ရင်အနင့်ခံပြီး
အပင်အမြင့်မှာ မစံချင်ပါနဲ့ကွယ်…
အိမ်ဖော် အလုပ်ကနေ
အိပ်ဖော် အလုပ်ပြောင်းရွှေ့ပြီး
အဟုတ်ကြီး ဟုတ်တယ် သဘောခွေ့
မနောတွေ မွေ့ပေမယ့်
လက်တွေ့တော့ အပျော်ဟာ အပျော်ပါပဲကွယ်…
မျက်ရည် အသေး
မျက်ရည် အကြီးတွေနဲ့
မင်းဘယ်လို ခရီးဆက်မှာလဲ…
အို….. မြက်ဖျားနှင်းလေးရယ်
မြက်ဖျားမှာကျတဲ့နှင်းလို
မင်းဘ၀ကို သနားလှပါဘိကွယ်…
အခု ဘ၀ထက်
တိုးတက်သာယာပါစေကွယ်….
အခု အကျထက်
ထိုးထွက် အောင်မြင်ပါစေကွယ်…
ပေးပို့သူ….စိန်သစ် (စိုက်ပျိုးရေးလုပ်သမားတဦး ဖုတ်ဖရမြို့နယ်)
(8 Nov, 2008)
ရင်အနင့်ခံပြီး
အပင်အမြင့်မှာ မစံချင်ပါနဲ့ကွယ်…
အိမ်ဖော် အလုပ်ကနေ
အိပ်ဖော် အလုပ်ပြောင်းရွှေ့ပြီး
အဟုတ်ကြီး ဟုတ်တယ် သဘောခွေ့
မနောတွေ မွေ့ပေမယ့်
လက်တွေ့တော့ အပျော်ဟာ အပျော်ပါပဲကွယ်…
မျက်ရည် အသေး
မျက်ရည် အကြီးတွေနဲ့
မင်းဘယ်လို ခရီးဆက်မှာလဲ…
အို….. မြက်ဖျားနှင်းလေးရယ်
မြက်ဖျားမှာကျတဲ့နှင်းလို
မင်းဘ၀ကို သနားလှပါဘိကွယ်…
အခု ဘ၀ထက်
တိုးတက်သာယာပါစေကွယ်….
အခု အကျထက်
ထိုးထွက် အောင်မြင်ပါစေကွယ်…
ပေးပို့သူ….စိန်သစ် (စိုက်ပျိုးရေးလုပ်သမားတဦး ဖုတ်ဖရမြို့နယ်)
No comments:
Post a Comment