ပေတရာ လမ်းတွေပေါ်
သွေးစွန်း ခဲ့ကြသလို
စာသင်ခန်းတွေပိတ်… ခေါင်းလောင်းသံတွေဆိတ်
အဖြူနဲ့ အစိမ်းတွေလည်း
ရက်စက်တဲ့ မိစ္ဆာစစ်ဘီလူးတွေကြောင့်
စွန့််လွတ်ခဲ့ရပြီပေါ့….။
xxx သားပျောက် မိခင်တို့ရဲ့ မျက်ရည်
ချစ်သောသူတို့ရဲ့ ပရိဒေဝ
တံလျှပ်မီးလို ပူလောင်ဆဲ…။
xxx ဘာကြောင့်ဘဲ ဆိုဆို စက်တင်ဘာ (၂၀၀၇)
လူထုလှုပ်ရှားမှု သမိုင်း
မြန်မာသာ မဟုတ်ဘူး
ကမ္ဘာက သိခဲ့တယ်လေ…။
xxx ဒါတင် မကဘူး
အုတ်ရိုးနဲ့ သံတိုင်ကြား
ယုံကြည်ချက်အတွက် ဘ၀ကိုပေးဆပ်
တောတွင်းမှာလည်း စွန့်လွှတ်စွန့်စားဝံ့သူတို့
ပုန်ကန်သူတွေ ဖြစ်ခဲ့တယ်လေ…။
xxx ၈၈….ရဲ့ ဖြစ်ရပ်
ယနေ့တိုင် မမေ့နိုင်သေးဘူး…။
xxx နေ၀င်း မွှေးခဲ့တဲ့မီး
ယနေ့တိုင် လောင်မြိုက်ဆဲ
ပြည်သူတွေရဲ့ ပါးစပ်
မောင်းပြန်နဲ့ ပိတ်ဆို့ဆဲ…။
xxx ဒါတွေကို
“ဒို့”…သားချင်းညီကိုတွေ
ညီညာစွာ လက်တွဲ
ရင်ဆိုင်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့
မောင်းပြန်ကို ဒေါင်းလံဆွဲကာ
တိုက်ပွဲဝင်ကြပါစို့…။
ပေးပို့သူ….ရွှေဝါရောင် - ဦးဥတ္တမ
xxx လွန်ခဲ့တဲ့ နှစ်(၂၀)
ပေတရာ လမ်းတွေပေါ်
သွေးစွန်း ခဲ့ကြသလို
စာသင်ခန်းတွေပိတ်… ခေါင်းလောင်းသံတွေဆိတ်
အဖြူနဲ့ အစိမ်းတွေလည်း
ရက်စက်တဲ့ မိစ္ဆာစစ်ဘီလူးတွေကြောင့်
စွန့််လွတ်ခဲ့ရပြီပေါ့….။
xxx သားပျောက် မိခင်တို့ရဲ့ မျက်ရည်
ချစ်သောသူတို့ရဲ့ ပရိဒေဝ
တံလျှပ်မီးလို ပူလောင်ဆဲ…။
xxx ဘာကြောင့်ဘဲ ဆိုဆို စက်တင်ဘာ (၂၀၀၇)
လူထုလှုပ်ရှားမှု သမိုင်း
မြန်မာသာ မဟုတ်ဘူး
ကမ္ဘာက သိခဲ့တယ်လေ…။
xxx ဒါတင် မကဘူး
အုတ်ရိုးနဲ့ သံတိုင်ကြား
ယုံကြည်ချက်အတွက် ဘ၀ကိုပေးဆပ်
တောတွင်းမှာလည်း စွန့်လွှတ်စွန့်စားဝံ့သူတို့
ပုန်ကန်သူတွေ ဖြစ်ခဲ့တယ်လေ…။
xxx ၈၈….ရဲ့ ဖြစ်ရပ်
ယနေ့တိုင် မမေ့နိုင်သေးဘူး…။
xxx နေ၀င်း မွှေးခဲ့တဲ့မီး
ယနေ့တိုင် လောင်မြိုက်ဆဲ
ပြည်သူတွေရဲ့ ပါးစပ်
မောင်းပြန်နဲ့ ပိတ်ဆို့ဆဲ…။
xxx ဒါတွေကို
“ဒို့”…သားချင်းညီကိုတွေ
ညီညာစွာ လက်တွဲ
ရင်ဆိုင်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့
မောင်းပြန်ကို ဒေါင်းလံဆွဲကာ
တိုက်ပွဲဝင်ကြပါစို့…။
ပေးပို့သူ….ရွှေဝါရောင် - ဦးဥတ္တမ
No comments:
Post a Comment