သင်္ခါရ ရွာမှာ
ဇရာ ရောဂါရှိ
ကုရန်နတ္ထိ၊ ဆေးမရှိသမို့
မရဏသို့ပို့ရသည်…။
လွတ်လပ်သည့်ပြည်မြန်မာ
န.အ.ဖ ရောဂါရှိ
ကင်ဆာကဲ့သို့ အမြစ်တွယ်
ငြိမ်းချမ်းရေးရောင်ခြည်၊ ကယ်လည်းမရ
ကမ္ဘာကပြောလည်းမမှု
သူ့လူစုနဲ့သူ
လုပ်ချင်ရာလုပ်
ဖြစ်ချင်ရာဖြစ်
အာဏာကျန်ရစ်နေရင်ပြီးရော…။
ရေစုံမျောနေကြတဲ့ ပြည်သူတွေ
ဒုက္ခနွံမှာနစ်
နှစ်တွေလည်းကြာ
ခံနိုင်နေကြာတာ အံ့ရော…။
ပြောသမားတွေလည်း မောကုန်ပြီ
ထောတဲ့သူလည်း ထောကုန်ပြီ
ဘာတွေကို ဘယ်ကိုပို့လို့
ဘယ်လိုလုပ်လို့ရမှာလဲ
ငရဲကတောင် လက်မခံနိုင်တဲ့ န.အ.ဖ…။
ပေးပို့သူ… မင်းသွေး(ကျဘမ်းလုပ်သား)
(29 Oct, 2008)
သင်္ခါရ ရွာမှာ
ဇရာ ရောဂါရှိ
ကုရန်နတ္ထိ၊ ဆေးမရှိသမို့
မရဏသို့ပို့ရသည်…။
လွတ်လပ်သည့်ပြည်မြန်မာ
န.အ.ဖ ရောဂါရှိ
ကင်ဆာကဲ့သို့ အမြစ်တွယ်
ငြိမ်းချမ်းရေးရောင်ခြည်၊ ကယ်လည်းမရ
ကမ္ဘာကပြောလည်းမမှု
သူ့လူစုနဲ့သူ
လုပ်ချင်ရာလုပ်
ဖြစ်ချင်ရာဖြစ်
အာဏာကျန်ရစ်နေရင်ပြီးရော…။
ရေစုံမျောနေကြတဲ့ ပြည်သူတွေ
ဒုက္ခနွံမှာနစ်
နှစ်တွေလည်းကြာ
ခံနိုင်နေကြာတာ အံ့ရော…။
ပြောသမားတွေလည်း မောကုန်ပြီ
ထောတဲ့သူလည်း ထောကုန်ပြီ
ဘာတွေကို ဘယ်ကိုပို့လို့
ဘယ်လိုလုပ်လို့ရမှာလဲ
ငရဲကတောင် လက်မခံနိုင်တဲ့ န.အ.ဖ…။
ပေးပို့သူ… မင်းသွေး(ကျဘမ်းလုပ်သား)
No comments:
Post a Comment