ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 21, 2008

(21 Nov, 2008) အမေရိကန် စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး……

> ဒုတိယကမ္ဘာစစ်အပြီး၌ တစ်ကမ္ဘာလုံးကို အမေရိကန်က သိမ်းပိုက်လိုက်ပါသည်။ အမေရိကန်အမြဲတမ်းအခြေ စိုက် စစ်တပ်များကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ၊ အစရှိသဖြင့် အင်အားကြီးနိုင်ငံများနှင့် နိုင်ငံအများ ကမ္ဘာတ ၀ှမ်းလုံးဖြန့်ကြက်ထားပြီး ကမ္ဘာကြီးကို အုပ်စိုးထားပါသည်။ သို့သော် အဲဒီအချိန်က အရေးပါလှသော ဆိုဗီယက် ရုရှနှင့် တရုတ်တို့ကို ချန်လှပ်ခဲ့ပါသည်။ ထိုအကြောင်းအချက်များကိုလည်း အဘယ်ကြောင့် ရုရှသည် ကမ္ဘာ့-ဒုတိယ အင်အား ကြီးနိုင်ငံ ဖြစ် လာရပါသလဲ ဆောင်းပါးတွင်ဆက်လက်ဖော်ပြပါမည်…။
ကမ္ဘာတခုလုံးကို အုပ်စိုးထားရုံတင်မကပါ။ ကမ္ဘာ့စီးပွားရေးတခုလုံးကို အမေရိကန်ဒေါ်လာဖြင့် ထိန်းချုပ်လွှမ်းမိုး ထားပါသည်။ အမေရိကန်နိုင်ငံသားတို့သည် ကမ္ဘာ့အဆင့်တစ် လူမျိုး၊ ကမ္ဘာ့အဆင့်တစ်စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကျိုးအမြတ်များ ရယူခံစားနိုင်ရန် ကျင့်သုံးခဲ့ပါသည်။ ကမ္ဘာတခုလုံးကို အုပ်ချုပ်နေသော နိုင်ငံတခုအနေဖြင့် ဤသို့ လုပ်ဆောင်နေပါသည်။

အမေရိကန်ဒေါ်လာ၏ တန်ဖိုးဖြင့် ကမ္ဘာ့စီးပွားရေးကို ချုပ်ကိုင်ထားသည်မှာ ဥရောပငွေကြေးစနစ်မပေါ် ပေါက်မီ အ ထိဖြစ်ပါသည်။ ထိုမတိုင်မီအထိ အမေရိကန်စီးပွားရေးအခက်အခဲဖြစ်တိုင်း အမေရိကန်ဒေါ်လာငွေများရိုက်ထုတ်ခြင်း၊ ကမ္ဘာ့နိုင်ငံအများအပြားအပေါ် ပုံချခြင်းဖြင့် ကျော်လွှားအောင်မြင်ခဲ့ပါသည်။ ဤအတွေ့အကြုံကို ဥရောပတွင်သာမက အာရှ နိုင်ငံများလည်းခံစားကြရပါသည်။ ဥပမာ-၁၉၉၇ ခုနှစ် အာရှစီးပွားရေးပျက်ကပ်ကို ထိုင်းနိုင်ငံအပါအ၀င် အာရှ နိုင်ငံများခံ စားခဲ့ရသည်မှာ ယ္ခုတိုင် မလွတ်မြောက်နိုင်သေးပါ။
အမေရိကန်နိုင်ငံသားတိုင်း၏ လုပ်ခနှင့် စားသုံးမှုအတိုင်းအဆသည် ကမ္ဘာ့မည်သည့်နိုင်ငံနှင့်မျှ မတူပဲခံစားခွင့်ရ ယူသုံးစွဲခွင့်များရှိပါသည်။ ကမ္ဘာ့အခွင့်ထူးခံနိုင်ငံ၊ ကမ္ဘာ့အခွင့်ထူးခံလူမျိုး တိုင်းပြည်အဖြစ်ရယူခံစားနေပါသည်။ သူတို့အဲဒီ လိုခံစား စံစားနိုင်ရအောင် ဥရောပနှင့် အာရှနိုင်ငံများက အလှည့်ကျစီးပွားရေးပျက်ကပ်များကြုံတွေ့ခံစားရပြီး ပေးဆပ်ခဲ့ရ ပါသည်။
ထိုအကြောင်းအရာကို သိမြင်လာကြသော ဥရောပထိပ်သီးအင်အားကြီးနိုင်ငံများဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ အစရှိသည့် ဥရောပနိုင်ငံများက အမေရိကန်၏ ခြယ်လှယ်မှုကို ရှောင်လွဲနိုင်ရန် ဥရောပငွေကြေး စနစ် (ယူရို)ကို တည်ထောင်လိုက်ကြပါသည်။
အင်္ဂလိပ်၊ ပြစ်သစ်၊ ဂျာမဏီ၊ အီတလီ စသည့်နိုင်ငံချင်းတခုစီက ယှဉ်တူဖက်ပြိုင်နိုင်ခြင်း မရှိသော အမေရိကန် ဒေါ်လာကို ဥရောပနိုင်ငံဆယ်နိုင်ငံထက်မနည်း နိုင်ငံအများစုပေါင်းပြီး ဘုံငွေကြေးစနစ်တခုကို ထူထောင်လိုက်ကြပါ သည်။ ကိုယ့်နိုင်ငံနှင့်ကိုယ်၊ နိုင်ငံတခုချင်းလည်းပတ်နေသော ငွေကြေးများနေရာတွင် ဥရောပနိုင်ငံအားလုံးသာမက ကမ္ဘာကပင်အသိအမှတ်ပြုသုံးစွဲရမည့် ဥရောပငွေကြေးစနစ်ကို ထူထောင်လိုက်ကြပါသည်။ တနည်းအားဖြင့် အမေရိကန် တို့၏ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်ထိုးသတ်ရန် စင်မြင့်ပေါ်တက်လာပါသည်။
ပွဲဦးထွက်ပင် ယူရိုငွေသည် အမေရိကန်ဒေါ်လာထက်ခိုင်မာမှု၊ အာမခံနိုင်မှုအားကောင်းပြီး အနိုင်ရနေပါသည်။ ကမ္ဘာသုံးငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာ၏ နေရာတွင် ယူရိုငွေဖြင့် အချို့နေရာများအစားထိုး ၀င်ရောက်လာပါ သည်။ ထိုအခါ အမေရိကန်တို့၏ အမေရိကန်ဒေါ်လာငွေစိတ်ကြိုက်ဈေးအစား တန်ဘိုးအပြောင်းအလဲလုပ်ချင်တိုင်း လုပ်မရဖြစ်လာပါတော့သည်။
တကမ္ဘလုံးတွင် စစ်တပ်များ၊ အခြေခံစစ်စခန်းများ ကမ္ဘာ့နိုင်ငံအနှံဖြန့်ကျက်ထားရသော စစ်စရိတ်၊ ယ္ခုကာလများ အတွင်း စစ်ပွဲများခင်းကျင်းပြီးသုံးစွဲနေရသော မရေမတွက်နိုင်သော စစ်အသုံးစရိတ်များ၊ (ကိုဆိုဗို၊ အီရတ် ၂-ကြိမ်၊ အာဖ ဂန်နစ္စတန်စသဖြင့်) ကမ္ဘာ့ရှေ့ပြေး သိပ္ပံနည်းပညာနှင့် စစ်လက်နက်တီထွင်ထုတ်လုပ်မှုစရိတ်များ၊ အာကာသစစ်စခန်း များနှင့် အာကာသသုတေသနလုပ်ငန်းများစရိတ်နှင့် သဘာဝဘေးဒဏ်ကြောင့် အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရသည့် အမေရိ ကန်ပြည်နယ်များပြန်လည်ထူထောင်ရေးစရိတ်၊ အမေရိကန်ပြည်သူများ၏ အခွင့်ထူးခံ သုံးဖြုန်းနေကြသောနေ့၏ စား ၀တ်နေရေးစရိတ်များကိုစုပေါင်းပြီး ကုန်ကျနေသောဘဏ္ဍာငွေကြောင့် အမေရိကန်စီးပွားရေးပျက်ကပ် ကြုံတွေ့လာရ ပါသည်။ စစ်ပွဲများအသောမသတ်နိုင်အောင်ဆင်နွဲနေရဆဲဖြစ်ပြီး။ ကုန်ခန်းသွားသောစစ်လက်နက် ခဲယမ်းများကိုလည်း အလျဉ်မီအောင် မပြတ်တမ်းထုတ်လုပ်ပေနေရဆဲ၊ စစ်ယာဉ်၊ စစ်လေယာဉ်၊ စစ်သင်္ဘော၊ လောင်စာဆီတို့မပြတ်တမ်း သုံးစွဲနေရပါသည်။ ထိုကြီးမားလှသော မကြုံစဖူးသောစရိတ်များကို ပြန်လည်ဖြည့်တင်းရန်ငွေကြေး စိုက်ထုတ်ရန်လိုလာ ပါသည်။ ယ္ခင်ကာလက ကမ္ဘာ့ငွေကြေးတွင် အမေရိကန်ဒေါ်လာဖြင့် ရပ်တည်စဉ်က အလွယ်တကူကျော်ဖြတ်နိုင်သော် လည်း ယ္ခု-ယူရိုငွေရှိလာပြီဖြစ်သဖြင့် အချို့နေရာများတွင် ယူရိုငွေက အားကောင်းပြီး အမေရိကန်ဒေါ်လာကို ကျော်ဖြတ် နေပါသည်။
အမေရိကန်စီးပွားရေးကပ်ကြုံတိုင်း ဥရောပ(သို့မဟုတ်) အာရှနိုင်ငံများက ထိခိုက်ပြီးကပ်ဆိုက်ခဲ့ရပေါင်းများပါပြီ။ အခုလည်း အမေရိကန်စီးပွားရေးကပ်ဆိုက်လာသောအခါ ကမ္ဘာ့အချမ်းသာဆုံးအမေရိကန်ကဒေါ်လာငွေများ ရိုက်ထုတ် ပြီး သူ့ဘဏ်များ၊ သူ့စက်ရုံ၊ အလုပ်ရုံ ကုမ္ပဏီများကို ကျားကန်ပေးပြီး တောင့်တင်းအောင် အလွယ်တကူ လုပ်ယူပါမည်။
ထိုအခါ ဥရောပနိုင်ငံများကလည်း ထိုနည်းတူအစိုးရက စိုက်ထုတ်ပြီး နိုင်သလောက်အင်အားဖြင့် မိမိတို့၏ နိုင်ငံ ဘဏ္ဍာရေးပျက်သုံးမသွားရအောင်၊ စီးပွားရေးလည်ပတ်မှုများ မကျရှုံးသွားရအောင်ကြိုးစားကြရပါသည်။ ကြိုးစားနေရပါ သည်။ စီးပွားရေးတောင့်တင်းသောနိုင်ငံများအတွက် မထောင်းတာလှပါသော်လည်း စီးပွားရေးအင်အား မရှိသောနိုင်ငံ အစိုးရများအတွက် ကျခံစိုက်ထုတ်စရာ၊ ချေးငှားယူရစရာမရှိဘဲ ဒုက္ခပင်လယ်ဝေနိုင်ပါသည်။
နိုင်ငံတကာနှင့် စီးပွားရေးဆက်ဆံမှုနည်းသော နိုင်ငံများတွင် ထိခိုက်မှုနည်းနိုင်သည်ဟု ယူဆရပါသည်။ အသေ အချာမပြောနိုင်သေးပါ။ နိုင်ငံတကာစီးပွားရေးနှင့် ဆက်ဆံမှုရှိသောနိုင်ငံများ၊ စတော့ရှယ်ယာဈေးကွက်များတွင် အလျင် အမြန်ငွေကြေးကမောက်ကမဖြစ်ပြီး တန်ဖိုးများထိုးကျနေပါသည်။
ကမ္ဘာ့စီးပွားရေးအပျက်ဘက်သို့ဦးတည်နေပါသည်။ အမေရိကန်နိုင်ငံတခုထဲ၏ စီးပွားရေးအကျပ်အတည်းကို တ ကမ္ဘာလုံးက မျှတခံစားကြရမည်ဖြစ်ပြီး၊ နိုင်ငံငယ်များ(သို့မဟုတ်) အမေရိကန်စီးပွားရေးပေါ်မှီခိုအားထားနေသော နိုင်ငံ များ ဥရောပနိုင်ငံများပိုပြီးအထိနာကြပါသည်။ တကမ္ဘာလုံးရှိနိုင်ငံများသည် စီးပွားရေးကြပ်တည်းမှုဖြစ်သော အလုပ်လက် မဲ့ နှုန်းမြင့်မားခြင်း၊ ထုတ်ကုန်များရောင်းမရ၍ ၀ယ်လိုအားကျဆင်းလာခြင်း၊ စသဖြင့်ဆိုးကျိုးများစဉ်ဆက်မပြက် ဆင့်ကဲ ဆင့်ကဲဖြစ်ပေါ်လာပြီး။ ကမ္ဘတ၀ှမ်းနိုင်ငံများ စားဝတ်နေရေးကြပ်တည်းမှုကြောင့် အစိုးရအပေါ်ဆူပူအုံကြွမှုများ ဖြစ်ပေါ် လာကြမည်ဖြစ်ပါသည်။ ထိုအခါ ဟစ်တလာလို ခေါင်းဆောင်တွေများပေါ်ထွန်းလာပြီး ကမ္ဘာစစ် ဖြင့်စီးပွားရေး မတရားခါး ဆီးခံရမှုကို ဖြေရှင်းလာလေမလား။ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဖြေရှင်းအောင်မြင်သွားလေမလား။
၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ထက် မနိမ့်သော၊ မနည်းသော အခြေအနေဖြင့် အမေရိကန်မှလွဲ၍ ကျန် ကမ္ဘာ့နိုင်ငံအားလုံး ခါးသီးစွာခံစားကြရမည်။ စီးပွားရေးပျက်ကပ်ကို ကြိုင်တင်ပြင်ဆင်ကြပါစို့။ သို့သော် မည်သို့မှ ရှောင် လွဲမရနိုင်တော့ပါ။ ခံစားကြရတော့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ပေးပို့သူ… ဒေါက်တာ…. ကျော်ဗလ (မယ်တော်ဆေးခန်း)

မှတ်ချက်။ ။ ယခုအခါ ကမ္ဘာနှင့် အ၀ှမ်း စီးပွားရေးပျက်ကပ်၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော အလုပ်လက်မဲ့နှုန်း မြင့်မားလာခြင်း၊ ရှိရင်းစွဲအလုပ်သမားများအား လုပ်အားခလျော့ချရခြင်းနှင့် အလုပ်သမားအင်အား လျော့ချရခြင်း အပါ အ၀င် မိခင်နိုင်ငံအတွင်းမှ အလုပ်သမားပြဿနာများ၊ ရွှေ့ပြောင်းအလုပ်သမားပြဿနာများ သာမက ဂျစ်ပစီ (အခြေအ နေမဲ့ လှည့်လည်သွားလာနေသူ)များကဲ့သို့ ခေတ်ပညာတတ် အမေရိကန်အလုပ်သမား ၄-သိန်းခန့် အလုပ်လက်မဲ့ဖြစ် ကာ အိုးမဲ့ အိမ်မဲ့ လှည့်လည်သွားလာနေခြင်း စသည်ဖြင့် ၂၀၀၈-ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ ပုံရိပ်ဆိုးများ ရှိနေကြ ချိန်တွင် ဆရာဒေါက်တာ-ကျော်ဗလ (မယ်တော်ဆေးခန်း)မှ အချိန်အခါနှင့် လိုက်ဖက်ညီသော ဤဆောင်းပါးကို ပေးပို့ ခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(တာဝန်ခံအယ်ဒီတာ- သောင်ရင်းနဂါး) ဆောင်းပါး

ဒုတိယကမ္ဘာစစ်အပြီး၌ တစ်ကမ္ဘာလုံးကို အမေရိကန်က သိမ်းပိုက်လိုက်ပါသည်။ အမေရိကန်အမြဲတမ်းအခြေ စိုက် စစ်တပ်များကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ၊ အစရှိသဖြင့် အင်အားကြီးနိုင်ငံများနှင့် နိုင်ငံအများ ကမ္ဘာတ ၀ှမ်းလုံးဖြန့်ကြက်ထားပြီး ကမ္ဘာကြီးကို အုပ်စိုးထားပါသည်။ သို့သော် အဲဒီအချိန်က အရေးပါလှသော ဆိုဗီယက် ရုရှနှင့် တရုတ်တို့ကို ချန်လှပ်ခဲ့ပါသည်။ ထိုအကြောင်းအချက်များကိုလည်း အဘယ်ကြောင့် ရုရှသည် ကမ္ဘာ့-ဒုတိယ အင်အား ကြီးနိုင်ငံ ဖြစ် လာရပါသလဲ ဆောင်းပါးတွင်ဆက်လက်ဖော်ပြပါမည်…။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)