အဖေ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ပါလီမန်ဒီမိုကရေစီက အလကားပဲ
ရန်ဖြစ်နေတာ နဲ့ ပဲပြီးနေတယ်
သူခိုးတွေလည်းပါတယ်။
သားကြီးလာရင်အဖေ့လို
သစ်တောဝန်ထောက်ဖြစ်အောင်လုပ်...။
xxxx ငါ့အဖေ....
ငါ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ဆိုရှယ်လစ်ဝါဒလည်းကျဆုံးတော့မယ်
၇၄-ခု ဦးသန့် အရေးအခင်းတုန်းက
အဖေရွာပြန်ပြီးတော့ ငါးမျှားနေလိုက်တယ်
သားကြီးလာရင် အဖေ့လိုကုန်သည်မလုပ်နဲ့ 
သင်္ဘောသားဖြစ်အောင်လုပ်.....။
xxxx ငါ......
ငါ သမီးကိုပြောတယ်
သမီး နိုင်ငံရေးနဲ့ ကင်းအောင်နေ
န အ ဖ လည်းအသက်ငင်နေပြီ
၈၈အရေးတော်ပုံမှာ
အဖေရွာပြန်ပြီး ဘုန်းကြီးဝတ်နေတယ်
သမီးကြီးလာရင်
အဖေ့လိုကျောင်းဆရာမလုပ်နဲ့ 
အထူးကုဆရာဝန်မကြီးဖြစ်အောင်လုပ်...
xxxx အဖေ
သမီးနားလည်ပါတယ်
ခေါက်ရိုးကျိုးနေပါပြီ
နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး
ကိုယ်ကြီးပွားဖို့ ပဲကိုယ်သိပါတယ်
သမီးကြီးလာရင်
အလားအလာရှိတဲ့
စစ်ဗိုလ်အမတ်တယောက်ကို
ဖမ်းထိန်းထားလိုက်မယ်....တဲ့ ။ ။
ပေးပို့ သူ......................ဟေလီ(ရွေ့ ပြောင်းတဦး)
မှတ်ချက်.....................ဟေလီ ပေးပို့ ထားသောဟေလီဧ။်အတွေးအမြင်ကဗျာစုများထဲမှသင့်တော်ရာကိုရွေးချယ်ကာ
ဆက်လက်ဖော်ပြသွားပါမည်။ဟေလီကိုလည်းကျေးဇူးတင်ပါသည်။(တာဝန်ခံအယ်ဒီတာ)
xxxx ငါ့အဘိုး
အဖေ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ပါလီမန်ဒီမိုကရေစီက အလကားပဲ
ရန်ဖြစ်နေတာ နဲ့ ပဲပြီးနေတယ်
သူခိုးတွေလည်းပါတယ်။
သားကြီးလာရင်အဖေ့လို
သစ်တောဝန်ထောက်ဖြစ်အောင်လုပ်...။
xxxx ငါ့အဖေ....
ငါ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ဆိုရှယ်လစ်ဝါဒလည်းကျဆုံးတော့မယ်
၇၄-ခု ဦးသန့် အရေးအခင်းတုန်းက
အဖေရွာပြန်ပြီးတော့ ငါးမျှားနေလိုက်တယ်
သားကြီးလာရင် အဖေ့လိုကုန်သည်မလုပ်နဲ့ 
သင်္ဘောသားဖြစ်အောင်လုပ်.....။
xxxx ငါ......
ငါ သမီးကိုပြောတယ်
သမီး နိုင်ငံရေးနဲ့ ကင်းအောင်နေ
န အ ဖ လည်းအသက်ငင်နေပြီ
၈၈အရေးတော်ပုံမှာ
အဖေရွာပြန်ပြီး ဘုန်းကြီးဝတ်နေတယ်
သမီးကြီးလာရင်
အဖေ့လိုကျောင်းဆရာမလုပ်နဲ့ 
အထူးကုဆရာဝန်မကြီးဖြစ်အောင်လုပ်...
xxxx အဖေ
သမီးနားလည်ပါတယ်
ခေါက်ရိုးကျိုးနေပါပြီ
နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး
ကိုယ်ကြီးပွားဖို့ ပဲကိုယ်သိပါတယ်
သမီးကြီးလာရင်
အလားအလာရှိတဲ့
စစ်ဗိုလ်အမတ်တယောက်ကို
ဖမ်းထိန်းထားလိုက်မယ်....တဲ့ ။ ။
ပေးပို့ သူ......................ဟေလီ(ရွေ့ ပြောင်းတဦး)
မှတ်ချက်.....................ဟေလီ ပေးပို့ ထားသောဟေလီဧ။်အတွေးအမြင်ကဗျာစုများထဲမှသင့်တော်ရာကိုရွေးချယ်ကာ
ဆက်လက်ဖော်ပြသွားပါမည်။ဟေလီကိုလည်းကျေးဇူးတင်ပါသည်။(တာဝန်ခံအယ်ဒီတာ)
No comments:
Post a Comment