(ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အလယ် ၀ပ်ချုံဖုန်းဘုရားအနီးရှိ ရွမ့်ကျိုင်းရပ်ကွက်တွင်ရှိသော ဟိုလုံကုန် တိုက်သူဌေးပိုင် ဧရိယာ၌ နိုဝင်ဘာလ ၁၅ရက်နေ့မှ စကာရွှေတူးပြီး အသက်ဆက်ဝမ်းစာရှာနေကြရသော မြန်မာပြည်သားများအား တွေ့ရှိရပုံ…)
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)မှယနေ့တွင်ကွင်းဆင်းလေ့လာမေးမြန်းချက်များအရ ရွှေစအနည်းငယ်ပါ တုံးတတုံးလျှင် ဘတ်-၅၀မှ ဘတ်-၁၀၀, ၂၀၀ အထိရနိုင်ကြောင်း၊ ကလေးငယ်များမှာ အဆို ပါဝင်ငွေအတွက် အဓိကရွှေရှာကြပြီး လူကြီးအလုပ်သမားများမှာမူ ၃, ၄ရက်စာ ၀မ်းစာအတွက် ဘတ်(၂၀၀ မျိုး၊ ၃၀၀ မျိုး၊ ၅၀၀ မျိုး)ရရှိရန် ရွှေရှာနေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ကမ္ဘာ့ စီးပွားရေးပျက်ကပ် ကူးစက် လာနေရာ ရာဘာခြံလုပ်ငန်း, အထည်ချုပ်လုပ်ငန်း, သိုးမွေးလုပ်ငန်း, ဆောက်လုပ် ရေးလုပ်ငန်း, ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းထုတ်ဝေရေးလုပ်ငန်း, ရေနှင့် ရေထွက်ပစ္စည်းလုပ်ငန်း, မွေးမြူရေးလုပ်ငန်း စသည် ဖြင့် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လုပ်ကိုင်နေရာ လုပ်ငန်းခွင်များတွင် ပုံမှန်အလုပ်မ ရှိမှု၊ လုပ်အားခ လျော့ပေးမှု၊ အလုပ်သမားအင်အားလျော့ချမှုနှင့် အရှုံးပေါ်သဖြင့် လုပ်ငန်းအားလျော်ကြေးမပေးပဲ ဖျက်သိမ်း မှု၊ အပါအ၀င်အလုပ်သမား အခွင့်အရေးများစွာ ချိုးဖောက်ခံနေကြရသည် ကိုတွေ့ရ သည်။ မိမိတို့ ရှိနေရာထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်တွင် တာ့ခ်, မဲဆောက်, အုန်းဖန်, ဖုတ်ဖရား, မယ်ရမတ်, ထဆောင်ယန်း စသည်ဖြင့် ၆ မြို့နယ်ရှိလေရာ အနည်းဆုံးမြန်မာရွှေ့ပြောင်းအလုပ်သမား ၄-သိန်း ရှိမည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က သုံးသပ်တင်ပြသည်။ ကိုင်း... မဲဆောက်မှာ ရွှေဘယ် လိုတွေ့ သလဲ...ကြည့်ကြရအောင်။
xxx “ငတ်မွတ်ခေါင်းပါး
အလုပ်အကိုင်ရှား
ရွှေများတူးစားကြ….။
xxx ရွှေတူးသော်ငြား
ရွံ့အရများ
လုပ်အားဆုံးရှုံးရ…။
xxx ကလေးကဆူ
ခွေးကအူ
ဗိုက်ပူသူလည်း ကြာသလားလို့
ရှာထား, တူးထား ရွှေရမလားပေါ့…။
xxx နွားအဖွဲ့(နအဖ)ကြောင့်
ငတ်မွတ်ရ…။
နွားအဖွဲ့ကြောင့်
စိတ်ဒဏ်ရာရ…။
နွားအဖွဲ့ကြောင့်
ဣတ္ထိယတွေ
ဘ၀များစွာ
ပျက်စီးခဲ့ရ…။
နွားအဖွဲ့ကြောင့်
ကလေးတွေများစွာ
ပညာမဲ့ကာ
အလုပ်လုပ်ရ…။
နွားအဖွဲ့ကြောင့်
တိုင်းရင်းသားများစွာ
အိုး အိမ်စွန့်ခွာခဲ့ကြရ…။
နွားအဖွဲ့ကြောင့်
ထိုင်း နယ်စပ်ဝယ်
ဒုက္ခသည်အဖြစ်
ကျွန်လက်သစ်တွေ ဖြစ်ကြရ…။
နွားအဖွဲ့ကြောင့်
ကျန်းမာရေး၊ ပညာရေး
လူမှုရေး၊ နိုင်ငံရေး
ရေးရာများစွာ
ဆုံးပါးခဲ့ရ၊ ပျက်စီးရ…။
ဟောဒီရွှေရှာပွဲက
ရွှေစများလာ
ဘတ်တစ်ရာ, နှစ်ရာ
အိမ်မှာ သုံးလေးရက်စာတဲ့ခင်ဗျ…။
ရွှေစသေးသေး
ငါးဆယ်ပေးသမို့
ကလေးတွေလည်း အလုအယက်ခင်ဗျ…။
ထိုင်းကိုရောက်လည်း
ငတ်မွတ်မြဲမို့
ထောင်ထဲရောက်မှ
ထမင်းဝသလို
အဲဒါဧကန်… အမှန်ပဲခင်ဗျ…။
တဘို့တည်းထား
အို…နွားအဖွဲ့
စဉ်းစားပြင်ဆင်ချိန်တန်ပြီ…..
မင်းကား ပြင်ဆင်ချိန်တန်ပြီ…..။
(တာဝန်ခံအယ်ဒီတာ- သောင်ရင်းနဂါးနှင့် မြန်မာပြည်သားစာစောင်, ဘလော့ဂ်ဝိုင်းတော်သားများ)
(16 Nov,2008)

No comments:
Post a Comment