ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 6, 2008

နွားနို့ ၊ နို့ မှုန့် နှင့် မယ်လမင်း ဓါတ်

> 6 Nov, 2008
Public Health

ယခုအခါ နို့ မှုန့် တွင် မယ်လမင်းဓါတ် ပါရှိသောကြောင့် ကျန်းမာရေး ထိခိုက်ပြီး ကလေးငယ် အများအပြား ဆီး လမ်းကြောင်းနှင့် အသည်းတွင် ကျောက်တည်ခြင်းနှင့် အခြား ပြင်းထန်ဖျားခြင်းများ ဖြစ်ပွားရကြောင်း သတင်းစာ များတွင် ဖော်ပြကြပါသည်။
မယ်လမင်း သည် သာမန်အားဖြင့် နို့ နှင့် နို့ ထွက်ပစ္စည်းတွင် မဆိုသလောက် မသိရ သလောက်သာ ထုတ်လုပ်မှု အဆင့်ဆင့်တွင် ရောစပ်ပါဝင်လာသော ဓါတ်ပစ္စည်းအဖြစ်တွေ့ ရပါသည်။

အစားအစာများတွင် မယ်လမင်းဓါတ် 2.5 mg/kg နို့ မှုန့် တစ်ကီလိုဂရမ်တွင် မယ်လမင်းဓါတ် 2.5 g ပါရှိပါက ကျန်းမာရေးအတွက် မထိခိုက်နိုင်ဟု ထိုင်းကျန်း မာရေးဌာန အစာနှင့် ဆေးဝါးဌာနမှ ထုတ်ပြန်ထားပါသည်။ ယခု အချို့ သောအစာများ ချောကလက် နို့ မှုန့် များတွင် မယ်လမင်းဓါတ် 34.37 mg/kg ၃၄.၃၇ မီလီဂရမ်ခန့်နို့မှုန့်(မုန့်တစ်ကီလိုဂရမ်တွင် ပါရှိနေသော အစာများစား သောက်ခြင်းဖြင့် ဘေးဥပါဒ်အကြီးအကျယ်ဖြစ်စေပါသည်။
နို့ တွင်သာမာန်အားဖြင့် မယ်လမင်းဓါတ်ပါရှိခြင်း လုံးဝမရှိပါ။ သို့ သော်ထုတ်လုပ်ခြင်းအဆင့်ဆင့်၊ ချက်ပြုတ်ထားသို ခြင်းအဆင့်ဆင့်မှ ရောစပ်ပါဝင်လာခြင်းသာ ဖြစ်နိုင်ပါသည်။ သို့ သော်ယခုအခါ မယ်လမင်းကို နို့ နှင့်နို့ ထွက်ပစ္စည်း များ၊ နို့မှုန့်မျိုးစုံများတွင် အလေးချိန်တိုးအောင်၊ အရောင်အသွေးလှအောင်၊ ပျစ်ခဲမှုရှိအောင်၊ သောက်သုံးသူများ အရ သာရှိအောင် သောက်သုံးမှုကြာရှည်လာပါက ၀ဖြိုးလာခြင်း၊ ခြေလက်တောင့်တင်းပြည့်ဖြိုးလာ၍ ကိုယ်အလေးချိန် တိုးလာခြင်းတို့ ဖြစ်စေပါသည်။
မယ်လမင်းပါသော နို့ ၊ နို့ မှုန့် နှင့် အစားအစာကို စားသုံးမိပါ အစာအိမ်မှ အက်ဆစ်နှင့် အစာချေရည်၊သည်းခြေရည် တို့ က ချေဖျက်သောကြောင့် အနည်းငယ်မျှသော မယ်လမင်းဓါတ်များ သွေးအတွင်း အဟာရဓါတ်များနှင့်အတူ ရောက်ရှိသွားပါသည်။ အသည်းတွင် သိုလှောင်ထားခြင်းနှင့် ခန္ဓာကိုယ်အနှံ့ ကြွက်သား၊ အရိုးများသို့ အခြားအဟာရ ဓါတ်များနှင့် အတူပျံ့ နှံ့ သွားခြင်းများဖြစ်ပေါ်လာပါသည်။ ထို့ နောက် အခြားအဟာရဓါတ်များနည်းတူ ကျောက်ကပ် မှ တဆင့် ဆီးနှင့်အတူ ဆီးအိမ်မှ တဆင့်စွန့် ထုတ်လိုက်ပါသည်။ ထိုမယ်လမင်းများစွာပါသော အစာကိုစားသုံးခြင်း ဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတွင် အစာအဟာရစုပ်ယူမှု ချို့ ယွင်းပျက်ပြားခြင်း (Malabsorption Syndrome) အစာအိမ်ရောဂါ ၊ ၀မ်းပျက်ဝမ်းပျက်ရောဂါများ ဖြစ်နိုင်ပါသည်။
အသည်းကို အခြာအဟာရဓါတ်များနှင့် အတူရောက်ရှိ သိုလှောင်ထားသည့်အခါ အသည်းကြွတ်ခြင်း၊ အသည်း ရောက်ခြင်း၊ အသည်း၏လုပ်ငန်းများ ပျက်ဆီးခြင်းနှင့် သည်းခြေကျောက်တည်ခြင်းများဖြစ်စေပါသည်။
သွေးနှင့်အတူ ခန္ဓာကိုယ်အနှံ့သွားသောအခါ အရေးကြီးသော ဦးဏှောက်၊ အာရုံကြော၊ နှလုံး၊ အဆုတ်နှင့် ကြွက် သား များတွင် အနည်ကျခြင်း၊ စုပုံခြင်းများဖြစ်ပေါ်ပြီး မဖော်ပြနိုင်လောက်သော နောက်ဆက်တွဲဆိုးကျိုးများဖြစ် ပေါ်လာပါ သည်။
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကြောင့် မလိုလားအပ်သော ဆိုးကျိုးမျိုးစုံခံစားရပြီး ကုမရသောနာတာ ရှည်ရောဂါများ Auto immune disease ဖြစ်ပေါ်ခံစားရစေပါသည်။
ခန္ဓာကိုယ်သွေးထဲမှ ကျောက်ကပ်ကတဆင့် အခြားစွန့်ပစ်ပစ္စည်းများနှင့်အတူ ဆီးနှင့်အတူ စွန့်ထုတ်လိုက်သော မယ်လမင်းများက ကျောက်တည်ခြင်းကို ကျောက်ကပ်နှင့် ဆီးအိမ် ဆီးလမ်းကြောင်းတလျှောက် ဖြစ်ပေါ်စေတတ်ပါ သည်။ ခန္ဓာကိုယ်အတွင်းရှိ မယ်လမင်းများမှ မဆိုစလောက်သာ ဆီးနှင့်အတူစွန့် ထုတ်ခြင်းခံရပါသည်။
ကျန်ရှိသော စုပုံလာသော မယ်လမင်းများကြောင့် ၀ဖြိုးလာခြင်း၊ အလေးချိန်တိုးလာခြင်း၊ ကြွက်သားများတင်းလာ ခြင်း တို့ကိုတွေ့ ရပါသည်။ ထို့ကြောင့် အသားတိုးဝက်များ ကြက်များနှင့် ငါးများတွင် အလေးချိန်တိုးရန် အသား ဓါတ်တိုးရန် တိရစ္ဆာန်အစားအစာများတွင် မယ်လမင်းကိုရောစပ်လာကြပါသည်။ ၀က်သား၊ အမဲသား၊ ကြက်သား၊ ကြက်ဥနှင့်ငါးများတွင်ပါမကြုံစဖူး မယ်လမင်းဓါတ်များတိုးတိုးပါလာကြသည်မှာ အဆိပ်အတောက်ဖြစ်ရသည်အထိ ဖြစ်ပါသည်။ ထို့ ကြောင့် တရုတ်မှတင်ပို့ သော ကြက်ဥများတွင် မယ်လမင်းဓါတ်လွန်ကဲ၍ ဟောင်ကောင်မှ မှာယူမှု ရပ်ဆိုင်းခဲ့ရပါသည်။
မယ်လမင်းသည် အစားအစာတွင်ပါဝင်ရသော အဟာရဓါတ်မဟုတ်ပါ။ ထုတ်လုပ်မှုအဆင့်ဆင့်၊ ထားသိုမှုအဆင့် ဆင့်အရ ရောနှောပါလာသောဓါတ်များသာ ဖြစ်ပါသည်။ စက်မှုလုပ်ငန်းသုံး၊ ပန်းကန်ခွက်ယောက်ထုတ်လုပ်မှုသုံး ပစ္စည်းတစ်မျိုးသာဖြစ်ပါသည်။
အစားအစာတွင် အလေးချိန်တိုးအောင် ၊ လှပအောင်၊ သောက်သုံးရာတွင် အရသာရှိအောင် ခန္ဓာကိုယ်အလေးချိန် တိုးအောင်၊ တိရစ္ဆာန်များအလေးချိန်တိုးအောင် တိရစ္ဆာန်အစာတွင်ရောစပ်လာကြပါသည်။
အဟာရတန်ဖိုးလုံးဝမရှိဘဲ ရောဂါဝေဒနာများကို ဖြစ်ပေါ်သေဆုံးစေသော မယ်လမင်းဓါတ်ပါသော နို့နှင့် နို့ထွက် ပစ္စည်း၊ အသား၊ ငါး၊ ဥနှင့် မုန့်မျိုးစုံကိုရှောင်ကျဉ်နိုင်ကြပါစေ။ သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များက မိမိ လူထုအတွက် သတိပေးတား မြစ်ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်လာကြပါသည်။
ဒေါက်တာ ကျော်ဗလ (မယ်တော်ဆေးခန်း)
မှတ်ချက်။ ။ မယ်လမင်းဓါတ်နှင့်ပတ်သက်၍ နိုင်ငံတကာ၌ အထူးသတိထားစောင့်ကြည့်နေကြချိန်တွင် အချိန်အ ခါနှင့် ဆီလျော်သောဆောင်းပါးကိုပေးပို့သည့် ဆရာကျော်ဗလအား မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

6 Nov, 2008

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)