ရွှေတွေ့ရှိမှု ဇာတ်လမ်းအစက ဟိုလုံကုန်တိုက်သူဌေးက မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်းနဖူးမှာရှိတဲ့ တပ်မဟာဂိတ်အနီးက (၀မ်စကင်း)ကျေးရွာဘက်က မြေကြီးတွေကို မဲဆောက်ဘက်သယ်လာရာက စတာတဲ့ခင်ဗျ။ အဲဒီကနေသယ်လာတဲ့ မြေကြီးတွေကို မဲဆောက်မြို့လယ် ၀ပ်ချုံဖုန်းဘုရားအနီးမှာရှိတဲ့ ဟိုလုံသူဌေးရဲ့ အဆောက်အအုံသစ်ဆောက်လုပ်ဖို့ မြေဧရိယာကျယ်ကြီးမှာ ချထားရင်း နိုဝင်ဘာလ ၁၅ရက်နေ့မှာ မြန်မာအလုပ်သမားတယောက်က ဟိုတူး, ဒီဆွလုပ်ရင်း ရွှေတွေ့တော့တာပဲဗျို့...။ ဒီလိုနဲ့ ညပိုင်းတွေမှာပါ ဖယောင်းတိုင်တွေကိုယ်စီထွန်းလို့ နေ့ဘက်မှာ လူမြင်မှာစိုးတဲ့ ထိုင်းလူမျိုးတွေလည်း လွန်ပူတွေ, ဓါးတွေ, တူရွှင်းတွေ ကိုယ်စီနဲ့ ရွှေရှာတဲ့လမ်းတွေဆီကို မြန်းကြတော့တာပဲဗျို့....။ အခု ကျနော်တို့တင်ပြတဲ့ ဓါတ်ပုံတွေထဲမှာ ထိုင်းလူမျိုး ကလေး, လူကြီးတွေနဲ့အတူ မြန်မာပြည်သားအများစုဟာ အိပ်ချိန်နည်းပါးစွာနဲ့ ရွှေရှာဖွေရေးခရီးကို ဆက်နေကြတာ မိတ်ဆွေတို့မြင်ကြရမှာပါ။ အဲ... ကျောက်ပွဲစားတွေကလည်း ကားကိုယ်စီ, ဆိုင်ကယ်ကိုယ်စီနဲ့ လာကြတော့တာပဲဗျို့.... ဗျို့.... ဗျို့....။ ဟိုလုံသူဌေးက သူ့မြေဧရိယာထဲမှာ အဲဒီလိုတူးဆွနေတာကို မပိတ်ပင်ဘူးလား သိချင်မှာပေါ့။ မပိတ်ပါဘူးဗျာ။ သူ့ခမျာ ၀မ်စကင်းရွာကမြေတွေကို အခု သယ်ခွင့်အပိတ်ခံရတာတောင်မှ ဘာမှမဖြစ်ဘူး။ ချွေးတရွှဲရွှဲနဲ့ သဲကြီး မဲကြီး တူးနေလိုက်ပုံက ဒီလိုခင်ဗျ.....။
Rest of your post
(17 Nov, 2008)

No comments:
Post a Comment