ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 16, 2008

(16 Nov, 2008) အမေရိကန်သမ္မတများနှင့် ကျနော်သိသော အမေရိကန်ပြည် အကြောင်း….

> (အပိုင်း-၃)

(၁၈၀၅)ခုနှစ်တွင် သမ္မတဖြစ်လာသော သောမတ်စ်ဂျက်ဖာဆင်သည် သူ့လက်ထက်မှစပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်(White House)ဆီသို့ ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့(ဇူလိုင် ၄ရက်)ရောက်သောအခါတိုင်း အမေရိကန် လူထုအား လာရောက်ကြည့်ရှုခွင့်၊ လည်ပတ်ခွင့်ပေးခဲ့သည်။ ထို့အပြင် သောမတ်စ်ဂျက်ဖာဆင်သည် သမ္မတ စနစ်ကိုလို လားလက်ခံသော ပါတီ(၀ါ)ရီပတ်ဗလီကင်ပါတီ(Republican Party)ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့လေသည်။ (၁၈၆၁) ခုနှစ်တွင် သမ္မတဖြစ်လာသော (အေဗရာဟင်လင်ကွန်း)ကား တမူခြားနားသော သမ္မတကြီးတဦး ဖြစ်ပေသည်။ သစ်ခုတ်သမား၏သား, ကိုယ်တိုင်သစ်ခုတ်သမားဘ၀မှ အတန်းကျောင်းမနေရဘဲ စာပေဗဟုသုတများကို မီးအိမ်ရှေ့ချ၍ အပတ်တကုတ်အားထုတ်ကြိုးပမ်းခဲ့သော တောရပ်တောနယ်မှ စာပေဗဟုသုတဟင်းလေးအိုးကြီး(၀ါ) အေဗရာဟင်လင် ကွန်းသည် စပရင်းဖီးလ်မြို့မှ ရှေ့နေအဖြစ်လည်းကောင်း၊ ထိုမှတဆင့် လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ထိုမှတ ဆင့် သမ္မတအဖြစ်လည်းကောင်း အဆင့်ဆင့်တက်လှမ်းလာခဲ့သူဖြစ်သည်။ လူဆိုသည်မှာ (အညွှန့်တလူလူ)ဖြစ်နေမှ လူ ဖြစ်ကြောင်း အေဗရာဟင်လင်ကွန်းက သက်သေပြခဲ့ပေပြီ။

ထို့အပြင် (၁၈၆၁-၆၅)အထိ ဖြစ်ပွားခဲ့သော အမေရိကန် ပြည်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်တွင်းစစ်ကြီးအတွင်းတွင်လည်း ငွေဝယ်ကျွန်စနစ်ကို မလိုလားသော မြောက်ပိုင်း သမ္မတနိုင်ငံ၏ ပြည်ထောင်စုကာကွယ်ရေးတပ်များကို သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အေဗရာဟင်လင်ကွန်း ကိုယ်တိုင် တာဝန်ယူကာ တိုကိခိုက်ခဲ့ပေသည်။ ထို့နောက် အမေရိကန်ပြည်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံ၏ ဂုဏ် သိက္ခာကို ပွန်းပဲ့စေသော ငွေဝယ်ကျွန်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပေးခဲ့ပေသည်။ ထုးခြားချက်တခုမှာ (ကေ-သုံးလုံး ဂိုဏ်းကြီး) ဖြစ်သော ကူ, ကလပ်စ်, ကလန်တည်းဟူသော လူဖြူများပေါင်းစုထားသည့် အကြမ်းဖက်ဂိုဏ်းကြီးပေါ်ပေါက် လာကာ လူမည်းများ, လူန်ီများနှင့် အခြားအသားအရောင်ရှိသူများအား အမေရိကန်အဖြစ် အသိအမှတ်မပြုနိုင်သော အကြမ်းဖက်လုပ်ရပ်ပိုင်ရှင် အုပ်စုများတနေ့တခြား ကြောက်စရာကောင်းလာခြင်းဖြစ်သည်။ သာဓကအနေဖြင့် အေဗရာ ဟင်လင်ကွန်းကိုယ်တိုင် ကေသုံးလုံးဂိုဏ်း၏ လက်ချက်ကြောင့် (၁၈၆၅)ခုနှစ်တွင် အသက်ပေးလိုက်ရခြင်း ဖြစ်သည်။
ဤသို့ဖြင့် (၁၉၀၄-၁၉၀၅)ကာလ ရုရှားနှင့် ဂျပန်စစ်ပွဲဖြစ်ပွားခဲ့ချိန်တွင် အမေရိကန် သမ္မတသည် (တက်ဒီရုစဘဲ့) ဖြစ်သည်။ ဥရောပ၏ အင်အားကြီးနိုင်ငံဖြစ်သော ရုရှား-၀က်ဝံကြီးအား အာရှတိုက်သား စွမ်းအားရှင်၊ ဂျပန်နိုင်ငံက ရေ တပ်အစွမ်းပြမှုဖြင့် အနိုင်ယူခဲ့သော ထိုစစ်ပွဲတွင် အာရှတိုက်တခုလုံးအိပ်ပျော်ရာမှ နိုးထလာဘိသကဲ့သို့ အားရတက်ကြွ နေကြချိန်၌ သမ္မတ-တက်ဒီရုစဘဲ့ သည်ပနားမားတူးမြောင်းကို အခွန်အတုတ်ကောက်ခံနိုင်အောင်၊ စူးအက်တူးမြောင်းကို အင်္ဂလိပ်နှင့် ပြင်သစ်နိုင်ငံတွေချည်းသီးသီး သြဇာတိက္ကမတည်ဆောက်ကာ အခွန်ကောက်နေမှုအပေါ်၌ အမေရိကန်၏ သြဇာတစုံတရာပါရှိအောင်လည်း ကြိုးပမ်းခဲ့ပေသည်။
သို့နှင့်(၁၉၁၄-၁၈)ကာလ ပထမကမ္ဘာစစ်ကြီးအတွင်းတွင် သမ္မတဖြစ်လာသော (၀ုဒ်ဝိုး ၀ီလ်ဆင်)သည်လည်း ပထမကမ္ဘာစစ်အတွင်းတွင် အင်္ဂလိပ်နှင့်ပြင်သစ်တို့က တဖက်၊ သြစတြီးယား, ဂျာမနီတို့က တဖက်၊ အင်အားဘက်ပြိုင် ယှဉ်တုရင်ဆိုင်နေချိန်၌ ပါးနပ်လိမ္မာစွာ ရှောင်ကွင်းကာ အမေရိကန်၏ အခန်းကဏ္ဍမြင့်မားလာစေရန် မြှင့်တင်နိုင်ခဲ့ သည်။ (၁၉၂၀)ခုနှစ်တွင် ဖွဲ့စည်းခဲ့သော(နိုင်ငံပေါင်းချုပ်အသင်းကြီး)သည်ပင်လျှင် အမေရိကန်သမ္မတ-၀ုဒ်ဝိုးလီလ်ဆင်၏ ငြိမ်းချမ်းရေးမူ(၁၄)ချက် အဆိုပြုမှုအရ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သို့ရာတွင် တကယ်တမ်းနိုင်ငံပေါင်း ချုပ်အသင်း ကြီး တည်ထောင်ကြသောအခါ အမေရိကန်သည်လည်းကောင်း၊ ငြိမ်းချမ်းရေးမူဝါဒပိုင်ရှင် ၀ီလ်ဆင်သည်လည်းကောင်း မပါဝင်ခဲ့ပေ။ ထို့ကြောင့်လည်း နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ အားနည်းခဲ့ရပေသည်။
ထို့နောက် သမ္မတ(၀ါရမ်ဟာလေ) လက်ထက်ရောက်ရှိကာ နိုင်ငံပေါင်းချုပ်အသင်းမှာလည်း ပျက်လုနီးဖြစ် တည် လျက် သမ္မတ-ဟူးဗားလက်ထက်(၁၉၂၉-၃၀)ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပေါ်ခဲ့ရာ အမေရိကန်သည်လည်း အထိနာခဲ့ သည်။ သို့ရာတွင် ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ခိုင်မာခဲ့ခြင်းကြောင့် အခြားအင်အားကြီး နိုင်ငံများလောက် အမေရိကန် သည် မရှူနိုင် မကယ်နိုင်မဖြစ်ခဲ့ပေ။ ၁၉၃၂-ခုနှစ် သမ္မတ-(ဖရန်ကလင်ဒီရုစဘဲ့)လက်ထက် ရောက်ရှိလာပေသည်။ ခြေ ထောက်ကောင်းစွာ မသန်စွမ်းသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ပြည်သူလူထုအပေါ်ကောင်းစွာ ဦးဆောင် နိုင် စွမ်းရှိသော ခေါင်းဆောင်ကောင်းဖြစ်သည်နှင့်အညီ ဖရန်ကလင်ဒီရုစဘဲ့သည် ၃ကြိမ်ဆက်တိုက် ၁၂-နှစ် အရွေးချယ် ခံရကာ ကွယ်လွန်ချိန်အထိ အမေရိကန်နိုင်ငံရေး သုခမိန်အဖြစ် ခံယူသွားပေသည်။ သမ္မတ ထရူးမင်းမှာမူ ဖရန်ကလင် ဒီရုစဘဲ့ ကွယ်လွန်သဖြင့် မပြီးပြတ်သေးသော (၁၉၃၉-၄၅)ဒုတိယကမ္ဘာစစ်မီးကြီးကို နိဂုံးကမ္ပတ်အဆုံးသတ်နိုင်ရေး အ လို့ငှာ ဂျပန်ပြည်အား ညူကလီးယားဗုံးနှစ်လုံးကြဲချခြင်းဖြင့် အမ်းဂိန်း End Game ကစားလိုက်သည်ကို တွေ့ရပေသည်။
(၁၉၄၇)ခုနှစ်တွင် CIA (ခေါ်)အမေရိကန် ဗဟိုထောက်လှမ်းရေးဌာနကို ထူထောင်ခဲ့သူမှာ သမ္မတ-ထရူးမင်း ပင်ဖြစ်ပြီး (၁၉၄၉)ခုနှစ်၌ NATO (ခေါ်)မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့၊ ဖွဲ့စည်းတည်ထောင်ရာတွင် သမ္မတ-အိုက် စင်ဟောင်ဝါ (ဗိုလ်ချုပ်ကြီးဟောင်း)က အခရာကျပေသည်။ ဆက်လက်ပြီး သမ္မတ-အိုက်စင်ဟောင်ဝါကပင်လျှင် (၁၉၅၂ -၅၃)ခုနှစ် တောင်နှင့်မြောက်ကိုရီးယားစစ်ပွဲကြီးကို ကိုင်တွယ်ပုံဖော်ခဲ့သူဖြစ်ပေသည်။
အပိုင်း-၄ ဆက်လက်ဖော်ပြပါမည်….

တင်ပြသူ…သောင်ရင်နဂါး…..

ကျမ်းကိုး…မိမိဖတ်ဖူးသော ပထ၀ီနိုင်ငံရေး, နိုင်ငံရေးသိပ္ပံ, သမိုင်းစသည်တို့နှင့် ဦးခင်မောင်မြင့်, အာဇာနည် ဦးစိန်ဝင်း, ဗိုလ်အောင်မင်း, ဒေါက်တာအေးချမ်း(ဂျပန်နိုင်ငံ- ကန်နတက္ကသိုလ်)စသော ဗဟုသုတကျေးဇူးရှင်ကြီးများအား ဂါရ၀ပြုပူဇော်သောအားဖြင့် အလေးအနက်ရေးသားပါသည်။

(အပိုင်း-၃)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)