကာအလုပ်သမားစိတ်ထား
သူတို့ နှလုံးသားမှာ
အနည်းနဲ့ အများ
စီးဝင်သွားကြမယ်ထင်ပါရဲ့ ….။
လာရောက်တည်းခိုသူ
ခေတ္တလည်ပတ်သူ
ရွှေအလုပ်သမားတွေကလည်း
ခပ်ကဲကဲကြောင်ကလေးတွေကို
သဲသဲနှစ်နှစ်
တကယ်ချစ်ကြသတဲ့ခင်ဗျ….။
အထူးသဖြင့်ဆိုရင်
ရုပ်ဆိုးဆိုးခပ်မဲမဲအသွင်နဲ့ 
အင်ယောင်း ကိုပေါ့ဗျ….
အားလုံးအထဲမှာ သူကအကဲဆုံး
ရုပ်အဆိုးဆုံး ဖြစ်ပေမယ့်
ချစ်စရာဟန်ပန်
အသွင်သဏ္ဍန်လေးတွေပြတတ်တော့
သူ့ ဇာတ်ရုပ်ကို အမည်တွေ တခုပြီးတခုပေးကြပါလေရော
“စူပါအင်ယောင်း”…. “မဟာအင်ယောင်း”…… “တူဒေးအင်ယောင်း”… စသည့်ဖြင့်…။ (ဆက်လက်ဖော်ပြပါမည်…)
ပေးပို့သူ… ဂုရုဆန်
(အင်ယောင်း၏ ၅လသား မွေးနေ့ဂုဏ်ပြု)
No comments:
Post a Comment