xxx ချစ်သူက မုန့်တီ
ငံပြာရည် ကိုယ်ထား
ပန်းကန်မှာ အသာဝေ့တယ်
တွေ့ရစေသား.....။
xxx ချစ်သူက နို့ဆီ
ကော်ဖီဆို ကိုယ်ထား
ချိုစုံမှာ မွှေကာနှစ်တယ်
ချစ်ပါရစေသား....။
xxx ချစ်သူက ရမ်(RUM)
ဆိုဒါ အရံကိုယ်ထား
ဖန်ခွက်မှာ ခါခါလောင်းတယ်
ပေါင်းရစေသား.........။
မူလရေးသားသူ........ မောင်မောင်သန်းငွေ(တောချောင်းဦး)
စာကိုး.... ရယ်စရာ မဂ္ဂဇင်း(နိုဝင်ဘာလထုတ်)မှ ဆရာမောင်မောင်သန်းငွေ၏ ဤဟာသကဗျာကို ခွင့်မပန်ပဲ ကူးယူဖော်ပြမိသည့်အတွက် တောင်းပန်အပ်ပါသည်။ ယခုလို ဆက်သွယ်ရန် ခက်ခဲသောအခြေအနေတရပ် အရ ဤစာဖြင့်ပင် ပန်ကြားသည်ဟု သဘောထားပေးပါရန် မေတ္တာရပ်ခံပါသည်။
တာဝန်ခံ အယ်ဒီတာ....
(ဟာဒယ နှလုံး- တခဏပြုံး စာမျက်နှာ....)

No comments:
Post a Comment