(သို့သော်) မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့တော်လှန်ရေး လယ်ကွက်ထဲတွင် စပါးများများရှိနေခြင်းသည်သာ အကောင်းဆုံးဟု မိမိရှုမြင်ပါသည်။ မြန်မာနိုင်ငံရေးလယ်ကွက်ထဲတွင် စပါးနည်းပါးပြီး မြက်ပေါများနေလျှင် မကောင်းပါ၊ လုံးဝ,လုံးဝမကောင်းပါချေ။ မေးစမ်းပါရစေ မိတ် ဆွေ…. ခင်ဗျားတို့က စပါးလား၊ မြက်လားဗျ…?။ သေချာတာက တော်လှန်ရေးဟူသည် ကျနော်တို့ ငယ်ငယ်က စုပေါင်းကစားခဲ့ကြသလို (လင်မယားလုပ်တမ်း။ သူခိုး, ပုလိပ်လုပ်တမ်း) ကစားသလိုမျိုး ကစားလို့ရတာမဟုတ်။ ကစားလို့ရလျှင်လည်း ဇာတ်ပွဲအငြိမ့်ပွဲနှင့် သီတင်း ကျွတ်၊ တန်ဆောင်တိုင် ကာလများတွင် တင်ဆက်သောအရပ်ပွဲထဲတွင်တော့ တော်လှန်ရေးမင်းသားဖြစ်ပေမည်။ သို့မဟုတ်ပါက သီဟ တင်စိုး, နေထက်လင်း, စသည့် ဗွီဒီယို ဇာတ်ကားများရိုက်၍ တော်လှန်ရေးမင်းသား လုပ်လို့ရလျှင် ရသည်မှာ ဗွီဒီယိုဇာတ်ကား ထဲတွင်ပင် ဖြစ်ပေလိမ့်မည်။ ကိုင်း... တော်လှန်ရေးသဘောတရားတွေကို ကြည့်ကြရအောင်........။
အတွင်းပဋိပက္ခ-(In Contradiction) အဖြူနှင့် အမည်း, အမှောင်နှင့် အမည်း, အမှန်နှင့် အမှား, အတွင်းနှင့် အပြင်, အ ပေါ်နှင့် အောက်, စသည်ဖြင့် မကျေနပ်မှု အစိုင်အခဲများသည် ကိုယ်စီကိုယ်စီရင်တွင်း ဖြစ်တည်မှုများမှာ မပဋာမြေလူး- အရူးပမာဖြစ်နေပေသည်။ (သို့သော် အပြင်သို့မရောက်သေးပေ။) နေရူးကတော့ ဒီလိုပြောသည်။ “ရင်တွင်းပဋိပက္ခဖြစ်တာပေါ့။ ရင်တွင်းပဋိပက္ခမဖြစ်တဲ့သူက အရူးပဲ” တဲ့။အပြင်ပဋိပက္ခ-(Out Contradiction) ၀ိရောဓိ ဟူလည်းခေါ်နိုင်သည်။ အတွင်းပဋိပက္ခအဆင့်မှ အပြင်ပဋိပက္ခအဆင့်သို့ ရောက်ရှိလာ သည်။ ဤအဆင့်သို့ရောက်လာလျှင် ပြေလည်အောင် ဖြေရှင်းဖို့လိုအပ်သည်။ မပြေလည်ပါက ရှေ့သို့ ဆက်သောပိုမိုကြီးထွားလာသော၊ ဖြေရှင်းရန်ခက်ခဲသော အခြေအနေ၊ အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။
ပြဿနာ-(Problem) တော်လှန်ရေးများဖြစ်ပေါ်ရခြင်းမှာ လူတန်းစား ပဋိပက္ခ(၀ါ)လူတန်းစား ၀ိရောဓိ(၀ါ) လူတန်းစား ပြဿနာများ ကြောင့် ပင်ဖြစ်သည်ဟု ဗွီအိုင်လီနင်, ဂျိုးဇက်စတာလင် စသောပုဂ္ဂိုလ်များက သုံးသပ်သည်။
တော်လှန်ရေး-(Revolution)လူနေမှုစနစ်ဟောင်းကို အသစ်ပြုပြင်ပြောင်းလဲခြင်း(၀ါ) လူနေမှုစနစ်ဟောင်းတခု၏ နေရာတွင် လူနေမှုစ နစ်သစ်တခုကို အစားထိုးပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။
သွေးထွက်သော တော်လှန်ရေး-(Bloody Revolution) တဟုန်ထိုး၊ တရှိန်ထိုး ရုတ်ချည်းပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ (သွေးထွက် သံ ယိုမှုရှိသည်။ အကြမ်းဖက်မှုများ ပါဝင်ရသည်။)
သွေးမဲ့ တော်လှန်ရေး(၀ါ) သွေးမထွက်သော တော်လှန်ရေး-(Non- Bloody Revolution) တဖြည်းဖြည်း၊ တရွေ့ရွေ့ ဆင့်ကဲ, ဆင့်ကဲ ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။ သွေးထွက်သံယိုမှု(၀ါ) အကျအဆုံးဖြစ်တည်မှု နည်းပါးသည်။
ရှင်းလင်းပြတ်သားသော သဘောထားအမြင်နှင့် ရှင်းရှင်းပြတ်ပြတ်ရပ်တည်ပြောင်းလဲလိုပါလျှင် လက်နက်ကိုင် တော်လှန်ရေး(၀ါ)သွေး ထွက်သောတော်လှန်ရေးကို မလွဲမသွေ ရွေးချယ်ကြရပေမည်။ မကဒတ(ABSDF)ကတော့… “လက်နက် ကိုင်တော်လှန်ရေးနှင့် လူထု တိုက်ပွဲ…ပေါင်းစပ်အောင်ပွဲခံကြ”ဟူ၍လည်းကောင်း၊ “တော်လှန်ရေးသည် ငါတို့ကျောင်း… ငါတို့တက္ကသိုလ်” ဟူ၍လည်းကောင်း ကြွေး ကြော်သံ, ဆောင်ပုဒ်များထားရှိတာ တွေ့ရသည်။

အမိမြေကို ငြိမ်းချမ်းစေလိုပါလျှင်….
အမိမြေကို… လွတ်လပ်စေလိုပါလျှင်….
အမိမြေကို… တရားမျှစေလိုပါလျှင်…
ကျနော်တို့ဟာ တော်လှန်ရေးအပေါ်ရှင်းလင်းပြတ်သားစွာ ရှုမြင်တတ်၊ သုံးသပ်တတ်ရပါမယ် ခင်ဗျား…။
(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ…သောင်ရင်းနဂါး
ငြိမ်းချမ်းသော… စိမ်းလန်းသော… တော်လှန်ရေး မြက်ခင်းပြင်များ……..။

No comments:
Post a Comment