ဂန္တ၀င် ဘောလုံးသမားကြီး ပီလီ( ဘရာဇီး) နဲ့ အတူ ၂၀ ရာစု အကောင်းဆုံး ဘောလုံးသမား အဖြစ် ပူးတွဲ သတ်မှတ်ခြင်းခံထားရသူ ကမ္ဘာကျော် မာရာဒိုနာ ဟာ မနေ့ တနေ့ ကပဲ အာဂျင်တီးနား နည်းပြသစ် အဖြစ် စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်လိုက်ပါပြီ။ သူဟာ ၁၉၈၆ ခုနှစ် မက္ကဆီကို ကမ္ဘာ့ ဖလားမှာ အာဂျင်တီးနား အသင်းကို ချန်ပီယံ ဖြစ်အောင် ပို့ ဆောင်ပေးနိုင်ရုံ မက ၁၉၈၃ ခုနှစ်က ဖောင်ကလန် ကျွန်းစစ်ပွဲ တုန်းက စစ်ရှုံးခဲ့ရတဲ့ အာဂျင်တီးနားနိုင်ငံကို အဲဒီကမ္ဘာ့ ဖလား ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ခုမှာ တွေ့ ခဲ့ တဲ့ ရန်သူ ဟောင်း အင်္ဂလန် နိုင်ငံကို အကောင်းဆုံး လက်စားချေနိုင်ခဲ့ပါတယ်။ မာရာဒိုနာဟာ အင်္ဂလန်ကို စစ်ပွဲမှာ ရှုံး လို့  အားမလို အားမရ ဖြစ်နေတဲ့ အာဂျင်တီးနားအတွက် (ဘုရား ပေးသောလက်နဲ့  ဘုရားပေးသောဂိုးကို) သွင်းပေးခဲ့တယ်လေ .. ..။
5Nov,2008
အဲဒီ့ နောက်တော့ အီတလီ စီးရီးအေ ကလပ်အသင်းဖြစ်တဲ့ နာပိုလီ အသင်းကို အီတလီ ချန်ပီယံဖြစ်အောင် သူစွမ်းဆောင်ပါလေရောလား။ဒါတင် ဘယ်ကမလဲ … … ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရိုရယ်၊ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်ဇ်တို့ လို လက်ဝဲ ခေါင်းဆောင်တွေနဲ့  လည်းအလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ ဖြစ်သတဲ့ဗျာ.. …။ ဒါပေမယ့်လည်း ဘောလုံးလူတော်ကြီး မာရာဒိုနာဟာ မူးယစ်ဆေးဝါးကိုတော့ မရှောင်နိုင်ဘဲ ရှိသလို အပြောချိုတဲ့ အီတလီသူ စပိန်သူ အာဂျင်တီးနားသူ တွေကိုလည်း မတိမ်းနိုင်ဘဲ ရှိခဲ့သတဲ့… (မိတ်ဆွေ ခင်ဗျားသာ မာရာဒိုနာနေရာမှာဆိုရင် ကောဗျာ)
မာရာဒိုနာဟာ ၁၉၉၄ ခုနှစ်မှာ အာဂျင်တီးနား ကလပ်(ဒီပို့ တီဗို မန်ဒီယူ )ကို၂လ၊ ၁၉၉၅ခုနှစ်မှာ အာဂျင်တီးနားကလပ် (ရေးဆင်း)ကို၎လသာ နည်းပြဖူးတဲ့ အတွေ့ အကြုံရှိပါတယ်။ အဲဒီလို အားနည်းချက် တွေကို သိရှိတဲ့ အာဂျင်တီးနား ဘောလုံးအဖွဲ့ ချူပ်က နည်းပြသစ် မာရာဒိုနာ အတွက် သူနဲ့ အတူ ၁၉၈၆ ခုနှစ် ကမ္ဘာ့ ဖလားရယူခဲ့တဲ့ နည်းပြဟောင်း ကားလို့ စ်ဘီလာဒိုရယ် ၊၁၉၈၆ ကစားသမားဟောင်း နှစ်ယောက်ရယ်ကို နည်းစနစ် ဒါရိုက်တာ အဖွဲ့ အနေနဲ့ သိုင်းဝိုင်း ၀န်းရံစေမှာဖြစ်ပါသတဲ့။
မင်္ဂလာပါ မာရာဒိုနာ ခင်ဗျား … … …
(မြန်မာပြည်သား ဘလော့ဂ်)
Summary

No comments:
Post a Comment