ဂျပန်ကို တော်လှန်ရင်း
လှော်တက်တစ်ချောင်း ထားရစ်ခဲ့…။
xxx ငါ့အဖေ
အဘိုးထားရစ်ခဲ့တဲ့ လှော်တက်တစ်ချောင်းနဲ့
၇၄-ခု ဦးသန့်အလောင်းလုရာမှာ
အဲဒီလှော်တက် ထားရစ်ခဲ့….။
xxx ငါ…
အဖေ့ရဲ့ လှော်တက်နဲ့
၈၈- မကောင်းဆိုးဝါးညတွေကို
ဖြတ်သန်းရင်း……။
xxx ငါ့သမီးကပြောတယ်
အဖေရေ အဲဒီ ဧရာမလှေကြီးတစ်စင်း
တရွေ့ရွေ့ ရွေ့လျားနိုင်ဖို့
လှော်တက်ပေါင်းများစွာထဲက
အဖေ့ရဲ့ လှော်တက်တစ်ချောင်း
ပင်ပန်းကြီးစွာ လှော်ခတ်နေဆဲ
မောနေရင် အခု ၂၀၀၈-မှာ
သမီးတလှည့် ကူလှော်ပေးမယ်နော်…..တဲ့။
ပေးပို့သူ….ဟေလီ (ရွှေ့ပြောင်းတဦး)
မှတ်ချက်။ ။ ဤကဗျာ ဆရာမ ဟေလီသည် မိမိတို့ မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်ထံသို့ သူမရေးသားထားသော ကဗျာစာအုပ် တအုပ်လုံးကို ပေးပို့ထားလေရာ မိမိတို့မှ အလျဉ်းသင့်သလို ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တာဝန်ခံအယ်ဒီတာ...
Xxx ငါ့အဘိုး
ဂျပန်ကို တော်လှန်ရင်း
လှော်တက်တစ်ချောင်း ထားရစ်ခဲ့…။
xxx ငါ့အဖေ
အဘိုးထားရစ်ခဲ့တဲ့ လှော်တက်တစ်ချောင်းနဲ့
၇၄-ခု ဦးသန့်အလောင်းလုရာမှာ
အဲဒီလှော်တက် ထားရစ်ခဲ့….။
xxx ငါ…
အဖေ့ရဲ့ လှော်တက်နဲ့
၈၈- မကောင်းဆိုးဝါးညတွေကို
ဖြတ်သန်းရင်း……။
xxx ငါ့သမီးကပြောတယ်
အဖေရေ အဲဒီ ဧရာမလှေကြီးတစ်စင်း
တရွေ့ရွေ့ ရွေ့လျားနိုင်ဖို့
လှော်တက်ပေါင်းများစွာထဲက
အဖေ့ရဲ့ လှော်တက်တစ်ချောင်း
ပင်ပန်းကြီးစွာ လှော်ခတ်နေဆဲ
မောနေရင် အခု ၂၀၀၈-မှာ
သမီးတလှည့် ကူလှော်ပေးမယ်နော်…..တဲ့။
ပေးပို့သူ….ဟေလီ (ရွှေ့ပြောင်းတဦး)
မှတ်ချက်။ ။ ဤကဗျာ ဆရာမ ဟေလီသည် မိမိတို့ မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်ထံသို့ သူမရေးသားထားသော ကဗျာစာအုပ် တအုပ်လုံးကို ပေးပို့ထားလေရာ မိမိတို့မှ အလျဉ်းသင့်သလို ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တာဝန်ခံအယ်ဒီတာ...
No comments:
Post a Comment