အတ္တတခု အတွက်
ဆယ်စုနှစ်များစွာ
ဝါးမြိုသေရက်သုံးခဲ့
ပျက်သုဉ်းခဲ့ ဘ၀တွေလည်း
သွေးစက်လက်မြေပြင်မှာ
အသင်္ချေ အနန္တပေါ့…။
အတိတ်မဲ့ ညတွေမှာ
ပျေက်ဆုံးနေသော
အိုအေစစ်တခုကို
မွတ်သိပ်မှုနဲ့ အတူ
တောင့်တခဲ့ကြ…။
နာဇီရဲ့အကျဉ်းခန်းထဲက
ဖက်ဆစ်ရဲ့ အဆိပ်သင့်
လူသားတွေ…။
မရဏ အခန်းထဲ
ဖျော့တော့တော့
မျှော်လင့်ချက်နဲ့
လင်းလက်မဲ့ ကြယ်တာရာကို
အမှောင် ကမ္ဘာအလယ်က
မျှော်လင့်ကြ…ပေါ့…။
အို… ကောင်းကင်
မိုးတိမ်ကင်း၍
မြူမှုန်ရှင်းသော
အမှောင်ခွင်း၍
အလင်းဆောင်သော
အလင်းအထု ကြယ်အစုကို
အတ္တစေရာ ဤမြေရာသို့
ဖြန့်ကျက်ဆောင်ကျဉ်း
လင်းလက်ပေးပါ…။
ပေးပို့သူ… စည်သူအောင်
(ကျဘမ်းလုပ်သား)
(30 Oct,2008)
အတ္တတခု အတွက်
ဆယ်စုနှစ်များစွာ
ဝါးမြိုသေရက်သုံးခဲ့
ပျက်သုဉ်းခဲ့ ဘ၀တွေလည်း
သွေးစက်လက်မြေပြင်မှာ
အသင်္ချေ အနန္တပေါ့…။
အတိတ်မဲ့ ညတွေမှာ
ပျေက်ဆုံးနေသော
အိုအေစစ်တခုကို
မွတ်သိပ်မှုနဲ့ အတူ
တောင့်တခဲ့ကြ…။
နာဇီရဲ့အကျဉ်းခန်းထဲက
ဖက်ဆစ်ရဲ့ အဆိပ်သင့်
လူသားတွေ…။
မရဏ အခန်းထဲ
ဖျော့တော့တော့
မျှော်လင့်ချက်နဲ့
လင်းလက်မဲ့ ကြယ်တာရာကို
အမှောင် ကမ္ဘာအလယ်က
မျှော်လင့်ကြ…ပေါ့…။
အို… ကောင်းကင်
မိုးတိမ်ကင်း၍
မြူမှုန်ရှင်းသော
အမှောင်ခွင်း၍
အလင်းဆောင်သော
အလင်းအထု ကြယ်အစုကို
အတ္တစေရာ ဤမြေရာသို့
ဖြန့်ကျက်ဆောင်ကျဉ်း
လင်းလက်ပေးပါ…။
ပေးပို့သူ… စည်သူအောင်
(ကျဘမ်းလုပ်သား)
No comments:
Post a Comment